Part - 6 (Final)

1.5K 145 23
                                    

(Zawgyi)

အခုဆိုရင် သူတို့ညီအစ်ကိုတွေအားလုံး တစ်အိမ်တည်းမှာအတူတူနေကြပြီ ဖြစ်ပါသော်လည်း အရင်လို စားလိုက် အိပ်လိုက် ဆော့လိုက် လုပ်လို့မရတော့ပေ...။ ဘာလို့လဲဆိုတော့ သူတို့မှာအလုပ်ကိုယ်စီရှိနေကြပြီလေ...။

Jin က သူ့အဖေရဲ့ကုမ္မဏီမှာ အလုပ်ဝင်လုပ်နေရပြီမို့ အရင်လိုတစ်အိမ်လုံးစားဖို့ ဟင်းမချက်ပေးနိုင်တော့ပေ...။ အဲဒီ့အစား အလုပ်မသွားခင်တော့ သူတို့အားလုံးအတွက် မနက်စာပြင်ပေးသွားတယ်...။ Joon ကလည်း Jin နဲ့အတူတူ အလုပ်ဝင်ရတာမို့ မနက်ဆိုရင် သူတို့၂ယောက်က အတူတူပင်အိမ်က ထွက်နေကျပင်...။

Yoongi ကလည်း ကိုယ်ပိုင်စတူဒီယိုဖွင့်လိုက်ပြီဖြစ်သလို ထိုစတူဒီယိုမှာ Hoseok ကပါ အတူတူဝင်လုပ်နေတယ်...။ အကဝါသနာပါတဲ့ Hoseok က Yoongi ရဲ့စတူဒီယိုမှာပင် ရှယ်ယာထပ်ဝင်ထားပြီး dance studio သက်သက်ခွဲဖွင့်ထားတယ်...။ စစချင်းကတော့ လူသိပ်မသိသေးတာကြောင့် ၂ယောက်သား တော်တော်လေးရုန်းကန်နေရသော်လည်း နောက်ပိုင်းကျတော့ အဆင်ပြေလာတယ်...။

Hoseok ကိုယ်တိုင် ဖန်တီးထားတဲ့ ဆန်းပြားတဲ့ကကွက်တွေကြောင့် သူ့ရဲ့အချိန်ပိုင်းအကသင်တန်းမှာ စာရင်းလာပေးထားတဲ့သူတွေဆိုတာ မနည်းမနောပင်...။ Yoongi ရဲ့သီချင်းတွေကလည်း Jimin သီဆိုပေးမှုကြောင့် အင်တာနက်မှာနာမည်ကြီးလာရာကနေ ခုဆိုရင် သီချင်းလာအပ်တဲ့သူတွေက အများအပြားပင်...။ Jimin ကိုလည်း စီးရီးထုတ်ပေးမယ်ဆိုပြီး လာကမ်းလှမ်းကြတဲ့သူတွေ ရှိနေပေမယ့် Jimin ကတော့ Yoongi နားမှာပင် တွယ်ကပ်နေတုန်းပင်...။

"Min လေး... တကယ်ဆိုရင် မင်းအဆိုတော်အဖြစ် Debut သင့်ပြီထင်တယ်... မင်းရဲ့အိမ်မက်ကလည်း အဆိုတော်ဖြစ်ဖို့ပဲ မဟုတ်ဘူးလား...??"

ကြာလာတော့ Yoongi ကိုယ်တိုင်လည်း Jimin ကို အားမလိုအားမရစွာနဲ့ ပြောလာတယ်...။ ထိုအခါ Jimin က ခပ်ပြုံးပြုံးလေးနဲ့ ပြန်အဖြေပေးလာတယ်...။

"Hyung ကိုယ်တိုင် Min ကို Debut ပေးလေ... Min သူစိမ်းတွေနဲ့အလုပ်တွဲမလုပ်ချင်ဘူး... Hyung က PD ပဲဟာ... Hyung လုပ်ပေးရင်ရတာပဲ"

"ဒါပေမဲ့ Hyung တို့ရဲ့စတူဒီယိုက သေးသေးလေးလေ... ပြီးတော့အခုမှ ကြိုးစားနေဆဲဆိုတော့...."

Keep it between us (Completed) Onde histórias criam vida. Descubra agora