CHAPTER 17 - Me and Inhibitor, You choose one kind

10.5K 1.9K 129
                                    

Unicode

ပင်လယ်နဲ့နီးတဲ့ဒေသမှာရာသီဥတုကပြောင်းလဲချင်တဲ့အချိန်ပြောင်းလဲတယ်။ အခုဆိုလဲ အနက်ရောင်မိုးသားတိမ်တိုက်တွေကတလိမ့်လိမ့်တက်လာပီး လေပြင်းတွေကတဝေါဝေါတိုက်ခတ်နေတယ်။ ကောင်းကင်မှာကြောက်စရာ လျှပ်စီးကြောင်းတွေကလဲပေါ်ပေါ်လာတတ်သေးတယ်။

ကောင်းကင်တစ်ခုလုံးကမှိုင်းညို့နေတယ်။ ရုပ်​ရှင်အဖွဲ့သားတွေက မနက်စောစောမှာကတည်းကရိုက်ကူး​တာတွေကိုဆိုင်းငံ့ထားပီး လှေတွေကိုဆက်သွယ်ကာ မုန်တိုင်းလွတ်အောင် ကမ်း​ခြေမြို့ကိုပြန်ဖို့စီစဥ်နေကြတယ်။

စုန့်ရီက ပစ္စည်းပစ္စယတွေကိုမြန်မြန်သိမ်းလိုက်ပီးလှေပေါ်ရောက်အောင် ပစ္စည်းသိမ်းပေးတဲ့အဖွဲ့ကိုကူညီပေးလိုက်တယ်။ အားလုံးပီးသွားတဲ့အခါမှာတော့ စုန့်ရီကလေမှုတ်ထုတ်လိုက်ပီး လှေလက်ရမ်းမှာမှီကာ နဖူးကချွေးတွေကိုသုတ်လိုက်တယ်။

ဝမ်ဆူးယာရဲ့လက်ထောက်က အပြေးအလွှားဖြစ်နေပီး စိုးရိမ်နေပုံပေါက်တယ်။ သူကစုန့်ရီကိုမြင်တော့ မျက်လုံးတွေအရောင်တောက်သွားတယ် "အစ်ကိုစုန့် ဆူးယာကိုမြင်မိသေးလား?"

စုန့်ရီကအလုပ်ရှုပ်နေတာမို့ ဘေးနားကလူတွေကိုအာရုံမစိုက်မိဘူး "ဆူးယာ​ပျောက်နေလို့လား"

လက်ထောက်လေးကခေါင်းညိမ့်ပြတယ် "မိတ်ကပ်​ဖျက်အောင်လို့ ကျွန်မတို့မိတ်ကပ်အဖွဲ့ထဲကိုသွားတာ ကျွန်မ toilet ခနဝင်ပီးထွက်​လာတော့ သူကမရှိတော့ဘူး ကျွန်မဘေးကလူတွေကိုလဲလိုက်မေးကြည်ပြီးပီ မတွေ့ဘူးတဲ့"

"မင်းအားလုံးကိုသွားမေးတာလား?" စုန့်ရီကမျက်မှောင်ကြုံ့လိုက်တယ်။ သူတို့ရိုက်ကူးရေးလုပ်တဲ့နေရာကအရမ်းကြီးမကျယ်ဘူး။ အရွယ်ရောက်ပီးသားလူတစ်ယောက်ပုန်းနေဖို့ဆိုတာမဖြစ်နိုင်ဘူး။

လက်ထောက်လေးကအလောတကြီးနဲ့ငိုခါနီးဖြစ်နေပီ "အင်း တစ်ယောက်ချင်းစီကိုလိုက်မေးထားတာ သူတောထဲကိုတော့ဝင်မသွားလောက်ပါဘူးနော် ဟုတ်တယ်မလား?"

ကမ်း​​ခြေနားမှာစိမ်းလန်းစို​ပြေတဲ့သစ်တောလေးတစ်ခုရှိတယ်။ စုန့်ရီလဲလျှောက်ကြည့်ဖူးတယ်။ ပတ်ဝန်းကျင်ကစိမ်းစိုနေပီး လုံးဝသဘာဝအတိုင်းဖြစ်တယ်။ အဲ့ဒီမှာမြွေတွေငှက်တွေလဲရှိတယ်။ အင်တာနက်မှာပြောထားတာတွေအရတော့ အဝါရောင်ဆိတ်လေးတွေကိုမြင်တဲ့လူတချို့လဲရှိတယ်တဲ့။ ဝမ်ဆူးယာဆိုတဲ့ဒီကောင်မလေးကလေ တောထဲကိုတစ်ယောက်ထဲဝင်သွားရအောင် အရမ်းတွေသတ္တိရှိနေတာလားမသိဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now