CHAPTER 25 - Shen Li kisses your face, I'll kiss your mouth

9.9K 1.8K 256
                                    

Unicode

ညစာစားပီးသွားတဲ့အခါမှာ စုန့်ရီကရှန်းလီကိုသူနေတဲ့ဟိုတယ်ဆိုကို လူကြီးလူကောင်းတစ်ယောက်အမူအရာနဲ့ပြန်လိုက်ပို့ပေးတယ်။ ကုရှင်ချွမ်းကလဲထွက်မသွားဘဲထပ်ကျပ်မကွာလိုက်လာတယ်။

ဟိုတယ်အပေါက်ဝရောက်တော့ ရှန်းလီကရပ်လိုက်တယ် "လိုက်ပို့ဖို့မလို့တော့ပါဘူး နောက်ကျနေပီ မနက်ဖြန်မင်းတို့လဲရိုက်စရာရှိသေးတယ်မလား ပြန်ပီးတော့စောစောအနားယူတော့လေ!"

စုန့်ရီကသူ့ပခုံးလေးကိုပုတ်ပေးလိုက်တယ် "မင်းလဲစောစောနားနော် Imperial Capital ကိုပြန်ရောက်ရင်ငါတို့ပြန်ပီးအဆက်အသွယ်လုပ်မယ် နောက်တစ်ခါမင်းနဲ့အဆက်အသွယ်မပြတ်ချင်တော့ဘူး"

ရှန်းလီကလိမ်လိမ်မာမာနဲ့ခေါင်းငြိမ့်ပြတယ်။ စုန့်ရီကသူ့ရဲ့ကျောကုန်းသေးသေးလေးကို အတိတ်ကိုတသသဖြစ်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။

ရှန်းလီက​ခြေလှမ်းအနည်းငယ်လောက်လှမ်းပီးသွားခါမှ အနောက်ကိုရုတ်တရပ်လှည့်လာကာ ခြေတံရှည်ရှည်တွေကိုသုံးပီး စုန့်ရီဘေးကိုပြေးလာတယ်။ သူကခန္တာကိုယ်လေးကိုစုန့်ရီဆီကိုင်းပီး ပါးပေါ်ကိုအရမ်း​ညင်သာတဲ့အနမ်းတစ်ပွင့်ခြွေချသွားတယ်။

"ငါမင်းကိုစိုးရိမ်စေမိတဲ့အတွက်တောင်းပန်ပါတယ် နောက်တစ်ခါကျမင်းနဲ့အဆက်အသွယ်ဘယ်တော့မှမပြတ်တော့ဘူး"

ရှန်းလီကကုရှင်ချွမ်းဘက်ကိုလှည့်ပီး ရှက်ရွံ့စွာခေါင်းလေးငုံ့လိုက်တယ် "မင်းalbum အသစ်ထွက်တဲ့အခါမှ မင်းကိုနမ်းတော့မယ်"

သူပြောပီးသွားတဲ့အခါမှာတာ့ အမြီးတက်နင်းခံရတဲ့မြေခွေးလေးလို ထွက်ပြေးသွားတော့တယ်။

စုန့်ရီအစတုန်းကတော့ သူ့ရဲ့ချစ်ဖို့ကောင်းမှုလေးကြောင့်ပျော်ရွှင်သွားတယ်။ နောက်တော့ ရှန်းလီပြောတဲ့နောက်ထပ်စကားတစ်ဝက်ကိုကြားတော့ ရုတ်တရပ်ရှုပ်ထွေးသွားတယ်။ ရှန်းလီကဘာကိုဆိုလိုတာလဲ?

ကုရှင်ချွမ်းကသူ့လက်တွေ ကိုအိတ်ကပ်ထဲထည့်ပီး စုန့်ရီကိုကြည့်နေတယ်။ သူ့မျက်လုံးတွေကရှန်းလီနမ်းသွားတဲ့ ပါးပေါ်ကိုရောက်သွားတဲ့အခါ အိတ်ကပ်​ထဲကသူ့လက်ချောင်းတွေကိုတင်းတင်းဆုပ်လိုက်မိတော့ သူ့လက်ကသွေးကြောတွေကရုတ်တရပ်ဖောင်းတက်လာတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now