CHAPTER 18 - You are such a little liar

10.8K 1.9K 222
                                    

Unicode

နောက်တစ်နေ့မှာတော့,

ကုရှင်ချွမ်းကနိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ခေါင်းကိုလှည့်လိုက်တဲ့အချိန်မှာ သူ့ပခုံးကရွစိစိနဲ့ယားသလိုခံစားလိုက်ရတယ်။ နေရာကျဥ်းကျဥ်းလေးထဲမှာ သန့်စင်ထိရှလွယ်တဲ့နို့နံ့သင်းသင်းလေးနဲ့ပြည့်နေတယ်။ အဲ့ဒီနှစ်လိုဖွယ်အနံ့လေးက သူ့ခန္တာကိုယ်ဆီကိုဝင်ရောက်လာပီး သူ့ရဲ့ပူနွေးထဲရင်ဘတ်ထဲကသွေးစီးကြောင်းတစ်လျှောက်တိုက်ရိုက်စီးဆင်းသွားတော့တယ်။

သူမျက်လုံးဖွင့်ပီး ခေါင်းကိုငုံ့ကြည့်လိုက်တော့ သွယ်လျတဲ့လည်ကုပ်ဖွေးဖွေးလေးကိုမြင်လိုက်ရတယ်။ သူရဲ့ဆံပင်​ကနက်မှောင်နေတာကြောင့် သူ့လည်ပင်းသားလေးကိုပိုပီးတောက်ဖြူဝင်းသွားစေတယ်။ ဆံပင်အစပ်လေးမှာနည်းနည်းလေးတိုသွားပီး အ​မွေးပွပွခေါင်းလေးက ကလေးတစ်ယောက်လိုမျိုး ဖြူစင်သန့်ရှင်းတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စကတော့ သူ့ရဲ့လည်ပင်းနောက်က gland ကကြောက်စရာကောင်းနေတာဖြစ်ပီး သွားရာတွေကတစ်ခုပီးတစ်ခုသိပ်သိပ်သည်းသည်းတည်ရှိနေတယ်။ ဒီ gland ပိုင်ရှင်ကအများကြီးခံစားခဲ့ရမယ်ဆိုတာကြည့်ရုံနဲ့တင်သိနိုင်တယ်။

ကုရှင်ချွမ်းခနလောက်ကြောင်သွားပီးတဲ့နောက်မှာ သူ့နောက်ကျောကအေးစက်လာပီး သူ့ရဲ့သူငယ်အိမ်ကတင်းကျပ်သွားတာက မိုးကြိုးပစ်ခံလိုက်ရတဲ့အတိုင်းပဲ။

သူစုန့်ရီကိုလုပ်ခဲ့တယ်....

စုန့်ရီကတကယ်တော့ omega တစ်ယောက်။ သူ့ pheromines ကရှန်းလီနဲ့  လုံးဝတူညီတယ်။

အဲ့ဒီသုံးချက်ကဗုံးအတွဲလိုက်ကြီးလို့ ကုရှင်ချွမ်းရဲ့ရင်ဘတ်ကိုထိမှန်ပီး သူ့ရင်ဘတ်ကြီးကဗုံးပေါက်တဲ့နယ်မြေတစ်ခုလို တဘုန်းဘုန်းတအုန်းအုန်းမြည်နေတယ်။

သူကအရမ်းလွှမ်းမိုးနိုင်အားကြီးစွာဖြင့်ကြီးပြင်းခဲ့ပေမဲ့ ဘာလုပ်လုပ်ကိုယ့်အတိုင်းအတာနဲ့ကိုယ်ပဲ။ ဘယ်တော့မှဘေးအန္တာရယ်ဖြစ်စေတာမျိုးမရှိဘူး။ သူ့တို့ရဲ့ဟာကိုသူတို့မထိန်းချုပ်နိုင်တဲ့alpha တွေနဲ့မတူဘဲ သူက omega တွေနဲ့တွေ့ဆုံရင်ဆိုင်ရတဲ့အခါမှာဘယ်တုန်းကမှ ထိန်းချုပ်မှုလွတ်ထွက်သွားတာမျိုးမရှိခဲ့ဖူးဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now