Part - 2

1K 110 2
                                    

(Zawgyi)

ညက ကောင်းကောင်းအိပ်မပျော်တဲ့အတူတူ Jin လည်း မနက်စောစောပဲထကာ တစ်အိမ်လုံးစားဖို့် မနက်စာပြင်လိုက်တယ်...။ အစားအသောက်ကိုစိတ်ဝင်စားသူပီပီ ကိုယ်တိုင်လည်းအချက်အပြုတ်ဝါသနာပါသူမို့ မီးဖိုချောင်ကိစ္စတွေက Jin နဲ့သိပ်စိမ်းသက်မနေပါ...။

ဘယ်သူက ဘာကြိုက်တတ်လဲမသိပေမယ့် ယောင်္ကျားလေးတွေချည်းမို့ ဝဝလင်လင်စားရရန်အလို့ငှာ ကင်ချီလ်ထမင်းကြော်ကိုသာ လုပ်လိုက်တော့တယ်...။ ပြီးတော့မှ သူတို့ကြိုက်နှစ်သက်ရာ ကော်ဖီဖြစ်ဖြစ် နွားနို့်ဖြစ်ဖြစ်လုပ်ပေးလိုက်မယ်...။ နောက်ရက်တွေလည်း ဒီမှာပဲချက်ပြုတ်စားမှာမို့ ဘယ်သူဘာကြိုက်တတ်လဲဆိုတာတော့ မေးမြန်းထားရဦးမယ်...။

ချက်ပြုတ်ပြီးတော့ ထမင်းစားပွဲရှည်ကြီးမှာ ပန်းကန်တွေကိုအဆင်သင့် နေရာချပေးထားလိုက်တယ်...။ အဘိုးတို့်နေခဲ့တုန်းကတည်းက မိသားစုသိုက်သိုက်ဝန်းဝန်း စားနေကြမို့ထင်တယ် ခုံနေရာတွေက လူ၈ယောက်စာအတိပင်...။ သားသမီး၆ယောက်က မျက်နှာချင်းဆိုင်ထိုင်ကြပြီး ထိပ်၂ဖက်မှာတော့ အဘိုးနဲ့အဘွားထိုင်တာ ဖြစ်ပါလိမ့်မယ်...။

ထို့ကြောင့် Jin လည်း သူကိုယ်တိုင်ကတော့ အဘိုးထိုင်ခဲ့တဲ့နေရာမှာ နေရာယူလိုက်ပြီး အငယ်၆ယောက်ကိုတော့ မျက်နှာချင်းဆိုင်ခုံလေးတွေမှာ နေရာချပေးလိုက်တယ်...။ အားလုံးပြင်ဆင်ပြီးသွားတော့ ကိုယ့်ကိုကိုယ်ကျေနပ်သွားသလို ပြုံးလိုက်မိသေးတယ်...။ ခုဆိုရင်သူက ကလေး၆ယောက်ရဲ့ အုပ်ထိန်းသူအနေနဲ့ ဖြစ်နေပြီကိုး...။

ကြာကြာကြည်နူးနေဖို့အချိန်မအားသေး... ထမင်းကြော်တွေမအေးခင်မှာ ကလေးတွေစားနိုင်ဖို့အတွက် သူတို့ရဲ့အခန်းတွေဆီသွားကာ နှိုးရတော့တယ်...။ အရင်ကတည်းက တစ်အိမ်တည်းအတူနေတဲ့ Joon နဲ့ Taetae ကတော့ နှိုးရတာအခက်အခဲမရှိပါ...။ Joon ကလည်း ချက်ချင်းထကာ ရေချိုးခန်းထဲဝင်သွားသလို Taetae ကလည်း အိပ်ချင်မူးတူးနဲ့ ငုတ်တုပ်လေးထထိုင်တယ်...။ ညက တစ်ခန်းတည်းလာအိပ်တဲ့ Hoseok ကလည်း နှိုးရတာမခက်ပါ...။

"အမြန်လေးလုပ်ကြနော်... ထမင်းကြော်တွေအေးကုန်တော့မယ်... Hyung က တခြားညီအစ်ကိုတွေကို သွားနှိုးလိုက်ဦးမယ်"

Keep it between us (Completed) Where stories live. Discover now