18

828 109 62
                                    

Unicode

("ဂျုံဆောင်း ဒါပီးရင် မင်းအရင်ပြန်နှင့်ပါလား ငါပါမောက္ခကိုမေးစရာလေးရှိလို့")

("ဘာမေးမလို့လဲ ငါလဲစောင့်နေပေးမယ်")

("မစောင့်ပါနဲ့ဆို ပြန်နှင့် စာမေးတာကကြာမှာမလို့")

("ကြိုက်သလောက်ကြာအောင်မေး စောင့်မယ်")

ခဲတံတစ်ချောင်းနှင့်စာရွက်ဖြူပေါ်ရေးနေသော လက်များကိုရုတ်လိူက်ပီး စာသင်နေတုန်းအပြန်အလှန်စကားပြောထားသော အနှီစာရွက်ဖြူအား ခပ်ဖွဖွလုံးချေကာ အိတ်ထဲသို့ထိုးထည့်လိုက်သည်

မျက်မှောင်နှစ်ဖက်ကိုကြုံ့ကာ white boardရှေ့အကြည့်ရောက်နေသော ဂျုံဆောင်း၏တံတောင်ကို လက်ချောင်းဖျားတွေနဲ့ ခပ်ဆတ်ဆတ်တောက်ချလိုက်တော့ "အာ့"ဆိုပြီးခပ်တိုးတိုးအာမေဋိတ်တစ်ချက်ပြုကာ ကိုယ့်ဘက်ကို စူးစူးဝါးဝါး မျက်စောင်းနှင့်လှည့်ကြည့်လာလေသည်

"ဘာလို့ဒီလောက်ပြောရခက်နေတာလဲ အရင်ပြန်နှင့်ပါဆို"

"ဘာဖြစ်နေတာတုန်း အရူးကောင် စောင့်နေပေးမယ်ဆိုတာကိုအတင်းပြန်ခိုင်းနေတယ် မင်း တစ်ခုခုမဟုတ်တာလုပ်မလို့မလား"

"ဟာ မဟုတ်ပါဘူး အရင်ပြန်ခိုင်းရင်ပြန်လိုက်ပေါ့ ဘာလို့အရစ်တွေရှည်နေတာလဲ"

တိုးစိတိုးစိ နှစ်ကိုယ်ကြားရုံစာ လေသံတွေနဲ့ စကားများနေရင်း ဂျုံဆောင်းကြောင့် စိတ်ကမွန်းကြပ်လာသည်။ လေသံမှာအနည်းငယ်ပိုကျယ်သွားပြီး ခြေတစ်ဖက်စောင့်လိုက်မိတော့ စာသင်နေတဲ့အခန်းကတိတ်ဆိတ်သွားကာ အကုန်လုံး၏ အကြည့်က မိမိတို့နှစ်ယောက်ရှိရာသို့

"ကလေးတွေ အိပ်ချင်နေကြပြီထင်တယ် နောက်ထပ်ငါးမိနစ်လောက်ပဲ သည်းခံအာရုံစိုက်ထားကြပါအုံးနော်"

ပါမောက္ခကင်က ပြုံးတုံ့တုံမျက်နှာချိုနှင့် လှမ်းပြောလေတော့ ဂျုံဆောင်းကခုံအောက်မှနေမသိမသာ ဆောင်ဟွန်း၏လက်မောင်းကို နာအောင်လှမ်းဆိတ်သည်

"ဟုတ်ကဲ့ပါ ပါမောက္ခ ဒီမှာ ပတ်ဆောင်ဟွန်းငိုက်နေလို့ပါ"

My Essential Hoon Where stories live. Discover now