CHAPTER 27 - It's my pleasure

10.4K 1.7K 665
                                    

Unicode

ရှန်းလီကအစပ်ကြိုက်ပီးတော့ သူကစီချွမ်းအစားအစာတွေကိုအကြိုက်ဆုံးဖြစ်တယ်။ သူကစုန့်ရီတို့အိမ်မှာထမင်းစားရင် ကျောက်ဟုန်းရန်ကနေ့တိုင်းဝက်သားကိုငရုတ်သီးနဲ့ကြော်ချက်ပေးတယ်။ ပီးရင်ငါးပေါင်း ကြက်သားမွမွကိုလဲအစပ်ကြော်တယ်။ စုန့်ရီကအစပ်မစားနိုင်ဘူး။ အဲ့ဒီအချိန်တွေမှာ သူ့ပါးစပ်ကအမြဲတမ်းပူလောင်နေရတာ။ ​ဒါပေမဲ့ကျောက်ဟုန်းရန်ကတော့ ငရုတ်​သီးတွေနဲ့အစပ်စာတွေကိုချက်မြဲချက်ဆဲပဲ။

ဒီနေ့လဲအတူတူပါပဲ။ ဧည့်ခန်းထဲမှာကိတ်မုန့်ရဲ့ချိုချိုအီအီအနံ့က ငရုတ်ကောင်းမှုန့်ရဲ့မွှန်တဲ့အနံ့နဲ့ရောနေတာကဘယ်လိုပြော​ရမလဲတောင်မသိဘူး။ စုန့်ရီကအနံ့တွေထွက်သွားအောင်ပြတင်းပေါက်ကိုဖွင့်လိုက်တယ်။ အပြင်ဘက်ကလေတိုက်လိုက်တော့ အစပ်နံံ့ကသူ့မျက်နှာကိုလာဟပ်တယ်။ သူမထိန်းနိုင်ဘဲနည်းနည်းလေးနှာချေလိုက်တယ်။

ကုရှင်ချွမ်းကရှန်းလီ​ဆီကနေအကြည့်လွှဲပီး သူ့ကိုတစ်ချက်လှည့်ပီး နှုတ်ခမ်းတွေရဲ့အစွန်းကအောက်ကိုသိသိသာသာကွေးသွားတယ်။ သူကအင်္ကျီလက်မောင်းကိုအကော်ကိုဆွဲတင်လိုက်ပီး မတ်တပ်ရပ်ကာ မီးဖိုခန်းထဲကိုဝင်သွားတယ်။

ခနကြာတော့ ကျောက်ဟုန်းရန်ကအေပရွန်ကိုချွတ်ပီး အပြင်ဘက်ကိုထွက်လာကာ သူ့လင်ဖဝါးတွေကိုရှက်ရွံ့စွာ ပွတ်နေတယ် "ရှောင်ကုကချက်ချင်လို့တဲ့ သူ့လက်ရာကိုစားကြတာပေါ့"

ကုရှင်ချွမ်းကချက်ပြုတ်တတ်သေးတာလား?စုန့်ရီအံ့အားသင့်သွားတယ်။ သူကချက်ပြုတ်တတ်တဲ့သူနဲ့တကယ်ကိုမတူဘူး။

ကုရှင်ချွမ်းထွက်သွားတဲ့အခါမှ ရှန်းလီကကိတ်မုန့်ဘူးကိုမြန်မြန်ပိတ်လိုက်တယ်။ ဒါကအရသာရှိပေမဲ့လဲ အများကြီးစားရရင်အီတောက်လာမှာပဲ။ သူကလက်ဖက်ရည်တစ်ခွက်သောက်လိုက်ပီး မီးဖိုချောင်ဘက်ကိုတစ်ချက်ကြည့်ကာ စုန့်ရီကိုအပြုံးတစ်ခုနဲ့မေးလာတယ် "မင်းကုရှင်ချွမ်းချက်တာတွေစားဖူးလား?"

စုန့်ရီကကုရှင်ချွမ်းယောက်မကိုင်တာကိုတောင်တစ်ခါမှမမြင်ဖူးဘူးဆိုတော့ ရိုးရိုးသားသားပဲခေါင်းခါပြတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now