*3*ဆက်ခံသူရဲ့ ပြည်တော်ပြန်ခရီး

1.1K 100 7
                                    

*၃* ဆက်ခံသူရဲ့ပြည်တော်ပြန်ခရီး

Sနိုင်ငံဟာ တည်နေရာနယ်နမိတ်ကျယ်ဝန်းပြီး သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ နယ်နိမိတ်စည်းတွေကြောင့် အိမ်နည်းချင်းနိုင်ငံတွေရဲ့ အားကျခြင်းကိုခံရတဲ့ နိုင်ငံကြီးတစ်ခုဖြစ်တယ်။ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆိပ်ကမ်းမြို့တော်တစ်ခု၊ စီးပွားရေးမြို့တော်တစ်ခုနဲ့ 'သျှင်'တို့စိုးစံရာ မြို့တော်ကြီးတစ်ခုလည်း ရှိတယ်။

ပေါများတဲ့သယံဇာတတွေနဲ့ တိုးတက်တဲ့လူသားအရင်းမြစ်ကို ပိုင်ဆိုင်ထားတဲ့ဒီနိုင်ငံမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက နှာခေါင်းရှုံ့ချင်စရာ တစ်ချက်တော့ရှိတယ်။

အဲ့ဒါက ဒီနိုင်ငံမှာ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့၊ သက်ဦးစံပိုင် ပဒေသရာဇ်စနစ်ဟာ ခုချိန်ထိ ထွန်းကားနေတာကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ ဖခင်နိုင်ငံကြီးတွေက သိပ်အမြင်မကြည်ချင်ကြဘူး။

ဒါပေမဲ့Sနိုင်ငံသားတွေကတော့ အဲ့လိုယူဆပုံမရဘူး။ ဒီနိုင်ငံမှာ အုပ်ချုပ်သူ တဖြစ်လည်း ကြည်ညိုခံ 'သျှင်'မျိုးနွယ်စုအပါအဝင် 'ဟန်' 'ရင်' 'ယောလ်'စတဲ့မျိုးနွယ်စုကြီး '၇'စုနဲ့၊ မျိုးနွယ်စုအငယ် ၂၀ကျော်ရှိတယ်။ မျိုးနွယ်စုတွေကြား အာဏာရရှိရေးအတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရှိပေမဲ့ ပြည်သူတွေကတော့ "သျှင်"တွေကိုသာ ဆက်ခံသူတွေအဖြစ် ယုံကြည်တယ်။ တစ်နည်း သျှင်တွေရဲ့အုပ်ချုပ်မှုကိုသာ ခံလိုကြတယ်။ တစ်ခြားမျိုးနွယ်စုတွေက အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ခွင့်ရှိပေမဲ့ အုပ်ချုပ်သူ(ဘုရင်)တော့မဖြစ်နိုင်ကြဘူး။

ဒီနိုင်ငံမှာ ဘုရင်ကို အုပ်ချုပ်သူ ဒါမှမဟုတ် သူတို့နာမည်နောက်မှာ အရှင်၊သခင်ကြီး အစရှိသဖြင့် တပ်ပြီးခေါ်ကြတယ်။ ဘယ်သူကမှ ဘုရင်ဆိုပြီး တိုက်ရိုက်မခေါ်ကြဘူး။ ဉပမာ ဒီခုနှစ်တွေရဲ့ အုပ်ချုပ်သူဘုရင်က သျှင်ဦးသိင်္ဂါဖြစ်တာကြောင့် သူ့ကို သိင်္ဂသခင်ကြီးလို့ ပြည်သူတွေက ချစ်စနိုးနဲ့ခေါ်ကြတယ်။

တခြားမျိုးနွယ်တွေမှာတော့ မျိုးနွယ်စုအကြီးအကဲကို မျိုးရိုးနာမည်ပဲကပ်ပြီး ခေါ်ကြတယ်။ ဉပမာ ဟန်သခင်ကြီး၊ ယောလ်သခင်ကြီး အစရှိသဖြင့်ပေါ့။ အကယ်၍ သျှင်ဦးသိင်္ဂသာ အုပ်ချုပ်သူဖြစ်မလာရင် သူ့ကို သျှင်သခင်ကြီးလို့ပဲ ခေါ်ခွင့်ရှိမှာဖြစ်တယ်တယ်။

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်Where stories live. Discover now