CHAPTER 11 - We can be friends

10.3K 1.9K 50
                                    

Unicode

စုန့်ရီမှာ ရုပ်ရှင်လုပ်ငန်းမှာအောင်မြင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူကသွက်လတ်ထက်မြက်ပီး လုံ့လဝီရိယရှိတယ်။ ဒါပေမဲ့လဲ သူကမကာအိုကို တခြားသူငယ်ချင်းတစ်ယောက်နဲ့သွားခဲ့တယ်။ သူပြန်လာ​တော့ သူကငွေတွေအများကြီးချေးပီး နေရာတိုင်းမှာလောင်းကစားလုပ်တော့တာပဲ။ နောက်ပိုင်းကျ အကြွေးရှင်တွေကသူ့ကိုရိုက်ကွင်းမှာ သူ့လူတွေနဲ့ဝိုင်းဝန်းပိတ်ဆို့ပီး ရိုက်တာမသေတာကံကောင်း။

စုန့်ရီနဲ့ကုရှင်ချွမ်းရဲ့ဆက်ဆံရေးက မာရေကျောရေရှိတယ်ဆိုပေမဲ့လဲ အနည်းဆုံးတော့ သူတို့ကအထက်တန်းအ​တန်းဖော်တွေလေ။ ဒါကြောင့်မို့ စုန့်ရီကကုရှင်ချွမ်း အကြွေးနွံထဲနစ်သွားမှာကို ကြည့်မနေနိုင်ဘူး။

ရေချိုးပီးတော့ ကုရှင်ချွမ်းကခပ်လျော့လျော့ ညဝတ်အင်္ကျီဝတ်ထားပီး ခါးစည်းကိုဖြစ်သလိုပေါ့ပေါ့ပါးပါးပဲစည်းထားတယ်။ သူရဲ့လည်ပင်းကအကျယ်ကြီးပွင့်နေပီး အလွန်လှပတဲ့ခါးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုဖော်ပြနေတယ်။ သူကစုန့်ရီနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပီး ​ခြေထောက်တွေကိုချိတ်ထားတယ်။

စုန့်ရီမျက်စိတွေတောင်ကန်းတော့မလိုပဲ။ သူခေါင်းလှည့်လိုက်ပီး အရှက်​ပြေဖို့ချောင်းဟန့်လိုက်တယ် "ငါမင်းကိုငါတို့ဆက်ဆံရေးအကြောင်းပြောချင်လို့"

"ဟမ်?" ကုရှင်ချွမ်းကဆံပင်ကိုဖြစ်သလိုသုတ်ရင်းပြောလာတယ် "ငါတို့ရဲ့ဆက်ဆံရေးကဘာလဲ?"

စုန့်ရီကတိတ်တိတ်လေးကပြုံးပီး အလေးအနက်ပြောလာတယ် "မင်းနဲ့ငါနဲ့က အ​တန်းဖော်တွေ ပီးတော့လုပ်ဖော်ကိုင်ဖက်တွေလေ ရှန်းလီမရှိရင်ငါတို့ကသူငယ်ချင်း​တွေဖြစ်နိုင်တယ်လို့ငါထင်တယ်"

ကုရှင်ချွမ်းကသူ့ကိုစက္ကန့်အနည်းငယ်လောက်စိုက်ကြည့်ပီး သူ့ရင်ဘတ်ကိုသူလက်ညှိုးထိုးပြတယ် "မင်းကငါနဲ့သူငယ်ချင်းဖြစ်ချင်တာလား?"

စုန့်ရီကချက်ချင်းရိုးသားရဲ့အမူအယာလေးဆင်မြန်းလိုက်ရင်း လုံးဝစာနာတတ်တဲ့ပုံစံမျိုးပြောလာတယ် "ရှင်ချွမ်း အတန်းဖော်တွေအနေနဲ့ ငါတို့ကတစ်ယောက်ရဲ့အပြုအမူကိုတစ်ယောက်နားလည်တယ် ငါတို့နှစ်ယောက်ကြားမှာနားလည်မှုလွဲတာတွေရှိပေမဲ့ ဖြေရှင်းဖို့မဖြစ်နိုင်တဲ့အထင်လွဲမှုတွေမှမဟုတ်တာ ငါတို့ကပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံလိုက်ရင်ရပီလေကွာ"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now