*1*ဟန်အိမ်တော်ရဲ့ ကြောင်ရိုင်းမလေး

4K 357 71
                                    

၁။ ဟန်အိမ်တော်ရဲ့ ကြောင်ရိုင်းမလေး

~~~

လွန်လေပြီးသောဘိုးဘေးတို့နဲ့ ကျားသစ်နက်ဝိဉာဉ်တို့ ကျက်စားရာ ဟန်အိမ်တော်...

ဟန်အိမ်တော်ဆိုတာ အနောက်မြောက်ဘက်ဒေသ အပူပိုင်းအမြဲစိမ်းတောထဲမှာ တည်ရှိတဲ့ ဟန်မျိုးနွယ်အပိုင် အိမ်တော်ကြီးတစ်ခုဖြစ်တယ်။

ထူပိန်းနေတဲ့ နှင်းဆီရိုင်းတွေ၊ ရက်စက်ကြမ်းတမ်းတဲ့ သားရဲတွေနဲ့ အရည်အချင်းရှိတဲ့ မျိုးဆက်တွေကြောင့် ဟန်အိမ်တော်က မြို့တော်မှာထင်ရှားတဲ့ နာမည်ကြီးအိမ်တော်တွေထဲက တစ်ခုလည်းဖြစ်တယ်။

အိမ်တော်ကြီးတစ်ခုလုံးကို အနက်ရောင်စကျင်ကျောက်တွေနဲ့ တည်ဆောက်ထားတာက ဟန်အိမ်တော်ရဲ့သင်္ကေတ ကျားသစ်နက်ကို ကိုယ်စားပြုလိုတာကြောင့်ဖြစ်တယ်။

ခမ်းနားစွာ နက်စွေးတယ်။
အကြောက်တရားတို့ ရှင်သန်ပျော်မြူးတယ်။အေးစက်မှုနဲ့ ယှဉ်ပြိုင်လိုခြင်းတို့သာကြီးစိုးတဲ့ အိမ်တော်ကြီးဖြစ်တယ်လို့ မြို့တော်တခွင်ကျော်ကြားတယ်။

သားရဲတိရိစ္ဆာန်နဲ့ ကျောက်သံပတ္တမြားပေါကြွယ်ဝပြီး ကြည်ညိုခံသျှင်တွေ နှစ်ချိုက်စွာဝတ်ဆင်တဲ့ အရည်ပြည့်ပတ္တမြားကို ဟန်ဒေသကနေ ဆက်သရတာဖြစ်တယ်။

တည်နေရာ နယ်နိမိတ်နဲ့ပတ်သတ်ရင် 'သျှင်'တွေရဲ့နောက် ဒုတိယနေရာကလိုက်ပြီး စိုက်ပျိုးရေးမြို့ဖြစ်တယ်။ အနောက်မြောက်ဒေသမှာ တခြားမျိုးနွယ်စုတွေ ရှိသေးပေမဲ့ ရာထူးအာဏာနဲ့ အဆင့်အတန်းတွေမှာ အပြတ်အသတ် ကွာခြားလွန်းတာကြောင့် အနောက်မြောက်မှာ 'ဟန်'လို့သာ ထင်ရှားတယ်။

အဲ့ဒေသကိုအပိုင်စားရတာက တရားရေးအမှတ်ကြီး ဦးဗညားဟန်။

လောဘကြီးပြီး ရာထူးအာဏာနဲ့ အတောမသတ်နိုင်နဲ့ စည်းစိမ်ဉစ္စာတွေကို ခုံမင်တယ်။

ကြွယ်ဝမှုဂုဏ်သတင်းကြီးတယ်။ ကိန်းခမ်းကြီးမှုမှာလည်း သျှင်တွေထပ်မသာရင်တောင် နောက်ကျမယ်မထင်ဘူး။

ပဒေသရာဇ်စနစ်ရဲ့ အဆီအနှစ်တွေကို စားသုံးခံစားခွင့်ရှိတဲ့ ရေပေါ်ဆီအလွှာတွေထဲကတစ်ဦးမို့ ဒီစနစ်ကို အသက်နဲ့လဲပြီး ကာကွယ်နေသူတစ်ဦးလည်းဖြစ်တယ်။

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်Where stories live. Discover now