CHAPTER 28 - The feeling of home

9.3K 1.7K 176
                                    

Unicode

သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူကနေ့တွေညတွေက ကပြောင်းကပြန်တွေဖြစ်လို့ဖြစ် စားချိန်သောက်ချိန်ကလဲမမှန် ဖျော်ဖြေရတာတွေကလဲများပြားတော့ အစာအိမ်မှာပြဿနာနည်းနည်းရှိတယ်။ စုန့်ရီဒီလိုအခြေအနေမျိုးကိုအရင်ကတစ်ခါတစ်ရံကြုံရပေမဲ့ အခု​တလောတော့ အကြိမ်ရေစိပ်နေတယ်။

"မင်းကဒီလို​ဖြစ်နေတာတောင် သောက်ချင်သေးတုန်းလား?" ကုရှင်ချွမ်းကမျက်မှောင်ကြုံ့လိုက်တယ်။

စုန့်ရီပါးစပ်ဆေးပီးသွားပေမဲ့ ​ဗိုက်ထဲမှာ​တော့ မအီမသာဖြစ်နေတုန်းပဲ။ သူခါးကိုပြန်မတ်လိုက်ပီး သူ့ပါးကိုသူပြန်ပုတ်လိုက်တယ် "မင်းငါ့ကို Tianqin Bay ကိုပို့ပေးလို့ရမလား ငါဘားကိုမသွားတော့ဘူး"

အရက်သောက်လို့မရရင်လဲ သူငယ်ချင်းတွေနဲ့အပန်းဖြေရမှာပေါ့။

ကုရှင်ချွမ်းကသူ့ကိုစိုက်ကြည့်လာတယ် "မင်းဘယ်သူ့ကိုသွားရှာမလို့လဲ?"

"ငါ့ရဲ့မိတ်ဆွေတစ်ယောက်ပါ" စုန့်ရီကားထဲမှာပြန်ထိုင်လိုက်ပီး နောက်ကြည့်မှန်ထဲကိုကြည့်ပီး သူ့ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပီး သူ့ပုံစံကိုအထာကျအောင်လုပ်​လိုက်တယ်။

ကုရှင်ချွမ်းကသူ့ရဲ့အပြုအမူတွေကိုမြင်တဲ့အခါမှာ သူ့အတွက်အရေးကြီးနဲ့လူတစ်ယောက်တွေ့မှာလားဆိုပီး တွေးမိကာ သူ့လက်တွေကိုဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပီး အရေးမထားဘဲမေးလိုက်ဟန်ဆောင်လိုက်တယ် "A လား O လား? လက်ထပ်ပီးသားလား?"

"ချန်းစုန့်လေ မင်းသူ့ကိုတွေ့ဖူးပါတယ်" စုန့်ရီကထူးဆန်းနေတဲ့မေးခွန်းကိုပျင်းရိစွာပဲဖြေလိုက်တယ်။

"ချန်းစုန့်? မင်းကိုဟိုတစ်ခါတုန်းကကမ်းခြေမြို့မှာလာရှာတဲ့အသက်ကြီးကြီးလူလား?" ကုရှင်ချွမ်းကချန်းစုန့်ကိုသေသေချာချာကြီးကိုမှတ်မိနေတယ်။ အထူးသဖြင့်ချန်းစုန့်​ဖုန်းခေါ်တော့ စုန့်ရီပျော်ရွှင်နေတာကိုပေါ့။

စုန့်ရီကသူ့ကိုဘယ်လိုတောင်လားဆိုတဲ့အကြည့်တစ်ခုနဲ့ကြည့်လာပီး အလေးအနက်ပြောလိုက်တယ် "ချန်းစုန့်ကအသက်သုံးဆယ်လောက်ပဲရှိသေးတာပါ သူ့ကိုအသက်ကြီးတယ်လို့ပြောလို့မရသေးပါဘူး သူ့ကိုအဲ့လိုမခေါ်နဲ့"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now