Unicode
မနက်ခင်းရောက်ပီဆိုတဲ့ အသိနဲ့ အတူ မျက်လုံးတို့ကိုဖွင့်လိုက်တော့ ခေါင်းက မထနိုင်လောက်အောင် ထိုးကိုက်လာသည်
သူ မနေ့က အသိစိတ်ပျောက်အောင်ကို မူးသွားခဲ့တာပဲ
အိမ်ကိုတောင် ဘယ်လိုပြန်ရောက်လာမှန်း မမှတ်မိတော့ဘူးဒါပေမယ့် အရက်သောက်ပီးမေ့သွားတဲ့အထဲ ပါသွားစေချင်တဲ့ မနေ့က အဖြစ်အပျက်ဆိုးတွေကတော့ ခေါင်းထဲမှာပျောက်မသွား ဆက်ရှိနေဆဲ
အော်....ဒီစိတ်နဲ့ပဲ မနက်ခင်းကို နိုးထရပြန်ပါရောလားရေမိုးချိုး ကိုယ်လက်သန့်စင်ပီး အိမ်အကူ အဒေါ်ကြီးလုပ်ပေးထားတဲ့ အမူးပြေ စွပ်ပြုတ်ကို စိတ်မပါလက်မပါသောက်နေမိသည်
ကိုယ့်ပုံစံမှာ ရှင်းဂျယ်ယွန်း မပီသစွာ အရှုံးသမားပုံပေါက်လွန်းနေတာကိုလဲ သိသည်
ဒီလိုပုံစံဖြစ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ဂျယ်ယွန်း မုန်းမိသည်သူခေါင်းတွေ ခပ်မြန်မြန် ခါရမ်းလိုက်ပီး ကိုယ့်ကိုယ်ကို အာရုံပြန်စုလိုက်သည်
ဒီလိုပဲ ဘာမှမဖြစ်ခဲ့သလို မေ့မေ့ပျောက်ပျောက်နေကြည့်ကြတာပေါ့
အတတ်နိုင်ဆုံး....××××××××××
"ဒီနေ့ Mr.Ethan ပို့လိုက်တဲ့ မြေနေရာတွေလိုက်ကြည့်ပီးပီ အကုန်အဆင်ပြေတယ်ဗျား"
"အဆင်ပြေတယ်ကြားရတာ ဝမ်းသာပါတယ် ကျွန်တော်တို့ဘက်က ပိုင်ရှင်နဲ့လဲ စာချုပ်ချုပ်ပီးပီဆိုတော့ လုပ်ငန်းစလို့ရပီ အကုန်အဆင်သင့်ပဲ"
"Okay! Sim groupနဲ့လက်တွဲအလုပ်လုပ်ရတာ အဆင်မပြေတဲ့အချိန်ဆိုတာမရှိရဘူး တကယ်ကိုပဲ ဥက္ကဌကြီးSimကတော့ ဒီလို ထက်ထက်မြက်မြက်သားနှစ်ယောက်ကိုရထားတာ အတော်ကိုကံကောင်းတဲ့လူ"
"ဟားဟား အဲ့လောက်လဲမဟုတ်ရပါဘူး လောလောဆယ် အစားအသောက်တွေ အရင်မြည်းပါအုံး ကျွန်တော် ဆိုင်ကိုသေချာရွေးထားတာ"
အရေးကြီး Bussiness meetingရှိလို့ လာခဲ့ရပေမယ့်လဲ သူ့မှာ ဘာစကားတစ်ခွန်းမှဝင်မပြောနိုင်
တစ်ဖက်လူက ဘာပြောနေလဲတောင် သေချာ အာရုံမရဖြစ်နေသည်
မေ့မေ့ပျောက်ပျောက်နေကြည့်မယ်ဆိုခါမှ အသိစိတ်တောင်မကပ်တော့လောက်အောင်ပင်
ပိုတွေးမိနေတော့ မခက်ပေဘူးလား