CHAPTER 12 - A dying appointment

10.2K 1.8K 182
                                    

Unicode

စုန့်ရီမျက်လုံးတွေကတောက်ပသွားပီး ပျော်ရွှင်စွာသမ်းဝေလိုက်တယ်။

ဒီအသိုင်းအဝိုင်းထဲမှာ စုန့်ရီမှာသူငယ်ချင်းအများအပြားရှိတယ်။ သူကအဲ့ဒီသူငယ်ချင်းတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ သူကသည်းခံပီးအလိုက်အထိုက်ဆက်ဆံတတ်တယ်။ သူကသူငယ်ချင်းတွေအတွက်ဆို ခံစားချက်တွေရဲ့အတိုင်ပင်ခံ ဘဝရဲ့နည်းပြတစ်ယောက်လိုပြူမူပေးတယ်။

သူငယ်ချင်းတွေကစုန့်ရီကိုအရမ်းသဘောကျတယ်။ စုန့်ရီရဲ့ဂရုစိုက်မူတွေ လေပြေလေးနဲ့တူတဲ့စုန့်ရီရဲ့တည်ရှိမှုတွေကိုသူတို့သဘောကျကြတယ်။

ဂရုစိုက်ပေးတာတွေ ထည့်သွင်းစဥ်းစားပေးတာတွေပဲဖြစ်ဖြစ်လေပြေလေးနဲ့တူတာပဲဖြစ်ဖြစ် အာရုံစိုက်ရတာတွေအင်အားသုံးရတာတွေလိုအပ်တယ်။

လူအနည်းငယ်ကပဲစုန့်ရီရဲ့ဂရုစိုက်မှုတွေကိုအတွေးအမြင်တွေကိုတစ်လှည့်ပြန်စဥ်းစားပေးတယ်။

ချန်းစုန်တစ်ဦးတည်းပဲ။ ချန်းစုန့်နဲ့ပြောဆိုဆက်ဆံရရင်စုန့်ရီအများကြီးစဥ်းစားစရာမလိုဘူး။ စုန့်ရီတွေးသလို ချန်းစုန့်တွေးပေးနိုင်တယ်။ သူထက်တောင်ပိုပီးပြည့်ပြည့်စုံစုံတွေးပေးနိုင်တယ်။

ရှေးလူကြီးတွေပြောသလိုပဲ "လူကြီးလူကောင်းတွေကြားကရင်းနှီးမှု" စိတ်ဝင်စားဖွယ်မရှိပေမဲ့လဲ အကျိုးအမြတ်ကတော့ တစ်ယောက်ကိုတစ်ယောက်သက်သောင့်သက်သာဖြစ်စေတာပဲ။

နောက်နေ့ကျ​တော့ စုန့်ရီကရုပ်ရှင်အဖွဲ့ထဲက အကြီးဆုံးအစ်ကိုတစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်းရှိတဲ့ security guard တချို့ကိုရှာပေးဖို့ဖုန်းလှမ်းဆက်လိုက်တယ်။ ဒီအချိန်မှာသူက ကျောက်ဟုန်းနဲ့စုန့်ကျဲအနားမှာရှိမနေပေးနိုင်ဘူး။ တကယ်လို့ တစ်ဖက်ကလူတွေက သူတို့အိမ်တံခါးရောက်လာရင် ကြက်လေးတစ်ကောင်တောင်မဖမ်းနိုင်တဲ့ omega နှစ်ယောက်ကဖြေရှင်းနိုင်မှာမဟုတ်ဘူး။

လူမိုက်တွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ လူယဥ်ကျေးတွေရဲ့လုပ်ထုံးလုပ်နည်းတွေကအသုံးမဝင်ဘူး သူတို့ထက်ပိုကြမ်းတမ်းတဲ့လူတွေနဲ့ပဲယှဥ်လို့ရတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now