CHAPTER 22 - Xia Feng (Summer wind)

10.2K 1.7K 147
                                    

Unicode

စုန့်ရီကကုရှင်ချွမ်းရဲ့ကားနဲ့ပဲအိမ်ကိုပြန်လာခဲ့တယ်။ ညဆယ့်တစ်နာရီဆိုတော့ ကားပါကင်မှာလူရှင်းတယ်။ စုန့်ရီကကားတံခါးကိုဖွင့်ကာဆင်းလိုက်ပ်ိး တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "ငါ့ကိုအိမ်လိုက်ပို့ပေးလို့ကျေးဇူးပါ"

ကုရှင်ချွမ်း ကားပြတင်းပေါက်ပေါ်မှာတံတောင်ဆစ်နဲ့ထောက်လိုက်ပီး သူ့ကိုအထက်အောက်ကြည့်လာတယ် "ကျေးဇူးတင်ပါတယ်ပြောတာနဲ့ပြီးသွားရောလား?"

စုန့်ရီက​မေးကိုနည်းနည်းမော့ပီး သူ့ကိုကြည့်လာတယ်။ သူ့ရဲ့မေးရိုးအဆုံး လည်ပင်လေးကပင်လယ်အော်ကရေကြည်ကြည်လေးတွေလိုပဲကြည်လင်လှတယ် "မင်းဘာလိုချင်လို့လဲ?"

အဲ့ဒီမျက်​လုံးတွေကလဲအေးစက်ပီး လျစ်လျုရှုတဲ့အကြည့်တွေနဲ့ကြည့်တတ်တယ်။

ကုရှင်ချွမ်း ဒီထက်ပိုပီးရင်းနှီးမှုမရှိနိုင်ခဲ့ဘူး။ ကျောင်းမှာတုန်းကဆို စုန့်ရီကပေါင်းရသင်းရလွယ်တဲ့လူအဖြစ်အသိများကြတယ်။ သူကလူတိုင်းကိုပြုံးပြတယ်။ အတန်းပိုင်ဆရာမကဆို ဒီကလေးက စိတ်ထားကောင်းလွန်းလို့အနာဂတ်မှာအနိုင့်ကျင်ခံရမှာစိုးတယ်ဆိုပီးမကြာခဏပြောလေ့ရှိတယ်။

ကုရှင်ချွမ်းနဲ့တွေ့ဆုံရင်တော့ စိတ်ဓာတ်ကျစရာပဲ။ စုန့်ရီကလူတိုင်းကိုအထင်သေးပီး အရမ်းဟိတ်ကြီးဟန်ကြီးနိုင်တာကို သူ(gu) ကလွဲပီး ဘယ်သူကမှ​မပြောကြဘူး။ ဒီလူတွေကမျက်လုံးများကန်းနေကြတာလားဆိုပီးသူမနားလည်နိုင်ဖြစ်နေပေမဲ့ သူတို့ကိုလျစ်လျူရှုထားလိုက်တယ်။ နှစ်အနည်းငယ်အကြာမှာ​တော့ ဒါကဘာလဲဆိုတာနားလည်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ စုန့်ရီကဟန်ဆောင်ကောင်းလွန်းတယ်!

စုန့်ရီရဲ့မျက်လုံးတွေကို အရင်တုန်းးကမြင်ခဲ့ရစဥ်က သူ့(SY)ကိုခေါင်းငုံ့စေပီး သူ့(gu) ဆီမှာခစားအောင်လုပ်ပစ်ချင်တယ်လို့ ကုရှင်ချွမ်းတွေးခဲ့ဖူးတယ်။ အခုတော့ စုန့်ရီရဲ့ဒီလိုမျက်လုံးတွေကိုမြင်ရတဲ့အခါမှာ တစ်ကိုယ်လုံးပူလောင်လာရတယ်....ဒါကသောက်ရမ်းsexy ကျတယ်။

ကုရှင်ချွမ်းက​အ​ရှေ့ကိုကိုင်းလိုက်ပီး စုန့်ရီကိုကြည့်ကာ အဓိပ္ပါယ်မပြတ်သားစွာပြောလာတယ် "မင်းကငါ့ကိုလက်ဖက်ရည်လေးတစ်ခွက်လောက်​ဖြစ်ဖြစ်သောက်ဖို့တောင်မခေါ်တော့ဘူးလား?"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now