CHAPTER 21 - Is it okay to watch cartoons?

10.1K 1.7K 146
                                    

Unicode

စုန့်ရီ ဒီရက်ပိုင်းတွေမှာ Imperial Capital ကုပြန်လာပီး သူ့မိသားစုနဲ့နေတာနဲ့အချိန်ကုန်နေတာ ချန်းစုန့်ကိုဖုန်းနဲ့တောင် မဆက်သွယ်ဖြစ်ဘူး။ ဇာတ်ကားအတူတူကြည့်ဖို့​ဆိုတာပြောပြနေစရာတောင်မလို​တော့ဘူး။ "အခုထိမကြည့်ရသေးဘူး ဘာဖြစ်လို့လဲ?"

ကုရှင်ချွမ်းက စိတ်သက်သာရာရစွာလေမှုတ်ထုတ်လိုက်ပီး သူ့ရဲ့နှုတ်ခမ်းစွန်းလေးကမြင့်တက်သွားတယ် "ငါ'xxx' ရဲ့ blu-ray ခွေဝယ်ထားတယ် ငါမင်းကိုဇာတ်ကားအတူတူကြည့်ရအောင်ခေါ်မလို့"

စုန့်ရီကသူ့ရင်ဘတ်ကိုသူလက်ညှိုးထိုးပြတယ် "မင်းကငါ့နဲ့အတူရုပ်ရှင်ကြည့်ချင်တယ်?"

ကုရှင်ချွမ်းကသူနဲ့ဇာတ်ကားအတူတူကြည့်ချင်တယ်တဲ့ အဲ့တာကအဆင်ပြေပါ့မလား?

"မရဘူးလား?" ကုရှင်ချွမ်းကသူ့ကို​တင်းမာတဲ့အသံနဲ့ပြောပီး သူ့ကိုကြည့်လာတယ် "မင်က ချန်စုန့်နဲ့ကျကြည့်လို့ရပီး ဘာလို့ငါနဲ့ကျအတူတူကြည့်လိုမရတာလဲ?"

စုန့်ရီကအသက်ပြင်းပြင်းရှူလိုက်ပီး ကုရှင်ချွမ်းရဲ့လက်ဖမိုးကိုပုတ်လိုက်ကာ အကျိုးအကြောင်းသင့်သင့်ပြောလိုက်တယ် "ငါတို့ကရုပ်ရှင်အတူတူကြည့်ဖို့မလိုအပ်ဘူး ဟုတ်တယ်မလား?"

ကုရှင်ချွမ်းကသူ့လက်ကိုတင်းကျပ်လိုက်​တော့ စုန့်ရီလက်​ကောက်ဝတ်နာကျင်သွားရတယ်။ သူ့လက်ထဲကနေရုန်းလို့လဲမရတာမို့ ကုရှင်ချွမ်းရဲ့ ရိုင်းစိုင်းတဲ့ရှင်းလင်းချက်ကြီးကိုပဲနာထောင်နေရတယ် "ငါကမင်းရဲ့ alpha မင်းနဲ့ဇာတ်ကားအတူတူကြည့်တာပဲဘာမှားနေလို့လဲ?"

စုန့်ရီရဲ့ဒေါသကငယ်ထိပ်ကိုရောက်သွားပီး အေး​စက်စက်မေးလိုက်တယ် "ကုရှင်ချွမ်း ငါကအနိုင်ကျင့်စရာကောင်းတဲ့ပုံပေါက်နေလို့လား?"

"ဘယ်သူကမင်းကိုအဲ့တိုင်းမြင်လို့လဲ? မင်းသွားမှာလား မသွားဖူးလား?" ကုရှင်ချွမ်းကကြမ်းကြမ်းတမ်းတမ်းပြောလာတယ်။

စုန့်ရီကမကြောက်မလန့်နဲ့ ခပ်မာမာပြန်ကြည့်ပီး ဒေါသတကြီးပြောလိုက်တယ် "မသွားဘူး"

ကုရှင်ချွမ်းမျက်လုံးတွေကအရမ်းခက်ထန်နေပီး တအားစိတ်ဆိုးနေတယ်။ နတ်ဆိုးတစ်​ပါးလိုလို ဝံပုလွေလိုလို​အကြည့်က စုန့်ရီကိုပျာယာခတ်စေတယ်။ ကုရှင်ချွမ်းရဲ့လူနဲ့မတူတဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသူကိုယ်တိုင်လက်တွေ့ခံစားခဲ့ရဖူးတယ်လေ။ တကယ်လို့လက်​တွေပါပါလာရင် သေချာပေါက်သူ့ဘက်ကဘာမှပြန်မလုပ်ရဘဲ အရိုက်ခံနေရလိမ့်မယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now