20

957 102 117
                                    

Unicode

"ဘာကိုယုံပေးရမှာလဲ ကျွန်တော်လိုချင်ခဲ့တဲ့အချစ်ကပူလောင်သောကတွေသိပ်ကင်းတာ မလိုအပ်ဘူးဒီလိုအချစ်မျိုး၊ ခုလိုလေးစားမှုမရှိတဲ့အပြုအမူတွေလဲမုန်းတယ် ခင်ဗျားရဲ့စည်းမရှိတဲ့တဇွတ်ထိုးဆန်မှုတွေကိုလဲမုန်းတယ်"

"မုန်းတယ် အားလုံးမုန်းတယ် ရှင်းဂျယ်ယွန်း ခင်ဗျားကိုအမုန်းဆုံးပဲ"

ရင်ကိုတဆစ်ဆစ်ထိုးကိုက်ဖောက်ခွဲစေသောစကားလုံးများဆိုသော်ငြား လက်ချောင်းသွယ်တွေကတော့ လက်မောင်းထိပ်နှစ်ဖက်မှအင်္ကျီစတွေကိုမလျော့မတင်းဆုပ်ကိုင်ထားပုံအရ အမျက်တော်ရှတုန်းပြောထွက်လာသောစကားလုံးတွေမှန်းသိသာလှသည်။

စိတ်ရင်းမဟုတ်သောစကားတွေမှန်းနားလည်ပေမယ့် ကြင်သူ၏နူတ်ဖျားထက်မှ တစ်ချို့တစ်ဝက်စကားလုံးများကိုတော့ ငြင်းဆန်၍မရ၊ ထိုအတွက်တော့ သူ့ရင်ဘတ်တွေနာကျင်ရသည်

ကျွန်တော်လိုချင်ခဲ့တဲ့အချစ်ကပူလောင်သောကတွေသိပ်ကင်းတာတဲ့......ဟုတ်ပါရဲ့ သူ ကလေးငယ်ကိုဒဏ်ရာတွေနက်နဲစေခဲ့တာများသွားပြီ၊ သူ့ကြောင့်ကလေးငယ်ကနေ့တိုင်း ညတိုင်းငိုနေရသည်

မျက်ဝန်းရှေ့မှမြင်နေရသော ပုံရိပ်လွှာလေးသည်လဲ တရှိုက်ရှိုက်ငိုကြွေးနေသည်။ ပြေပြစ်ဆင်းချောသော နှာတံရှည်ထိပ်လေးသည် နီနီရဲရဲ၊ ဝိုင်းစက်စက်မျက်ဝန်းအိမ်တို့မှ မျက်ရည်စတွေသည် နှာတံရင်းမှ မှဲ့လုံးလုံးလေးဆီသို့ပါကူးစက်စိုစွတ်နေလေပြီ

တရှိုက်တငင် အားပါးတရငိုကြွေးထားသောခန္ဓာကိုယ်လေးမှာလဲတုန်ယင်နေလေ၏။ ကလေးငယ်၏ တစ်ဆတ်ဆတ်တုန်ရီနေသော လက်သွယ်နှစ်ဖက်ကို သူ့လက်ဖဝါးနွေးနွေးတို့နှင့်သိုင်းခြုံရစ်နွယ်မိလိုက်သည်။ လက်ချောင်းသွယ်တို့သည် ရေခဲတစ်မျှစိုစွတ်အေးစက်နေလေ၏။

"ဘေဘီ ငိုတာအရမ်း​များနေပီ ခနလောက်စိတ်ကိုလျှော့လိုက်.......ကိုယ့်ကိုကြည့် ကိုယ့်မျက်လုံးတွေကိုကြည့်ပါအုံး"

My Essential Hoon Donde viven las historias. Descúbrelo ahora