Part 2

684 52 0
                                    

စံပြ
အပိုင်း(၂)
06010147
"………"
"………"
"ဘာတွေ ပြုံးနေတာလဲ.."
ငုဝါ ရှေ့က မင်္ဂလာ ဓာတ်ပုံကြီးကို ငေး၍ ပြုံးနေချိန် မောင်က အနောက်ကနေ လာဖက်သည်။
မောင် လက်ကို ပြန်အုပ်ကိုင်ထားရင်း ငုဝါ ငေးကြည့်နေမိပြန်သည်။
"ဒီလို ဖြစ်အောင် မောင်နဲ့ ငုဝါတို့ အရမ်းကြိုးစားခဲ့ရတာနော်…"
"အင်း..ဟုတ်တယ်…အလုပ်ပင်ပန်းတာကော လွမ်းနာကျတာရော…မောင်တော့ ပြန်တောင် မတွေးချင်ဘူး..ငုဝါ ကိုရီးယားမှာ အလှကုန် သင်တန်းသွားတက်တော့ မောင် သေမလိုတောင် ဖြစ်တယ်.."
"မောင် စင်ကာပူသွားနေတုန်းကလည်း ငုဝါ ဘယ်လောက်လွမ်းတယ်မှတ်လဲ.."
"ဟုတ်ပါပြီ…ခုတော့ အဆင်ပြေနေပါပြီ…"
"ငါးနှစ်ပြည့်အတွက် မောင် ဘယ်သွားဖို့ စီစဉ်ထားလဲ.."
မောင်က စိတ်ကူးယဉ် အနုပညာ ဆန်သူမို့ လက်ဆောင်တွေ အစီအစဉ်တွေကို ငုဝါ ရင်ခုန်ရပါသည်။
မင်္ဂလာနှစ်ပတ်လည် ပြီးချိန်ဆိုရင် ဘီဒိုလေးထဲမှာ ဖန်စီ ပစ္စည်းလေး တစ်ခု ထပ်ဖြည့်ရသည်။
နိုင်ငံတကာ အမှတ်တရ ပစ္စည်းလေးတွေပါပဲ..။
ငုဝါ ရင်ခုန်မျှော်လင့်စောင့်နေမှန်းသိတော့ မောင်က ညစ်ကျယ်ကျယ် ပြုံးပြီး မျက်ခုံးပင့်ပြသည်။
လက်နောက်ကို လုပြီး လက်သီးဆုတ်ကို အတင်းဖြည်တော့ ငုဝါ ခါးကို ဆွဲပြီး ရှောင်ပြေးသည်။
"ပြဆို.."
"မောင် ပေးတာ စောင့်ပါလားလို့.."
"မောင်က နှာဘူးလေ…ဘယ်တုန်းက ဒီတိုင်း ပေးဖူးလို့လဲ.."
"အဲဒါပေါ့..ထုံးစံအတိုင်း အိပ်ခန်း အရင်သွားကြမယ်လေ.."
"မောင်ကွာ..ရိုးရိုးသားသား နေစမ်းပါ…ဘာလို့ အမြဲ နှာဘူးထနေတာလဲ.."
"မကြိုက်တာလည်း မဟုတ်ဘူးကွာ.."
မောင့်ရဲ့ အနမ်းတွေအောက်မှာ ကျဆုံးရင်း အခန်းထဲကို ရောက်သွားရပြန်သည်။
အခန်းမီးရောင် မှိန်ပြပြလေးအောက်မှာ အမောဖြေရင်း မောင်ရင်ခွင်ကျယ်မှာ ပါးအပ်ထားမိသည်။
"ရော့.."
ငုဝါလက်ထဲ ရောက်လာသည့် ကီးချိန်းလေးကို ရင်ခုန်စွာဖြင့် မြှောက်ကြည့်လိုက်သည်။
Tokyo ဆိုတဲ့ စာတန်းလေးကြောင့် အပြုံးလေးတွေ လက်ခနဲ့ ဖြစ်သွားသည်။
"ဘယ်လိုလဲ.."
"ဘယ်တော့လဲ.."
"မနက်ဖြန်ပေါ့.."
"အိုး..မောင် ကြိုမပြောဘူး..မနက်ဖြန် မီတင် တစ်ခု.."
ငုဝါ စကားတွေ ရှေ့မဆက်နိုင်တော့ပဲ နှုတ်ခမ်းတွေက ပူနွေးသွားရသည်။
.
"မောင် ဘာလို့ မပြောတာလဲ…သူက အလောင်းကစားသမား…လွယ်လွယ် ပြန်ထွက်လာမယ် ထင်လား.."
မောင်နဲ့ ခရီးတူတူသွားရတဲ့ နေ့ရက်တွေက ပျော်စရာ အတိပေမဲ့လည်း အိမ်ပြန်ရောက်ပြီး သုံးရက်ကြာရုံဖြင့် ပြဿနာက စလာတော့သည်။
ဘာမဆို အားနာ သနားတက်သည့် မောင်က  ခိုင်၀င်းကို သိန်းတစ်ရာ ထုတ်ပေးလိုက်သည်တဲ့..။
"စိတ်လျော့ပါ မိန်းမရယ်…သူငယ်ချင်း အချင်းချင်း တွေပဲ.."
"ဟင်း..မြတ်နိုးကိုတော့ သနားပါတယ်…ဒါပေမဲ့ ခက်ခဲတိုင်း ငွေထုတ်ပေးနေတာက အဖြေ မဟုတ်ဘူးမောင်….ငုဝါတို့ နှစ်ယောက် ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလည်း မောင်လည်း သိသားပဲ..နိုင်ငံခြားမှာ ကျောင်းတက်တယ်ဆိုပေမဲ့ ဘော်ကြော့ တက်ရတာ မဟုတ်ဘူး..မောင်လည်း အလုပ်လုပ်ရင်း တက်ရတာ..ငုဝါ တို့ နှစ်ယောက်စလုံး ဘာမှ မစားရတဲ့ နေ့တွေတောင် ရှိပါတယ်…ဒီလို ကြိုးစားပြီးမှ အချိန်တွေ အများကြီး ရင်းပြီးမှ လုပ်ငန်းတွေ အဆင်ပြေလာရုံရှိသေးတယ်.. ငွေတွေကို သူငယ်ချင်းအတွက်ဆို မနမျောပေမဲ့ လောင်းကစား လုပ်ပစ်ရင်တော့ ရင်နာတယ် မောင်…"
"သူ ရင်းနီးဖို့လို့ မောင့်ကို ကတိပေးသွားပါတယ်…အတိုးလည်းပေးမှာတဲ့...မြတ်နိုးကတစ်ဆင့်သိတယ်ဆိုပေမဲ့ ခိုင်၀င်းနဲ့ မောင်က ဘော်ဒါတွေလို ဖြစ်နေပြီလေ….ထားလိုက်ပါကွာ…ပြောမနေပါနဲ့.."
"မောင်ကလေ..ဘာမဆို…အားနာ သိလား.."
မောင်က ကလေးဆိုးလေးလိုမျိုး မျက်နှာမဲ့ပြီး မျက်နှာငယ်လုပ်ပြနေတော့ ဆူနေမိတဲ့ ကိုယ့်ကသာ အမှားလုပ်မိသလိုပင်..။
"ကဲ…ထားလိုက်ပါတော့..နောက်ဆို ဘာမဆို ပြောရမှာနော်..ငုဝါတို့ ဘာမဆို ပွင့်လင်းရမယ်လို့ ကတိထားတယ်လေ…မောင်ရယ်."
"အင်းပါ..ခုလည်း…ပျော်ရမဲ့ အချိန်မှာ စိတ်ညစ်ရမှာ စိုးလို့ပါ…ခုလည်း  မောင် အဆူခံပြီး ပြောပြတာပဲမလား.."
"ဟွန့်…လူလိမ်မာကြီးပေါ့လေ…မြန်မြန်ထ…ရေချိုးဦး.."
"အင်း..လာ.."
ငုဝါ ကိုယ်လေးကို ဆွေ့ခနဲ့ ချီမြှောက်ပြီး အခန်းထဲ ခေါ်သွားတော့ မောင့်ရင်ဘတ်ကို ဖွဖွလေး ထု၍ လိုက်ပါသွားရတော့သည်။
.
"ငါ..ဒီတစ်ခါတော့ ဘာမျက်နှာမှ မထောက်တော့ဘူး..မြတ်နိုး.."
"မလုပ်ပါနဲ့..ငါ တောင်းပန်ပါတယ်…အမေတို့ဆီက ပြောပါ့မယ်…"
"သူငယ်ချင်းမို့ အခုလောက် ငါ သည်းခံနေတာနော်…နောက်ပြီး ခိုင်၀င်းဆိုတာ နင်က တဆင့်သိရတဲ့ကောင်ပဲ…အမှန်အတိုင်းပြောရရင် စရိုက်ကိုလည်း မကြိုက်ဘူး..စတွေ့ကတည်းက နင်နဲ့ မတန်တဲ့ ကောင်မှန်း ငါပြောသားပဲ..ခုတော့သိပြီမလား.."
"ဒါပေမဲ့…ငါ့ကိုတော့ တကယ်ချစ်တာပါဟာ..ဒါကြောင့်လည်း အချစ်တစ်ခုတည်း ကြည့်ပြီး ငါ မစဉ်းစားပဲ လက်ထပ်မိသွားတာ…ဟင်း.."
"တကယ်ချစ်တယ်..ဟလား…ဘာကို တကယ်ချစ်တာလဲ…တကယ်ချစ်တဲ့သူကို ကြည့်ချင်ရင် ငါ့ယောက်ျားကိုကြည့် ငါ့ကို လက်နဲ့တောင် မရွယ်ဖူးဘူး..ခု့ နင့်မိတ်ကပ်အောက်မှာ ဘာရှိနေတယ်ဆိုတာ ငါသိပါတယ်…ဒီလောက် ပင်ပန်းခံပြီး ပေါင်းမနေနဲ့ မတန်ပါဘူးဟာ…ကွာလိုက်စမ်းပါ.."
"ငုဝါရယ်… ငါ သူ့ကို ချစ်တယ်..ကလေးတောင် ရနေပြီ..ကလေးတွေ မျက်နှာရှိတယ်..မကွာရှင်းနိုင်တော့ဘူး…တို့က စိတ်အခန့်မသင့်မှ ရန်ဖြစ်ကြတာပါ..နောက်ပြီး စီးပွားရေးက အဆင်မပြေတော့ အိမ်ထောင်ရေးလည်း အဖုအထစ် ရှိတာပါ..ဒါကလည်း အိမ်ထောင်ရှင်တိုင်းဖြစ်နေကြပါ..နင်က ကံကောင်းလွန်းတဲ့ မိန်းမမို့ နင့်ကို သည်းသည်းလှုပ် ချစ်တဲ့ ယောက်ျားမျိုးရထားတာလေ…ငါကတော့ ငါ့ကံနဲ့ ငါပေါ့…ဘယ်ယောက်ျားဖြစ်ဖြစ် သူယူထားတဲ့ မိန်းမကိုတော့ ချစ်ပါတယ်ဟာ..ခိုင်၀င်းက နည်းနည်းသွေးဆိုးပေမဲ့လည်း..တကယ်ချစ်တာပါ ဇော်မောင် လို့ တော့ မချစ်ပြတက်ဘူးပေါ့လေ.. "
"သြော်…တကယ်ချစ်တဲ့သူက ခဏခဏ ဖော်ပြန်ပြီး ရန်ဖြစ်တိုင်း လက်ပါစရာလား…မိသားစု တစ်ခု ဖြစ်လာပြီ ခုချိန်ထိ ဦးဆောင်ဖို့ မတွေးသေးဘူး…လောင်းကစားလုပ်ပြီးအမျိုးစုံ ဒုက္ခတွေပဲ ပေးနေတာ ချစ်တာလားဟ…သူက နင့်ကိုလည်း မချစ်ဘူး..နင့်ကလေး နှစ်ယောက်ကိုလည်း မချစ်လို့ပေါ့..နင်က ဘာနာနေတာလဲ.."
မြတ်နိုးက မျက်နှာငယ်နဲ့ သက်ပြင်းချလိုက်တော့မှ ငုဝါ ပြောမိတာ လွန်သွားမှန်း သတိထားမိပြီး စိတ်ပျက်စွာ ထိုင်ချလိုက်မိသည်။
"ခုကိစ္စတော့ ငါ သည်းမခံနိုင်တော့ဘူး..မြတ်နိုး…ငါတို့  သေချာ စုဆောင်းထားရတာဟ..ငါ့ယောက်ျားကလည်း အားနာတက်လို့ ခုလို ငါမသိပဲ ပေးလိုက်တာ..ငါသိရင် လွယ်လွယ်မပေးဘူး..သူ ဖဲရိုက်ဖို့ဆိုတာ ငါ သိတယ်…ခုက တစ်ရာစီ ယူတာ လေးရာ ဖြစ်နေပြီ..ငါတို့ လင်မယား နှစ်ယောက်ရဲ့ ချွေးနဲစာ စစ်စစ်တွေ…ငါ ကူညီနိုင်တဲ့အတိုင်းအတာကို အများကြီး ကျော်သွားပြီ.."
"အေးပါ…သူကလည်း ဇော်မောင်ကို လေးစားပါတယ်..သေချာ ဆပ်ဖို့ကြိုးစားလိမ့်မယ်…တကယ်လို့ သူမဆပ်တောင် ငါပဲ ရတဲ့နည်းနဲ့ဆပ်ပါမယ်ဟာ…တိုင်တာ ဘာညာတော့ မလုပ်ပါနဲ့နော်…"
"ဒီလို ကောင်မျိုး ထောင်ထဲ သွားနေတော့ကော ဘာဖြစ်သေးလဲ..နင့်အတွက် ပိုတောင် ကောင်းဦးမယ်…"
"ငုဝါ..နင်က ငါ့ဆို သိပ်နှိမ်တာပဲ…"
မြတ်နိုးရဲ့ ငိုသံနဲ့ ပလုံးပထွေး ပြောလိုက်တဲ့ စကားကြောင့် ငုဝါ မှာ ရုတ်တရက်ကြီး ကြောင်အ သွားရတော့သည်။
"ဟဲ့…ဘာဖြစ်တာလဲ...."
" နုင်က သူငယ်ချင်း အရင်းကြီးပါ… ဒါပေမဲ့…ငါ့ဘက်ကို တစ်ခါမှ မတွေးဘူး..နင့်ဘ၀နဲ့ ငါ့ဘ၀မှ မတူတာ…နင် ယောက်ျားကောင်းရထားတာ ငါတို့ အကုန်လုံး လက်ခံပါတယ်..အားလည်းကျတယ်…နင့်အတွက် လည်း ၀မ်းသာတယ်..ဒါပေမဲ့ နင်က ငါ့ကို ဆို အမြဲ အပြစ်တင်နေတာပဲ.."
မြတ်နိုး က တလွဲတွေ ထင်နေတာ သိလိုက်တော့ငုဝါ စေတနာ ထားခဲ့မိတာကိုပင် စိတ်မကောင်း ဖြစ်ရတော့သည်။
မြတ်နိုးဆိုတာ နုနုဖက်ဖက် ကြွကြွရွရွ လှလှပပလေးလေ…။
အနားမှာ အဆင့်အတန်းရှိတဲ့သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားကနေ ငပွေငရှုပ် လောင်းကစားသမားကို လက်ထပ်မိတာကို ဒီနေ့ အထိ နမျောနေမိတာပါ..။
ကိုယ့်ရဲ့ ကွယ်ရာမှာဆိုရင်တော့ သူ့ဘ၀နဲ့ သူမို့ ခေါင်းထဲ ထည့်စဉ်းစားစရာမလိုပါ..။
မြတ်နိုးမှာ ဒဏ်ရာအညိုအမဲတွေနဲ့ ရင်ဖွင့်တိုင်း ကိုယ့်သူငယ်ချင်းအတွက် နာကျင်ရသည်။
ဒီလိုတွေ ကြားရ မြင်ရတိုင်း စိတ်မချမ်းသာဖြစ်ရကာ မြတ်နိုးရဲ့ ယောက်ျားကို ပိုပြီး စိတ်တိုသည်။
သူလို့ကောင်မျုိးက မြတ်နိုးကို ရထားပြီး တန်ဖိုးမထားဘူးဆိုတာကို ခံပြင်းမိသည်။
ဟင်း..ခုတော့ ကိုယ့်သူငယ်ချင်းကပါ အထင်လွဲနေပါပေါ့လား..။
သူတို့ ငွေလိုတိုင်း ထုတ်ပေးခဲ့ပေမဲ့လည်း စကားတွေကိုပဲ မှတ်ထားတာပါလား..။
စေတနာတွေကိုတော့ မြင်မယ် မထင်ပါဘူးလေ..။
"နင်က ယောက်ျားရ သိပ်ကံကောင်းပါတယ်ဟာ…ဒါကို ငါတို့ အကုန်သိပြီးသားပါ…"
"နင်မှားနေပြီ…မြတ်နိုး..ငါက ကံကောင်းတဲ့ မိန်းမဆိုပြီး မဏ္ဍိုင်တက်ပြနေတာ မဟုတ်ဘူး…နင့်အတွက် မခံနိုင်လွန်းလို့ နင့်ကို သနားလွန်းလို့ပါဟာ…"
"ဟုတ်တယ်…ငါက ခုချိန်တော့ သနားစရာ အကောင်းဆုံး မိန်းမပဲ…ဒါပေမဲ့ ငါ့ဘ၀နဲ့ ငါပဲလေ…ငါ့ဆုံးဖြတ်ချက်နဲ့ငါပဲ…"
"အေးလေ…နင့်ဘ၀နဲ့ နင်ပဲ..ငါလည်း စေတနာ လွန်ကဲသွားတာပါ..ဆောရီးပဲ.."
"နင့်ရဲ့ ငွေတွေကို အလုံးအရင်းမဆပ်နိုင်ပေမဲ့ ငါ တာ၀န်ယူပြီး ဆပ်ပါ့မယ်..နောက်ပြီး..သူငယ်ချင်းတွေ ဆုံတိုင်း…ငါ့ကို သနားစရာ မိန်းမလို မဆက်ဆံပါနဲ့…ငါ့အတွက် အဆင်မပြေဘူး..ငါ့ယောက်ျား ဘယ်လောက်ဆိုးဆိုး…လူပုံလယ်မှာ အပြစ်တင်ကဲ့ရဲ့နေတာတော့ ငါမကြိုက်ဘူး…နင်က ယောက်ျားကောင်းရထားတော့ ဘယ်
ကိုယ်ချင်းစာတက်မှာလဲ..…"
"ဟယ်…မြတ်နိုး..နင်…နင်…ဒီလိုတွေ တကယ်တွေးနေတာလား…အိုး…ငါက စေတနာ…"
"ကလေးတွေ ငိုနေမှာစိုးလို့ ငါ ပြန်တော့မယ်.."
မြတ်နိုးက မျက်ရည်တွေကို ပွတ်ဆွဲသုတ်ပြီး ထွက်သွားတော့ ငုဝါမှာ စိတ်ထဲ ပင်ပန်းဆင်းရဲစွာဖြင့် သက်ပြင်းတစ်ချက် ချမိသည်။
သူငယ်ချင်း အချင်းချင်းဆိုပေမဲ့လည်း နှုတ်က ထုတ်ပြောရလောက်တဲ့အထိ စိတ်ထဲနာနေပြီဆိုတာ သိလိုက်တော့ စိတ်မကောင်းဖြစ်မိသည်။
ကိုယ်က သူ့အတွက် ခံပြင်းလို့ပါ..။
ခုတောင် နှုတ်ခမ်းထောင့်က အနာဖြစ်နေသေးတာလေ..။
ငုဝါ ခေါင်းရမ်းပြီး ဆိုဖာကိုသာ ပစ်မှီထိုင်လိုက်ရသည်။
.
"မိန်းမ.."
"ဟင်.."
"ခေါင်းလျှော်ပြီး..ငုတ်တုတ်မေ့နေတာလား.."
"မဟုတ်ပါဘူး..မောင်ရယ်.."
ငုဝါ ဆံပင်ရေစိုဖြင့် ခုတင်မှာ ထိုင်နေမိတော့ မောင်က အနားရောက်လာပြီး ဆံပင်တွေကို ဖွဖွ သုတ်ပေးတော့သည်။
ရှေ့က ကြည့်မှန်မှာ ပေါ်နေတဲ့ မောင်ရဲ့ လုပ်ကိုင်မှုတွေကို ကြည့်ရင်း ငုဝါ သက်ပြင်းခိုးချမိသည်။
မောင်က ဟန်ဆောင်နေတာမှ မဟုတ်တာ..။
ငုဝါက ကံကောင်းလွန်းလို့ မောင့်လို ချစ်တက်လွန်းသူနဲ့ တွေ့ရတာပါလေ..။
ယောက်ျားတိုင်းက အပြစ်ကိုယ်စီ ရှိတယ်ဆို မောင့်အပြစ်က ဘာများဖြစ်မလဲ..။
အသောက် အစားလား..။
ဟင့်အင်း..မောင်က အပေါင်းအသင်းတွေနဲ့တွေ့မှသာ တစ်ခါတလေပါ..။
အလောင်းအစား.။
အပျော်တမ်း ဖဲရိုက်တာမျိုးတောင် မောင်က မတက်ဘူး..။
အလောင်းကစားကော ကံကိုကော မယုံဘူးလို့ အမြဲကြွေးကြော်နေသူ တစ်ယောက်..။
မိန်းမ အရှုပ်အရှင်း ကိစ္စကော.။
နိုင်ငံခြားမှာ ဝေးနေချိန် တုန်းကတော့  ပိုက်ဆံပေး၍ သုံးလေးကြိမ် ပတ်သက်ခဲ့ဖူးသည်။
မောင်က ပွင့်ပွင့်လင်းလင်း ၀န်ခံသလို ငုဝါ ကိုယ်တိုင်ကလည်း နိုင်ငံခြား အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ပြီး ပညာတက် တစ်ယောက်မို့ နားလည် ပေးနိုင်ခဲ့ပါသည်။
အိမ်တွင်းအကြမ်းဖက်မှုလား..။
ငုဝါ ပြုံးမိသွားသည်။
မောင်ပေးတဲ့ ဒဏ်ရာကတော့ ငုဝါမှာ ဘာမှမရှိ..။
ငုဝါ စိတ်ဆိုးပြီး ပေးခဲ့တဲ့ ဒဏ်ရာလေးကတော့ မောင့် လည်ပင်းမှာအစင်းကြောင်း အမာရွတ်လေး ခုချိန် ထိ ရှိနေဆဲပင်..။
ဒီလောက် ပြစ်ချက်ကင်းပြီး ပြီးပြည့်စုံတဲ့ ယောက်ျားမျိုး ရှိပါ့မလား..။
ယောက်ျားဆိုတာ ဘူးနဲ့ဒူးပဲ ရှိတာ ဆိုတော့..။
ငုဝါ ခွီးခနဲ့ ရယ်မိသွားတော့ မောင်က အံသြသလို တစ်ချက် ငုံ့ကြည့်သည်။
"ဒီမိန်းမ…ဘာတွေ ကြည့်ပြီး ဘာတွေ တွေးရယ်နေတာလဲ.."
မောင်က ခါးမှာ ပတ်ထားတဲ့ တာဝါကို ဆွဲဖုံးရင်း ပြောတော့ ငုဝါ စ ချင်လာလို့ တာဝါကို ဆွဲလိုက်သည်။
လက်နဲ့ ပြန်ထိန်းရင်း နှုတ်ခမ်းကိုက်ပြတော့ ငုဝါ ထပ်စ လိုက်သည်။
တစ်ခဏ အတွင်း မောင်က ငုဝါ အပေါ်ကို အုပ်မိုးသွားကာ နှာခေါင်းချင်း ထိ၍ ရယ်နေတော့သည်။
"ဘာတွေ ရယ်နေတာလဲ..ပျော်စရာဆို မျှဦးလေ.."
"အဟွင်း.."
ငုဝါ အပေါ်မှာ ငုံ့မိုးနေတဲ့ မောင့် ကို တွန်းဖယ်ပြီး ထထိုင်လိုက်ကာ မောင့်လက်ထဲကို တာဝါ ထည့်ပေးလိုက်သည်။
မောင်က ဆံပင်တွေကို ပြန် သုတ်ပေးနေတော့မှ
"လောက မှာ ယောက်ျား နှစ်မျိုးပဲ ရှိတယ်တဲ့…နှာဘူးနဲ့ ဂန်ဒူးတဲ့..မောင့်အပြစ်တွေ ရှာကြံတွေးကြည့်တာ ဘာမှ လည်း မတွေ့ဘူး..အဲတော့ တစ်မျိုးပဲ အဖြေရှိတော့တယ်..မောင်က ဂန်ဒူးပဲ…"
"သြော်…ဒီလိုကြေးလား.."
ငုဝါ ၀တ်ထားတဲ့ ဘတ်ရုတ်ဖ် ခါးချည်ကြိုးကို မောင်က ဆွဲဖြုတ်လိုက်တော့ မောင့် လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။
"ကျေးဇူးတင်ပါတယ်…မောင်ရယ်..ငုဝါ ဘ၀က မောင်နဲ့ လက်ထပ်လိုက်ပေမဲ့လည်း မိဘုရား ဖြစ်မသွားဘူး..ဘုရင်မလိုပဲ နေခွင့်ရတယ်…"
"မောင်လည်း ကျေးဇူးတင်တယ်…မောင့်အနားမှာ ရှိနေပေးလို့လေ…မောင်က သားအလတ်ဆိုတော့ ငုဝါနဲ့ တွေ့ချိန်မှ နွေးထွေးမှုကို စ ခံစားရတာပဲ…"
မောင် နှုတ်ခမ်းတွကို နမ်းလိုက်တော့ မောင့်လက်တွေက ငုဝါ ကျောကို ဖေးကိုင်ထားပေးသည်။
အနမ်းတွေ ရပ်တန့်လိုက်ပြီးမှ မောင့်ရင်ခွင်ထဲ တိုး၀င်ကာ ငြိမ်သက်နေမိသည်။
"မိန်းမ ဘာတွေ စိတ်ညစ်နေတာလဲ..အလုပ်ကိစ္စလား.."
ကိုယ်ပိုင်တံဆိပ်နဲ့ အလှကုန်တွေ ထုတ်လုပ်နေတာမို့အနည်းအများတော့ ခေါင်းစားစရာ ရှိပေမဲ့လည်း ခုချိန်မှာတော့ အသားကျနေပါပြီ..။
မောင့်ရဲ့ အကျီ င်္ဆိုင်တွေကလည်း ဆိုင်ခွဲ တောင် ဖွင့်ထားနိုင်ပြီမို့ အဆင်ပြေနေပြီ..။
ငုဝါ ခေါင်းရမ်းလိုက်ကာ မောင့်ရင်ဘတ်ကို အကြောင်းမဲ့ လက်ဖြင့် ကုတ်နေမိသည်။
"ဟို..မနေ့က မြတ်နိုးလာတယ်..မောင်ရယ်.."
ငုဝါ စ်ိတ်မသက်သာစွာဖြင့် အစ အဆုံး ပြန်ပြောပြလိုက်ရတော့ မောင်ကိုယ်တိုင်လည်း သက်ပြင်းချရတော့သည်။
"ငုဝါ မှားသွားပြီလားဟင်.."
"မောင်လည်း မပြောတက်ဘူး…သူကလည်း အဆင်မပြေ ဖြစ်နေချိန် မိန်းမ က စေတနာနဲ့ ပြောပေမဲ့ အထင်လွဲစရာ ဖြစ်သွားတယ်…မိန်းကလေးတွေက ရှုပ်လိုက်တာနော်..တကယ်ဆို ငါမကြိုက်ဘူး..အဲလို မပြောနဲ့ဆို ပြီးတာပဲ…"
"ငုဝါ လည်း သူအရိုက်ခံရတာကို မကျေနပ်လို့ ပြောမိတာပါ…လက်ပါတာဆို သိပ်မုန်းတာပဲ..နောက်ပြီး မြတ်နိုး အကြောင်း မောင်သိသားပဲ နုနုလေး..ဟင်း…ခုတော့ ငုဝါ အပြစ်ပေါ့လေ.."
"ပိုက်ဆံကတော့ မလောပါနဲ့တော့ မိန်းမရယ်..မောင်တို့လည်း အဆင်ပြေနေသားပဲ.."
"ပြောကောင်းတယ်နော်….မောင် ဆိုင်ခွဲဖွင့်ဖို့ ဖယ်ထားတာလေ…"
"ပြန်စုရင် ရပါတယ်..သူငယ်ချင်းက အစားပြန်မရဘူးလေ.."
"သြော်..ဟုတ်ကဲ့…ကျွန်မ က တဆင့် ခင်ရတဲ့သူတွေမို့ပဲ သိလား…မောင့်သူငယ်ချင်းတွေက ဇော်မောင်ကြီးက စိတ်ကောင်းရှိတယ်ဆိုတာ အလကားတော့ မဟုတ်လောက်ဘူး..တစ်ယောက် တစ်ရာလောက်တော့ ချေးထားလို့ ဖြစ်မယ်.."
"ဟား..ဟား…ဟုတ်ပါဘူးကွာ…မောင်တော့ ခိုင်၀င်းကို နားမလည်ဘူး…သူက မြတ်နိုးကို ချစ်ပါတယ်..ဟိုတစ်ခါမြတ်နိုး စိတ်ဆိုးပြီး အိမ်ပြန်သွားတော့ သူ့မှာ မျက်ရည်မျက်ခွက်နဲ့လေ.."
"အလကားပါ…အမြဲ ရိုက်နေတာ…မြတ်နိုးမျက်နှာမှာ သူ့လက်ရာချည်းပဲ..ယောက်ျားတွေက အဲလိုပဲလားဟင်…"
"ဒေါသဖြစ်တော့ ခွေးစိတ်ပေါက်သွားတာပါကွာ..ယောက်ျားစိတ်မဟုတ်ပါဘူး.."
"မောင်ကော ခွေးစိတ် ပေါက်ဖူးလား.."
"ဟား..ဟား..ပေါက်ဖူးတာပေါ့…"
"ဟမ်..ဒါဖြင့် ရိုက်ချင်သေးတာပေါ့..ပြောစမ်း..ဘယ်တုန်းကလဲ.."
"ဒီဒဏ်ရာ ရတုန်းကလေ…သူငယ်ချင်းပါလို့ ရှင်းပြတာ နားမထောင်ဘူး…သူပဲ စိတ်တို..လူကို သွေးထွက်အောင် အနိုင်ကျင့်နေတာ ဒီကောင်က ဒေါသကြောင့် ရိုက်မိမှာ စိုးလို့ မနည်းချုပ်ထိန်းထားရတယ်.."
"ဟွန့်…အဲတုန်းက အရမ်းငယ်သေးတာကိုး…အရမ်းလည်းစိတ်ဆိုးနေလို့ပါနော်..ခုတော့ မောင့်လည်ပင်းက အစင်းလေးကို တွေ့တိုင်း သိပ်အားနာတာပဲ.."
"အားမနာနဲ့ ပိုချစ်ပေး.."
"အွင်း…"
ငုဝါ ခေါင်းညိတ်ပြီး ရင်ခွင်ထဲက ထတော့ မောင်က မျက်ခုံးပင့်ပြသည်။
ဘီဒိုတံခါးဖွင့်တော့ ပြုံးပြုံးကြီး စောင့်ကြည့်နေသည်။
ငုဝါ ၀တ်ဖို့ အ၀တ်အစားတွေ ထုတ်ယူပြီး အခန်းထဲက ထွက်ပြေးလာခဲ့သည်။
"ဟာ…ငုဝါ…မိန်းမ…ဟာကွာ…"
"စာချုပ် တစ်ခုလုပ်ဖို့ရှိလို့ မောင်ရဲ့…ဆောရီး..ဆောရီး.."
ငုဝါ အ၀တ်အစားတွေ လဲ၀တ်ပြီး  နာရီကို  လက်မှာ ၀တ်ရင်း စားပွဲပေါ်က ရက်စွဲကို တစ်ချက်ကြည့်လိုက်သည်။
မိန်းကလေး သဘာဝြဖစ်ရမဲ့ ရက်ကို ကျော်နေပြီမို့ ရင်တစ်ချက် ခုန်သွားသည်။
နှစ်ယောက်စလုံး အလုပ်တွေနဲ့ သားသမီးကို အချိန်မပေးနိုင်မှာ စိုးလို့ နှစ်ယောက်သဘောတူပြီး ကလေးမယူဖို့ ဆုံးဖြတ်ထားခဲ့သည်။
ခုတော့ အရာရာ အဆင်ပြေနေပြီမို့ သားသမီးရဖို့အတွက် ကြိုးစားရပြန်သည်။
မောင်က ကလေး သိပ်ချစ်တက်တာ..။
ငုဝါ လည်း မျှော်လင့်နေရတာပါပဲ..။
ချစ်စရာ ကလေးလေးတွေကို အရမ်းချစ်ပြမဲ့ မောင့် မျက်နှာကို မြင်ယောင်မိရုံဖြင့်ပင် ငုဝါ ရင်ထဲ လှိုက်ခုန် ပျော်ရွှင်ရပါသည်။
.

စံပြWhere stories live. Discover now