*၉* စိတ်ဝိဉာဉ်ကျိုးပျက်ခြင်း

237 26 5
                                    

 ၉။ စိတ်ဝိဉာဉ်ကျိုးပျက်ခြင်း

{🚨ဤအပိုင်းတွင် သွေးထွက်သံယို၊ အိမ်တွင်းအကြမ်းဖက်၊ incestနှင့် လိင်ပိုင်ဆိုင်ရာအနိုင်ကျင့်ခြင်း စသောအကြောင်းအရာများပါ၀င်သည်။ အသက်မပြည့်သူများဖတ်ရှုရန် မသင့်လျှော်ပါ။🚨}

"လုပ်ကြံသူကအင်အား ၅၀ကျော်လောက်ရှိမယ်လို့ သိရပါတယ်။ ၇ယောက်အရှင်ဖမ်းမိပေမဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံသွားပါတယ်"

"သူတို့နဲ့ပါလာတဲ့ လက်နက်တွေရော စစ်ကြည့်ပြီးပြီလား"

"ဟုတ်ကဲ့"

တော်ဝင်ကိုယ်ရံတော် ယောလ်ရိုးရာက လုပ်ကြံသူတွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို အစီရင်ခံနေတယ်။ အိမ်ရှေ့စံက မှန်ပြတင်းပေါက်ကြီးရှေ့ရပ်ရင်း ဘာမှမပြောလာတာကြောင့် ဘာဘာကပဲ သားဖြစ်သူကို သိချင်တဲ့ အချက်အလက်တွေ ကိုယ်စားမေးမြန်းရတယ်။

"ဘာထူးခြားတာတွေ့လဲ"

"လက်နက်တွေပေါ်မှာ ထွင်းထားတာက ကြာပန်းပါ။ သုံးလွှာကြာပန်းနီ"

"ဟို ၁၇~၆~၈က သုံးလွှာကြာပန်းနီလား"

"ဟုတ်ပါတယ်"

"နှစ်၂၀ကျော်တောင် ကြာခဲ့ပြီမလား"

ဘာဘာက တကိုယ်တည်းရေရွတ်သလို တိုးတိုးလေးပြောတယ်။

နှစ်၂၀ကျော်ကြာပြီး အိမ်ရှေ့စံ မော်ကွန်းသခင်ဖြစ်ခါနီးမှ ပြန်ပေါ်လာတာ ကောင်းတဲ့ရည်ရွယ်ချက်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

သူကသာစိတ်ပူနေပေမဲ့ ပြတင်းပေါက်နားကနေ ဉယျာဉ်ထဲလှမ်းကြည့်နေတဲ့ သခင်လေးက သွေးအေးနိုင်လွန်းတယ်။

"သခင်"

"ဘာဘာ စိတ်မပူပါနဲ့"

ခေါ်လိုက်တော့လည်း တုံ့ပြန်လာတာက အေးတိအေးစက်။

"ကျွန်တော်မျိုး ဘယ်လိုလုပ် မပူရမှာပါလဲ"

"ပူနေလို့ရော ဘာထူးမှာပါလဲ။ သူတို့မှာ ကိုယ့်ကိုသတ်ဖို့ ရည်ရွယ်ချက်မှ မရှိတာ"

"သခင်က ဘယ်လိုလုပ် တပ်အပ်ပြောနိုင်တာပါလဲ။ ရန်သူကို လျော့မတွေးသင့်ပါဘူး"

You've reached the end of published parts.

⏰ Last updated: Mar 06 ⏰

Add this story to your Library to get notified about new parts!

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်Where stories live. Discover now