Part - 1

2.2K 129 13
                                    

(Zawgyi)

ကျယ်ဝန်းတဲ့ခြံဝန်းကျယ်ကြီးနဲ့အိမ်ရှေ့သို့ ကားနက်တစ်စီးထိုးစိုက်လာတယ်...။ မရှေးမနှောင်းမှာပင် ကားနောက်ခန်းတံခါးကိုဖွင့်ကာ ဆင်းလာတဲ့ ကောင်ချောလေးတစ်ယောက်...။

"ဝါး... လှလိုက်တဲ့အိမ်ကြီး... ခြံကလည်းအကျယ်ကြီးပဲ.. Taetae လေးကြိုက်တဲ့ စတော်ဘယ်ရီပင်တွေလည်းရှိတယ်"

ဝမ်းသာအားရရေရွတ်ရင်း ခြံထဲမှာပတ်ပြေးနေတဲ့ကောင်လေးကို ကားရှေ့ခန်းထဲကနေ ထွက်လာတဲ့ နောက်ထပ်ကောင်ချောလေးက ချစ်မြတ်နိုးတဲ့အကြည့်တွေနဲ့ ငေးကြည့်ရင်းပြုံးနေခဲ့တယ်...။

"Jin Hyung... ကားကိုဒီမှာပဲရပ်ထားကြမလား"

မောင်းသူနေရာမှာထိုင်နေတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်က မေးလာတာကြောင့် သူကားထဲကိုပြန်ငုံ့ကြည့်လိုက်တယ်...။

"လောလောဆယ် အထုတ်တွေအရင်ချကြမယ်လေ... ပြီးရင်မင်းက ကားကို ဂိုထောင်ထဲသွားသွင်းပေါ့... ငါနဲ့ Taetae က အထုတ်တွေအိမ်ပေါ်တင်မယ်"

"အိုကေ Hyung"

မောင်းသူနေရာကကောင်လေးသည်လည်း ကားထဲကနေထွက်လာကာ နောက်ဖုံးကိုဖွင့်ပြီး အထုတ်တွေကို ကူထုတ်ပေးနေတယ်...။ သူတို့၂ယောက်အလုပ်ရှုပ်နေသလောက် အငယ်လေးကတော့ ခြံထဲမှာလိပ်ပြာဖမ်းတမ်း ကစားနေတုန်းပင်...။

"Taetae လေးရေ လာတော့... အိမ်ထဲဝင်ကြမယ်"

ကားလေးက ဂိုထောင်ဆီမောင်းထွက်သွားသလို ကျန်နေရစ်ခဲ့တဲ့ အစ်ကိုအကြီးဆုံးကတော့ အငယ်လေးကို လှမ်းခေါ်လိုက်ကာ အိမ်ထဲဝင်ဖို့စိတ်လောနေခဲ့တယ်...။ သူတို့ငယ်ငယ်တုန်းက တစ်ခေါက်သာရောက်ခဲ့ဖူးတဲ့ ထိုအိမ်ကြီးကို အခုတစ်ခါပြန်ခြေချရတော့ စိတ်လှုပ်ရှားမိတာတော့အမှန်ပင်...။

အရင်ကတော့ လူမနေတဲ့ထိုအိမ်ကြီးနဲ့ ခြံဝန်းကျယ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အလုပ်သမားထားခဲ့ပေမယ့် အခုသူတို့ပြန်လာနေမှာမို့ အလုပ်သမားတွေက ထွက်သွားကြလေပြီ...။ ကျယ်ဝန်းတဲ့အိမ်ကြီးနဲ့ ခြံဝန်းကြီးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့က အစ်ကိုအကြီးဆုံးဖြစ်တဲ့ သူ့တာဝန်သာ...။

Keep it between us (Completed) Where stories live. Discover now