CHAPTER 10 - The Adulterer Sees Adultery

10.5K 1.9K 129
                                    

Unicode

ဒါရိုက်တာရန်ကဖွင့်ပွဲအခမ်းအနားကို ​​ဗျောက်အိုးဖောက်ပီး စတင်ကျင်းပတယ်။

နေ့လည်စာစားဖို့နားတဲ့အချိန်မှာတော့ စုန့်ရီကပထမဆုံးအကြိမ်အဖြစ်ဇာတ်လိုက်မင်းသမီးကိုဝမ်ဆူးယာကိုတွေ့လိုက်တယ်။ သူမက ဖီဖတစ်လက်ကိုကိုင်ထားပီး ကျောပြောင်ဂါဝန်အနီတစ်ထည်ကိုဝတ်ဆင်ထားတယ်။ သူမကTV မှာမြင်ရတာထက်ပိုလှတယ်။

ဝမ်ဆူးယာက လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ပူတင်းတွေကို သရုပ်ဆောင်တွေကိုတစ်ယောက်ပီးတစ်ယောက်လိုက်ဝေပေးနေပေမဲ့ လူတိုင်းကဝမ်ဆူးယာရဲ့'Queen of Hype' ဆိုတဲ့နာမည်ကိုကြောက်ကြတယ်။ သူတို့ဝေးနိုင်သမျှဝေးဝေးပြေးချင်နေတာက ဝမ်ဆူးယာရဲ့အလှမှာကပ်ညိမိမှာကိုကြောက်နေကြတာ။

စုန့်ရီ သူမရဲ့ဝမ်းနည်းနေတဲ့ မျက်နှာအမူအရာလေးကိုမြင်တော့ သူမကသနားစရာကောင်မလေးမှန်းနားလည်လိုက်တယ်။ agency ကသူ့အမအတွက်တည်တည်​ငြိမ်ငြိမ်နဲ့တာဝန်ယူပေးမယ်ဆိုရင် သရုပ်ဆောင် ကိုယ်တိုင်ကလုပ်စရာနည်းနည်းလေးမှရှိမှာမဟုတ်ဘူး။

စုန့်ရီကိုကမ်းပေးတော့ ဝမ်ဆူးယာကမျက်တောင်လေးကိုအကြိမ်အနည်းငယ်လောက်ပုတ်ခတ်ပုတ်ခတ်လုပ်ပီး ဆွဲဆောင်မှုရှိရှိပြုံးလိုက်တယ် "နောက်ပိုင်းမှာ ဂရုစိုက်ပေးပါအုံး"

"မင်းကယဥ်ကျေးနေပြန်ပါပီ" စုန့်ရီကပူတင်းပူပူလေးကိုယူပီး သိမ်မွေ့တဲ့အပြုံးလေးနဲ့မေးလိုက်တယ် "ဒါကိုမင်းကိုယ်တိုင်လုပ်ထားတာလား?"

ဝမ်ဆူးယာကခါးလေးကိုင်းပီး ပူတင်းပေါ်ကစတော်ဘယ်ရီသီးလေးတွေကိုညွှန်ပြတယ် "ဟုတ်တယ် ကျွန်မကဒီလိုအရာလေးတွေလုက်ရတာသဘောကျတယ်"

"ကျွန်တော်လွန်ခဲ့တဲ့လတွေတုန်းကကောင်းတာတွေလုပ်ခဲ့လိုထင်တယ် မိန်းမလှလေးလုပ်ပေးတဲ့ အချိုပွဲစားရတယ်" စုန့်ရီကရိုးရိုးသားသားပဲပြောလိုက်တယ်။

ဝမ်ဆူးယာကအားတက်သွားပီး ပွင့်ပွင့်လင်းလင်းပြုံးလာတယ် "ရှင်ကြိုက်မကြိုက်စမ်းစား​ကြည့်ပေးပါအုံး!"

စုန့်ရီကဝမ်ဆူးယာရဲ့မျှော်လင့်နေတဲ့အကြည့်အောက်မှာ ပူတင်းလေးကိုယူပီး သိမ်သိမ်မွေ့မွေ့နဲ့နည်းနည်းလေးစားလိုက်တယ် "အရသာရှိတယ် မင်းလက်ရာကအရမ်းကောင်းတာပဲ"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now