CHAPTER 20 - Temporary

11.3K 1.8K 84
                                    

Unicode

စုန့်ရီမျက်လုံးမှေးကျဥ်းလိုက်ပီး လက်ဖက်ခွက်လေးတွေကိုဗီရိုထဲကနေထုတ်ယူလိုက်တယ်။ Biluochun ကိုလက်ဖက်ရည်အိုးလေးထဲဖြည်းဖြည်းလေးထည့်လိုက်တယ် "မင်းချွေးတွေထွက်နေတယ် အပူသက်သာအောင်လက်ဖက်ရည်လေးသောက်ပါအုံး"

ကျောက်ကျန်းဝေက တစ်ရှူးအရွက်အနည်းငယ်ကိုဆွဲထုတ်လိုက်ပီးချွေးတွေကိုသုတ်ပစ်ကာ အပြုံးတစ်ခုကိုဖျစ်ညှစ်ပြုံးပြလာတယ် "ရာသီဥတုကအရမ်းပူတယ်"

"မင်းအများကြီးပြောင်းလဲသွားတာပဲ ငါမင်းကိုတွေ့တွေ့ချင်းမှတ်တောင်မမှတ်မိဘူး" စုန့်ရီကပြုံးပီး လက်ဖက်ရည်တစ်ခွက်ငှဲ့ကာသူ့ကိုကမ်းပေးလိုက်တယ်။

ကျောက်ကျန်းဝေကအမြန်ယူလိုက်ပီး သူ့ကိုမြှောက်ပင့်တယ် "အများကြီးပြောင်းလဲသွားတာကမင်းပါ ရွှယ်ပ(ဘ) တစ်ယောက်ကနေအခု star တစ်ယောက်ဖြစ်နေပီ ငါအန်တီ့အတွက်အလုပ်မလုပ်မပေးရဘူးဆိုရင် ယုံမှာတောင်မဟုတ်ဘူး"

"မင်းကယဥ်ကျေးလွန်းနေပြန်ပါပီ" စုန့်ရီကမေးရိုးကိုတင်းလိုက်ပီး သွယ်ဝိုက်ပြောလိုက်တယ် "ဒီအလုပ်က နံရံတွေဝိုင်းထားတဲ့မြို့ကြီးတစ်ခုလိုပဲ အထဲကလူတွေကအပြင်ကိုထွက်ချင်ပီး အပြင်ဘက်ကလူတွေကိုဝင်လာချင်ကြတယ် တစ်တောင်ထက်တစ်တောင်မြင့်ကြပီး သာမန်လူတွေနဲ့မခြားနားပါဘူး"

ကျောက်ကျန်းဝေကခြောက်ခြောက်ကပ်ကပ်ပြုံးလိုက်ပီး ​လက်ဖက်ရည်ကိုပဲပါးစပ်နဲ့အပြည့်သောက်လိုက်တယ်။

စုန့်ရီကသူ့ကိုကြည့်လိုက်ပီး မထူးမခြားနားပဲမေးလိုက်တယ် "မင်း X university ကိုရေတက်ရမှာကိုငါမှတ်မိပါသေးတယ် ဘယ်လိုလုပ် bodyguard တစ်ယောက်ဖြစ်လာတာလဲ?"

ကျောင်းကျန်းဝေကကျောင်းလူဆိုးတစ်ယောက်ဖြစ်နေပေမဲ့ သူ့မိဘတွေကအခြေကောင်းပါတယ်။ သူ့အဆင့်ကဆိုးရွားနေတယ်ဆိုရင်​တောင် သူ့မိသားစုကကျောက်ကျင်းဝေဘွဲ့တစ်ခုခုရအောင်ပိုက်ဆံစိုက်နိုင်တယ်။ ​အတန်းပိုင်ဆရာကကျောက်ကျန်းဝေအကြောင်းကို​နေတိုင်းပြောပီး အတန်းထဲကလူမိုက်လေးတွေကိုကျောက်ကျန်းဝေ​နောက်မလိုက်ဖို့အမြဲတမ်းပြောလေ့ရှိတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now