Part - 4

998 108 2
                                    

(Zawgyi)

"ဘယ်လို Jungkook ထွက်သွားပြန်ပြီဟုတ်လား...??"

Jin ရဲ့အမေးအဆုံးမှာ Hoseok က မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြတယ်...။ ညတုန်းက Jungkook ကိုအဖျားတိုင်းကြည့်တော့ တော်တော်လေးသက်သာနေပြီမို့ သူလည်းစိတ်ချလက်ချနဲ့ အိပ်ပျော်သွားခဲ့တယ်လေ...။ အခုမနက်နိုးလာတော့ သူ့ဘေးမှာ Jungkook မရှိတော့ပေ...။ တအိမ်လုံးပတ်ရှာတော့လည်း မတွေ့တော့တာကြောင့် Jin ကို ပြောပြလိုက်ရတော့တယ်...။

"ကျွန်တော်လည်း အစကတော့ ဗိုက်ဆာနေလို့ တစ်ခုခုဆင်းစားတာလားလို့ တွေးနေမိသေးတာ... အခုတစ်အိမ်လုံးပတ်ရှာတာ မတွေ့လို့"

"ဟူး... ဒီကလေးကတော့လေ"

Jin စိတ်ညစ်ညူးစွာနဲ့ ဆံပင်တွေကိုထိုးဖွနေမိတယ်...။ သူတကယ်မသိတော့ပါ...။ သူဘယ်လိုလုပ်မှ Jungkook နဲ့အဆင်ပြေပြေနေနိုင်မှာလဲ...။

"တောင်းပန်ပါတယ် Jin Hyung... ကျွန်တော် သေချာဂရုမစိုက်မိလို့..."

"အာ...မဟုတ်တာပဲ Hobi ရယ်... မင်းရဲ့အပြစ်မှမဟုတ်တာ"

စိတ်ထားနူးညံ့လွန်းတဲ့ Hoseok ဟာ အခုလည်းသူ့အပြစ်လို့ထင်နေတာကြောင့် Jin လည်း ပျာပျာသလဲငြင်းရင်း အသာအယာပွေ့ဖက်ကာ ချော့လိုက်ရတယ်...။

"ကဲပါ ထားတော့ Hyung တို့မနက်စာစားရအောင်"

ဒီလိုနဲ့သူတို့လည်း Jungkook မပါဘဲ မနက်စာစားလိုက်ရတော့တယ်...။ တခြားညီအစ်ကိုတွေကလည်း အခြေအနေအရပ်ရပ်ကို သုံးသပ်မိတာကြောင့် မျက်နှာသိပ်မကောင်းကြပေ...။ Yoongi တစ်ယောက်သာ သူနဲ့မဆိုင်သလို ခပ်အေးအေးဖြစ်နေတယ်...။ ဒါကလည်း သူ့အပြစ်တော့မဆိုသာ...။ သူ့ပင်ကိုစရိုက်ကိုက အေးတိအေးစက်နေတတ်တာမလား...။

"Hyung... Taetae ဒီနေ့ အမဲသားသုတ်လေး စားချင်လို့... လုပ်ပေးပါလားဟင်"

"အမဲသားမဝယ်ထားမိဘူး Taetae ရဲ့"

Jin ရဲ့အဖြေကြောင့် Taetae လေးက စိတ်ကောက်သွားဟန်နဲ့ ဟွန့်ခနဲအသံပြုတယ်...။ ဒါကလည်း ခဏပါ...။ ပြီးရင်အဆင်ပြေသွားမှာပဲကို...။ Taetae လေးက စိတ်ကောက်လွယ်သလို စိတ်ပြေတာလည်းမြန်ပါတယ်...။ သူတို့နေတဲ့အိမ်နဲ့ ဈေးနဲ့က အတန်ငယ်အလှမ်းဝေးတာကြောင့် Jin က တစ်ပတ်စာအတွက် ဟင်းလျာတွေကို ကြိုဝယ်ထားရတယ်လေ...။

Keep it between us (Completed) Where stories live. Discover now