CHAPTER 29 - You Are Not Worthy

9.9K 1.7K 350
                                    

Unicode

စုန့်ရီဒါကိုအိမ်ပြန်လမ်းတစ်လျှောက်လုံးမှာတွေးခဲ့ပေမဲ့ သူနားမလည်နိုင်သေးဘူး။

ကုရှင်ချွမ်းကသူ့ကိုကြိုက်တယ်လို့ပြောရရင်လဲ ဒီကိစ္စကြီးကအရမ်းကိုထူးဆန်းတယ်။ ပထမတစ်ချက်အနေနဲ့ ကုရှင်ချွမ်းကအမြဲတမ်းရှန်းလီကို နက်နက်နဲနဲမေတ္တာထားတယ်။ အဲ့လိုမှမဟုတ်ရင် ကုရှင်ချွမ်းကဘာလို့ စုန့်ရီနဲ့နေရာတိုင်းမှာ ရန်ဖြစ်နေပီး နှစ်တွေအများကြီးကြာ​တာတောင် ပြဿနာတွေလိုက်ရှာနေမှာလဲ။

ဒုတိယတစ်ချက်က သူ့လိုလူမျိုးကဘယ်လိုလုပ်သူ့ကိုကြိုက်တာဖြစ်နိုင်မှာလဲ?

ကလေးဘဝတည်းက စုန့်ရီကိုလိုက်ပိုးပန်းသူအများအပြားရှိပီး gender ကလဲအစုံပဲ။ သူတို့အားလုံးကသူ့ကိုလေးစားကြပီး သူ့ကိုစိတ်ကျေနပ်အောင်လုပ်ပေးကြတယ်။ အဲ့ဒီအပြင် သူတို့တွေက သူ့တို့ရဲ့ခံစားချက်ကိုသူသိစေဖို့မျှော်လင့်ပီး နှစ်ပေါင်းများစွာ ရည်စားစာတွေရေးပေးကြတယ်။ အကျဥ်းချုပ်ပီးပြောရမယ်ဆိုရင် သူတို့အားလုံးကသူ့အပေါ်ကိုအရမ်းကောင်းကြပီး သူ့တို့နှလုံးသားကိုထုတ်ဖော်ပြသကြတယ်။

အရူးတစ်ယောက်လိုမျိုး သူ့ကိုအနိုင်ကျင့် ​စနောက်ပီး အနှောင့်အယှက်​ပေးတဲ့ ကုရှင်ချွမ်းလို လူမျိုးကို သူတစ်ခါမှမတွေ့ဖူးသေးဘူး။

ဒါကလူတစ်ယောက်ကိုကြိုက်ရင်လုပ်တဲ့အပြုအမူဟုတ်လို့လား? စုန့်ရီတကယ်စဥ်းစားမရဘူး။

ဒါကိုနားလည်ဖို့ သူ့ရဲ့စဥ်းစားနည်းကိုပဲတစ်မျိုးပြောင်းလိုက်တယ်။ သူအရင်တုန်း​က alpha ဖြစ်ခဲ့ဖူးတာမို့ alpha တွေကသူတို့ပိုင်ဆိုင်တဲ့အရာကို ဘယ်လောက် possessive ဖြစ်လဲဆိုတာသူသိတယ်။ ယာယီအမှတ်အသားပေးခံလိုက်ရတဲ့ omega ဟာ အဲ့ဒီ alpha အတွက်တော့ သူ့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုပစ္စည်းဖြစ်တယ်။

သူတို့ရဲ့ပင်ကိုဗီဇအရ ကုရှင်ချွမ်းကသူ့အပေါ်မှာ ပိုင်ဆိုင်လိုတဲ့ဆန္ဒ ထိန်းချုပ်ချင်တဲ့ဆန္ဒ သွေး​သားဆန္ဒတွေရှိ​နေတာ။ ဒီဆန္ဒတွေအားလုံးကစုပေါင်းသွားမှုက ကုရှင်ချွမ်းသူ့ကိုချစ်ကြိုက်ပုံရတယ် ဆိုတာနဲ့ဆင်ဆင်တူသွားတာ။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now