CHAPTER 26 - Velvet cake

9.8K 1.7K 296
                                    

Unicode

ခနအကြာမှာတော့ စုန့်ရီလဲအသက်ပုံမှန်ပြန်ရှူနိုင်သွားပီး စားပွဲပေါ်က​wet tissue တွေဆွဲထုတ်ကာ နှုတ်ခမ်းကိုသုတ်လိုက်တော့ သွေးအနည်းငယ်ကိုတွေ့လိုက်ရတယ်။ သူကနာကျင်တာမျိုးမရှိတဲ့အတွက် ဒါကသေချာပေါက် ကုရှင်ချွမ်းသွေးတွေပဲ။

သူတကယ်နားမလည်နိုင်တော့ဘူး။ လူတွေကတစ်ခုခုလုပ်မယ်ဆိုသူတို့လော့ဂျစ်နဲ့သူတို့ရှိတယ်။ ရှန်းလီကသူ့ကိုနမ်းတယ်။ အဲ့ဒါဆိုကုရှင်ချွမ်းကရှန်းလီကို အားအပြည့်နဲ့သွားနမ်းရမှာမလား။သူ့ကိုအတင်းကြီးလာနမ်းတာဘာသဘောလဲ။

စုန့်ရီကremote ကိုကောက်ယူလိုက်ပီး TV ကိုပိတ်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ် "မင်ဘယ်​လိုတွေတွေးနေလဲဆိုတာငါမသိဘူး မင်းကငါနဲ့အိပ်ခဲ့ပီးငါကအိပ်ဖော်ကောင်းတစ်ယောက်ဖြစ်တယ်လို့တွေးတာဖြစ်ဖြစ် ဒါမှမဟုတ် ရှန်းလီကမင်းနဲ့သက်သောင့်သက်သာမဖြစ်ဘူးလို့တွေးတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကွာ အခုကရှန်းလီပြန်ရောက်လာပီဆိုတော့ ငါတို့ကဖြစ်သင့်တာပဲဖြစ်ရမယ်"

ကုရှင်ချွမ်းကသူ့ရဲ့ကွဲသွားတဲ့နှုတ်ခမ်းကိုထိလိုက်ပီး စုန့်ရီကိုနက်နက်နဲနဲစိုက်ကြည့်ကာ အမှုမထားစွာပြန်လှည့်သွားတယ် "ငါသဘောမတူဘူး"

စုန့်ရီသူ့နဖူးကိုသူပြန်ထိန်းကိုင်လိုက်ပီး တည်တည်ငြမ်ငြိမ်ပဲမေးလိုက်တယ် "မင်းဘာလိုချင်တာလဲ?"

ကုရှင်ချွမ်းကညင်ညင်သာသာမေးလာတယ် "ရှန်းလီကအရမ်းကောင်းနေလို့လား?"

စုန့်ကီကခနလောက်ကြောင်သွားပီး စိတ်ရှုပ်သွားတယ် "မင်းလဲ​ရှန်းလီကိုကြိုက်တာပဲလေ သေချာပေါက်သူကောင်းမှန်းမင်းသိမှာပေါ့"

ကုရှင်ချွမ်းရဲ့အသက်ရှူနှုန်းတွေကနည်းနည်းမြန်လာပီး သူကသူ့ရဲ့နှုတ်ခမ်းပါးပါးကိုတင်းတင်းစိကာ သူ့နှလုံးသားထဲကစိတ်မချမ်းမြေ့မှုကိုဖိနှိပ်ပီး ဖွဖွလေးပြုံးလာတယ် "အေး သေချာပေါက်ငါသိတာပေါ့ သူကမင်းထက်ဘယ်လောက်ပိုကောင်းလဲဆိုတာသိ​တာပေါ့"

သူကမတ်တပ်ရပ်လိုက်ပီး စုန့်ရီရဲ့ပခုံးပေါ်ကိုသူ့လက်တွေတင်လိုက်တော့ စုန့်ရီကလန့်သွားပီး အနောက်ကိုယိုင်လိုက်တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now