CHAPTER 13 - Ambiguous

9.7K 1.9K 228
                                    

Unicode

ဘားထဲကမီးရောင်မှိန်မှိန်အောက်မှာ ပျော်ပါးရအောင်လာ​တဲ့လူတွေက စင်​ပေါ်ကမြင်ကွင်းကိုပဲအာရုံစိုက်နေကြပီး အကောင်ကြီးကြီးအမြီးရှည်ရှည်တစ်ယောက်က ထောင့်နားထိုင်ခုံမှာထိုင်နေတာကိုတစ်ယောက်မှသတိမပြုမိဘူး။

အဲ့လိုမှမဟုတ်ရင် မနက်ဖြန် weibo မှာ​ပွက်လောရိုက်သွားမဲ့သတင်းပါလိမ့်မယ်။

ဘားကနေပြန်လာတော့ ဆယ့်တစ်နာရီတောင်ထိုးနေပီ။ လေပူပူတွေက ကမ်းခြေရဲ့ ဆားနံ့နဲ့စိုစွတ်နေမှုနဲ့အတူ မျက်နှာပေါ်ကဖြတ်တိုက်လာတယ်။ ကမ်းခြေမြို့ရဲ့ လမ်း​တစ်လျှောက်မှာရှိနေတဲ့ နီယွန်မီးတွေကလှပတောက်ပြောင်တယ်။

စုန့်ရီကသူတို့နေတဲ့ resort အပေါက်ဝထိရောက်လာ​တာ​တောင် ကုရှင်ချွမ်းကထွက်သွားမဲ့အရိပ်အယောင်မရှိဘူး။ သူကသူ့လက်တွေကိုအိတ်ကပ်ထဲသက်သောင့်သက်သာထည့်ထားပီး သူ့နောက်ကနေအေးအေးဆေးဆေးလမ်းလျှောက်လိုက်လာတယ်။

စုန့်ရီနဲ့ချန်းစုန့် တစ်ယောက်ပီးတစ်ယောက်အပေါ်ထပ်ကိုတက်သွားတာကိုမြင်ရမှ ကုရှင်ချွမ်းကရုတ်တရပ်သတိတွေ​ပြန်လည်လာပီး သူတို့ကိုလက်ညှိုးထိုးရင်း လှောင်လိုက်တယ် "စုန့်ရီ မင်းတို့အရမ်းဆင်းရဲနေလို့လား? မင်းသူငယ်ချင်းနဲ့ဘာလို့တစ်ခန်းထဲအတူတူနေတာလဲ?"

"ဒီည Frence က Argentina နဲ့ပြိုင်ကန်မှာ ချန်းစုန့်ရဲ့ငါကဘောလုံးပွဲအတူတူကြည့်မလို့လေ" စုန့်ရီကစိတ်အခြေအနေကောင်းနေပီး ဒီပွဲကိုကြည့်ဖို့မျှော်လင့်နေတယ်။

"ဘယ်အချိန်ထိမင်းတို့ကြည့်မှာလဲ?" ကုရှင်ချွမ်းကချန်းစုန့်ကိုတစ်ချက်ကြည့်ပီး သူ့အသံကမပျော်မရွှင်ဖြစ်နေတယ်။

ဘောလုံးပွဲကို ဒီလောက်နောက်ကျတဲ့ထိအတူတူကြည့်ရအောင် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘယ်လောက်​​​တောင်ကောင်းမွန်နေတာလဲ?

အခုလေးတင်ဘားမှာပေးခဲ့တဲ့ နွားနို့လေးရဲ့မျက်နှာကိုထောက်ထားပီး စုန့်ရီကဖုန်းထဲကနေ ပြိုင်ပွဲရဲ့အချိန်ကိုစစ်ကြည့်လိုက််တယ် "မနက်နှစ်နာရီလောက်ပေါ့"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now