CHAPTER 14- It is okay to scold me, but not to scold my fans

10.4K 1.9K 270
                                    

Unicode

​question mark ကစုန့်ရီခေါင်းထဲကနေပြူထွက်လာပီး ကုရှင်ချွမ်းကိုလုံးဝနားမလည်နိုင်ဖြစ်နေတယ်။

အရင်တုန်းက drama ရိုက်တုန်းကစုန့်ရီကိုလိုက်ဖူးတဲ့ beta တစ်ယောက်ရှိတယ်။ သူကကြော့ရှင်းပီးသေသေသပ်သပ်ရှိတယ်။ သူကစုန့်ရီကိုကြိုက်ခဲ့ပီး တစ်လလောက်အတူတူရှိပီးတဲ့အခါမှာတော့ စုန့်ရီပင်ပန်းလာရတယ်။

ပထမဆုံးတစ်ဖက်လူက လွယ်လွယ်ကူကူစိတ်တိုတတ်တယ်။ အဲ့ဒီနောက်မှာနားမလည်နိုင်စွာဘဲ စုန့်ရီကိုရန်စမယ်ပီးရင်ရန်ဖြစ်မယ်။ ကုရှင်ချွမ်းလိုပဲ ဘာလက္ခဏာမှမရှိဘဲ မျက်နှာကအမျိုးမျိုးပြောင်းသွားတတ်တယ်။

တကယ်လို့ သူကကုရှင်ချွမ်းနဲ့ရင်းနှီးတဲ့ထိတွေ့မှုမရှိခဲ့ဘူးဆိုရင် တစ်ဖက်လူကို recessive beta လို့တောင်ထင်မိလိမ့်မယ်။

နောက်နေ့မှာ​တော့ ချန်းစုန့်ကအလုပ်ပြီးလို့ Imperial Capital ကိုပြန်ဖို့အသင့်ဖြစ်နေပီ။ နေ့လည်စားနားတဲ့အချိန်မှာ စုန့်ရီက ချန်းစုန့်နဲ့တွေ့ဖို့ စားသောက်ဆိုင်တစ်ဆိုင်ရှာလိုက်တယ်။

သူကုရှင်ချွမ်းရဲ့ပြဿနာရှာမှုတွေကြောင့် ချန်းစုန့်ကိုအားနာနေတယ်။ ဒီတစ်ခါမှာ ချန်း​စုန့်ကိုကောင်းကောင်းမဧည့်ခံလိုက်ရဘူး။ စားဖို့ဟင်းတွေမှာနေစဥ်မှာ သူကဝိုင်တစ်ပုလင်းကိုပါအပိုမှာလိုက်တယ်။ သူကခွက်သေးသေးလေးထဲဝိုင်ငှဲ့လိုက်ပီး ချန်းစုန့်ရဲ့ခွက်နဲ့ထိလိုက်တယ် "ဒီတစ်ခါတော့ မင်းကိုလျစ်လျူရှုသလိုမျိုးဖြစ်သွားတယ် Imperial Capital ကိုပြန်ရောက်ရင် မင်းကိုကောင်းကောင်းဧည့်ခံပါ့မယ်ကွာ"

ချန်းစုန့်ကဝိုင်ကိုတစ်ငုံသောက်လိုက်ပီး အပြုံးတစ်ခုနဲ့ပြောလိုက်တယ် "မင်းကယဥ်ကျေးလွန်း​နေပြန်ပါပီ ငါတို့နှစ်ယောက်ကြားမှာအဲ့တာတွေမလိုပါဘူး"

"ယဥ်ကျေးမှရမယ်လေ ဒီတစ်ခါကကျွန်တော့်အမှားဖြစ်နေတာကြီးကို" စုန့်ရီက​ဖွဖွလေးပြောလိုက်တယ်။

ချန်းစုန့်ကခေါင်းခါလိုက်ပီး အသံကိုဆွဲလိုက်တယ် "မင်း..."

"အဲ့တာကလူတွေကိုဝေးကွာလွန်းတဲ့ခံစားချက်မျိုးရစေတယ်"

"ကျွန်တော့်မှာဝေးကွာစေတဲ့အာရုံမျိုးရှိတယ်?" စုန့်ရီကအတော်လေးစိတ်ဝင်စားနေတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now