31

931 106 127
                                    

Unicode

"ရူးနေလို့ပေးလမ်းခွဲရမှာလား အရူးလေး......ထပ်ပီးဇာတ်လမ်းစလာပြန်ပြီ"

ကိုယ့်မှာတော့ တစ်ကိုယ်လုံးကအားအင်တွေအကုန်စုထွေးလို့ နင့်နင့်နဲနဲပြောချရတဲ့လမ်းခွဲစကားဆိုပေမယ့် သူကတော့မတုန်မလှုပ်ပဲ အေးအေးဆေးဆေးနဲ့။ ပွေ့ဖက်ထားခြင်းမပျက် ကိုယ့်ဆံပင်တွေကိုတစ်ဖွတစ်ယ ထွေးသပ်ကာ 'အရူးလေးကွာ'ဟုပဲ သာသာယာယာငြီးငြူအပြစ်ဆိုပြနေလေ၏။

ဆောင်ဟွန်း မျက်ရည်စတွေကိုအဆောတလျင်သုတ်ကာ သူ့ရင်ခွင်ထဲမှရုန်းထပစ်လိုက်သည်။ မျက်နှာချင်းဆိုင်မိတဲ့သူ့မျက်နှာကပြုံးရေးရေးနဲ့ ဘာမှမဖြစ်သလိုပဲ။

"နောက်နေတယ်မှတ်နေတာလား လေးလေးနက်နက်ပြောနေတာ ဒီလိုခပ်ပေါ့ပေါ့စကားတွေပြန်မပြောနဲ့ဒီအချိန်မှာ ကျွန်တော်မကြိုက်ဘူး"

"လေးလေးနက်နက်ပြောတယ်ဆိုတာ ဘယ်စကားတစ်ခွန်းကိုရည်ညွှန်းချင်တာလဲ......ကိုကို့ကိုကျွန်တော်ချစ်တယ်ဆိုတဲ့စကားလား"

"ဒါမှမဟုတ် ရူးနင့်နေအောင်မြတ်နိုးမိနေပါပြီဆိုတာလား.......ဘေဘီတကယ်ကွာ ကိုကို့ကိုheart attckရပြီးတန်းသေသွားတာမြင်ချင်လို့လား ဘာလို့သိပ်သိပ်ကိုချစ်ဖို့ကောင်းပြနေရတာလဲ ဟင်....."

သူသည် ပါးမို့မို့နှစ်ဖက်ကိုခပ်ဖွဖွဖျစ်ညှစ်ကာ နှာတံစင်းစင်းလေးကိုကျုံလျက်ကျုံကာရယ်နှင့် အသည်းယားမှုတွေကိုဖော်ပြ၏။ လမ်းခွဲစကားနှင့်ပတ်သက်လို့ တစ်ခွန်းတောင်မှပြန်မဟသည့်အပြင် တည်တည်ငြိမ်ငြိမ်ရှိလှသောသူ့ကြောင့် ဆောင်ဟွန်းစိတ်ကလေးများပင် ခပ်ဆတ်ဆတ်ဖြစ်ချင်လာသည်။

"လမ်းခွဲမယ်လို့ပြောတာကိုမကြားတာလား မကြားသလိုလျစ်လျူရှုနေတာလား ကျွန်တော်ပြောနေတယ်လမ်းခွဲကြမယ်လို့"

ပြုံးရေးရေးသူ့မျက်နှာက ချက်ချင်းဆိုသလို ကန်ငယ်ထဲကရေသေရိပ်တစ်ခုလို ငြိမ်ကျသွားသည်။ မျက်ဆံနက်တွေဆီမှာလဲ အတန်ငယ်ဝမ်းနည်းမှုတွေမြင်လာရပြီ။

"လမ်းမခွဲဘူးလို့ ကိုဘယ်နှစ်ခါပြောရမလဲဆောင်ဟွန်း မခွဲပေးနိုင်ဘူး ပြောပီးသားစကားကိုလဲနှစ်ခါမပြင်ဘူး ဒီအကြောင်းထပ်မပြောနဲ့တော့"

My Essential Hoon Where stories live. Discover now