CHAPTER 23 - Bai Yueguang is back.

9.3K 1.6K 33
                                    

Unicode

ဇာတ်ကားပြန်ရိုက်ရအောင်မသွားခင်မှာတော့ စုန့်ရီက ပုဂ္ဂလိကဆေးရုံတစ်ခုကိုအရင်သွားခဲ့တယ်။

Omega အသစ်တစ်ယောက်အနေနဲ့ စုန့်ရီကဆရာဝန်တွေရဲ့အကူအညီကိုအရေးတကြီးလိုအပ်တယ်။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးဆရာဝန်က စုန့်ရီကိုဇီဝကမ္မဆိုင်အချက်အလက်တွေအထပ်လိုက်ကို လက်ကမ်းပေးတယ် "သေသေချာချာကြည့်ကြည့်လိုက်​အုံး inhibitor တွေက estrus ကာလကိုနှောင့်နှေးသွားစေရုံပဲတတ်နိုင်တယ် estrus ကာလကိုလုံးဝပြီးမြောက်သွားစေမှာမဟုတ်ဘူး"

စုန့်ရီအချက်အလက်တွေကို​ဂရုတစိုက်ကြည့်ကြည့်နေပီး သူ့ရဲ့လက်ချောင်းဖြူဖြူလေးတွေက စာရွက်တွေကိုတစ်ရွက်ချင်းလှန်တယ်။

အမျိုးသမီးဆရာဝန်ကသက်ပြင်းချတယ် "ရှင် inhibitor ကိုအချိန်အကြာကြီးအသုံးပြုမယ်ဆိုရင် နောက် estrus ကာလကိုပိုပိုပီးပဲဆိုးရွားသွားစေလိမ့်မယ် ဒီလိုအရာမျိုးကကျဲပါးသွားစေတာမျိုးပဲရှိတယ်လုံးဝပိတ်ဆို့လို့မရဘူး"

"ကျွန်တော်ကုသလို့မရနိုင်ဘူးလား?" စုန့်ရီကနောက်ဆုံးတစ်ခေါက်တုန်းက ရုတ်တရပ်ဖြစ်ခဲ့တဲ့ estrus ကိုကြောက်ရွံ့နေတုန်းပဲ။

ဆရာဝန်မကြီးကခေါင်းခါပီး နူးနူးညံ့ညံ့ပြောလာတယ် "ရှင့်ကိုကူညီပေးဖို့ alpha တစ်ယောက်ကိုပဲရှာနိုင်တယ်"

စုန့်ရီခေါင်းငုံ့ပီးပဲ ဆေးစစ်ချက်တွေကိုကြည့်နေလိုက်တယ် "အကြံပြုချက်အတွက်ကျေးဇူးတက်ပါတယ်ခင်ဗျ ကျွန်တော်အဲ့တာကိုစဥ်းစားကြည့်လိုက်ပါ့မယ်"

သူ့ရဲ့ ထိတ်လန့်စရာကောင်းတဲ့ estrus ကာလကိုဖြေရှင်းဖို့က alpha တစ်ယောက်ကို အမှတ်အသားပေးခိုင်းတာကအကောင်းဆုံးဖြစ်ပေမဲ့ စုန့်ရီဒီအခက်အခဲကိုနှလုံးသားကလက်မခံဘူး။ သူ့နှလုံးသားရဲ့အောက်ခြေမှာ သူ့ကိုယ်သူalpha တစ်ယောက်လို့ပဲ မှတ်ယူထားတုန်း။

ဒေါက်တာမကသူ့ကိုကြည့်ပီး သူ့စားပွဲပေါ်ကဖိုင်ထဲကနေ အသစ်စက်စက် business card လေးထုတ်ပေးတယ် "ရှင် AO mutual aid website မှာရှာကြည့်လို့ရတယ် အဲ့ဒီမှာ omega တွေရဲ့ estrus ကာလကိုဖြေရှင်းပေးဖို့ တာဝန်ယူပေးတဲ့ alpha တွေအများကြီးရှိတယ် အာလုံးကအမည်မဖော်လိုသူတွေဖြစ်တာမို့ ရှင့်ရဲ့ privacy ကိုလဲပေါက်ကြားစေမှာမဟုတ်ဘူး"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now