Part - 3

978 105 0
                                    

(Zawgyi)

နောက်တစ်နေ့မနက်စာစားပြီးချိန်မှ ပြန်လာတဲ့ Jungkook ကို ၂ယောက်တည်း သီးသန့်စကားပြောဖို့အတွက် Jin ခေါ်လိုက်တယ်...။ သူကတော့ ဘာအပြစ်မှမလုပ်ထားတဲ့သူလို ခပ်အေးအေးသာ...။

"ညက ဘာလို့ပြန်လာမအိပ်တာလဲ Jungkook... Hyung တို့ဘယ်လောက်စိတ်ပူနေရလဲ... အဘွားဆီဖုန်းဆက်မေးရင်လည်း သက်သက်မဲ့စိတ်ပူမှာစိုးလို့ မမေးရဘူး... မင်းတစ်ခုခုဖြစ်ရင် Hyung ခေါင်းပေါ်ပဲ အပြစ်ပုံကျမှာသိရဲ့လား... နောက်ဆို ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာပြောသွား... အိမ်ပြန်နောက်ကျမယ်ဆို Hyung ဆီဖုန်းဆက်... မင်းရဲ့ဖုန်းနံပါတ်လည်း Hyung ဆီပေးထားဦး"

Jin ရဲ့ရှည်လျားတဲ့ ဆုံးမစကားအပြီးမှာ တချိန်လုံးငြိမ်နားထောင်နေတဲ့ Jungkook ပြန်ပြောလာတာက ခပ်တိုတိုပြတ်ပြတ် စကားတစ်ခွန်းတည်းသာ...။

"ကျွန်တော် ကလေးမဟုတ်တော့ဘူး"

Jin အနည်းငယ်တော့ စိတ်ပျက်လက်ပျက်ဖြစ်သွားမိတယ်...။ တကယ်ဆိုသူက အကြီးဆုံးဖြစ်ပေမယ့်လည်း အငယ်တွေကိုနားဝင်အောင် ဘယ်လိုဆုံးမရမလဲဆိုတာ သေချာသိပ်မသိပါ...။ Joon နဲ့ Taetae ကလည်း ပြောရဆိုရမခက်တာကြောင့်လည်း ပါမှာပေါ့လေ...။

"မဟုတ်သေးဘူးလေ... Hyung ဆိုလိုတာက...."

"ကျွန်တော်နားချင်ပြီ"

အတင်းအကြပ်လည်း ပြောမနေချင်တော့တာကြောင့် Jin လည်းခေါင်းသာညိတ်ပြလိုက်တော့တယ်...။ တကယ်တော့ သူကိုယ်တိုင်လည်း Jungkook ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိသောကြောင့်ပင်...။

"Jungkook က ဘာတဲ့လဲ Hyung...??"

ဧည့်ခန်းထဲပြန်ရောက်တော့ Joon က လှမ်းမေးလာပြန်တယ်...။ Jin လည်း သက်ပြင်းချရင်းသာ ခေါင်းခါပြလိုက်တယ်...။ Jungkook ထက်စာရင် Yoongi ကမှ စကားပြောတာ အနည်းငယ်ဘုကလန့်နိုင်ပေမယ့် ပြောလို့ဆိုလို့နားဝင်သေးတယ်...။

"Hyung နေ့လည်စာသွားချက်လိုက်ဦးမယ်"

"ကျွန်တော်လည်းကူပေးမယ်လေ"

Joon နဲ့အတူ Hoseok ကပါ ဝိုင်းကူပေးတာကြောင့် Jin အတွက်အဆင်ပြေသွားတယ်...။ Taetae နဲ့ Jimin က ဧည့်ခန်းထဲမှာ ဂိမ်းထိုင်ဆော့နေကြသလို Yoongi ကလည်း ထုံးစံအတိုင်း အခန်းအောင်းနေပြန်တယ်...။ Jimin ရဲ့ပြောပြချက်အရ Yoongi ရဲ့ဝါသနာကိုသိနေတာမို့ Jin လည်း မနှောက်ယှက်ဘဲ လွှတ်ထားလိုက်တယ်...။ အလုပ်လည်းတအားများတာမှ မဟုတ်ဘဲ...။

Keep it between us (Completed) Where stories live. Discover now