About story description

7.9K 417 28
                                    

Uni

imagination landပေါ်က ၂၁ရာစု ပဒေသရာဇ်ခေတ်ပုံစံလေးပါ။

သက်ဦးဆံပိုင် ပဒေသရာဇ်တို့ရဲ့ထုံးစံ အာဏာလုပွဲတွေ ထင်ရှားတဲ့အိမ်တော်တွေရဲ့ အားပြိုင်မှုတွေကြား သိပ်လှပြီးမိန်းကလေးလိုဝတ်စားရတာ သဘောကျတဲ့ ဟန်အိမ်တော်ရဲ့ တတိသခင်လေးနဲ့ ကြည်ညိုခံ(သျှင်)မျိုးနွယ်ရဲ့ အရည်အချင်းရှိတဲ့ ခပ်ငယ်ငယ်အုပ်ချုပ်သူတို့ကြား ဖြစ်ပေါ်လာမဲ့အချစ်အကြောင်း ရေးသားထားတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ပါ။

🚨🚨🚨စိတ်ဝင်စားရင် အောက်က warningကို ဆက်ဖတ်ပေးပါဦး

တတိယမြောက်ဖန်တီးမှုဖြစ်တဲ့ 'ရွှေစွန်ညိုဘာကိုလိုလို့ဝဲပါသည်'က စိတ်ကူးယဉ်ပြီး ရေးထားတဲ့ ဝတ္တုတစ်ပုဒ်ပါ။ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ကိစ္စတွေက ဒီFicထဲအကုန်ဖြစ်ပါလိမ့်မယ်။

ပြီးတော့ ဒီficမှာ ပထမအပုဒ်တွေနဲ့မတူတဲ့ စကားပြောဟန် အရေးအသားကိုလည်း ညိုtryကြည့်ထားပါတယ်။ plotရော ကာရိုက်တာတွေရော ညိုရဲ့ဖန်တီးမှုစစ်စစ် ဖြစ်တဲ့အကြောင်း ၁၀၀% အာမခံပါတယ်။ ကူးယူခဲ့တာ တွေ့ရှိခဲ့ရင်လည်း ရေဆုံးမြေဆုံး ပြသနာလိုက်ရှာမှာပါ။ inspireယူထားတဲ့ စာအုပ်တွေစာရင်းကို ဇာတ်သိမ်းတဲ့အခါ တစ်အုပ်ချင်းအကုန်ဖော်ပြသွားပါမယ်။

ဇာတ်အိမ်ပုံစံကို ခပ်ကြမ်းကြမ်းဘက်ကိုသွားထားတာမို့ အသက်မပြည့်ရင်မဖတ်စေချင်ပါဘူး။ insect ဆင်မ်းတွေပါတာမို့ Sensitiveသမားတွေ မဖတ်ဖို့ပြောချင်ပါတယ်။ mature onထားပြီး အပိုင်း၁မှာကတည်းက adult ဆင်မ်းပါမှာပါ။ တစ်ခန်းချင်းဆီလိုက်ပြီး သတိပေးမှာမဟုတ်လို့ အသက်မပြည့်သေးရင် မဖတ်ကြပါနဲ့လို့ပဲ ထပ်ဆောင်းသတိပေးချင်ပါတယ်။

ပြီးတော့ ဒီficမှာ ကိုယ်သဘောမကျမချင်း ဇာတ်အိမ်နဲ့ဇာတ်လမ်းကို ပြင်မှာမလို့ zawgyi ဖောင့်ကိုထည့်ချင်မှထည့်မှာပါ။ မကြိုက်မချင်း ဖျက်လိုက်ပြင်လိုက်ရေးမှာမလို့ မစောင့်ချင်သူတွေ အကုန်ပြီးတော့မှပဲဖတ်တာ ပိုကောင်းပါမယ်လို့ အကြံပေးပါရစေ။

ပိုးညို
1.1.2024

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်Where stories live. Discover now