CHAPTER 30 - Don't be impulsive!

9.4K 1.7K 410
                                    

Unicode

ဘေးပတ်ပတ်လည်ကလူတွေက အံ့အားသင့်သွားပီး တစ်ယောက်နဲ့တစ်ယောက်နဲ့ ကြောင်ကြည့်နေကြတယ်။ သူတို့တွေဘာပြောရမလဲတောင်မသိတော့ဘူး။ ဒါကသူ့ရဲ့ပုံရိပ်ကိုဖျက်ဆီးလိုက်တာလို့ပြောရမှာလား။

ဂီတာသံကနူးနူးညံ့ညံ့နဲ့ပြတ်ပြတ်သားသားထွက်ပေါ်လာပီး ကုရှင်ချွမ်းရဲ့တည်ငြိမ်တဲ့အသံနဲ့အတူလေထဲကိုပျံ့လွင့်လာတယ်။

""You better keep your eyes open and take a closer look

I'm not your special medecine

If you want to get light , you can only wear clothes

It only makes people laugh at you and makes their love for you slowly drain

Don't blame me for being unkind

Just because you are not worthy

You don't deserve my affectionate power to be wasted

You don't deserve me to be intoxicated with you

But you still don't want to wake up in your dream

...... "

ရှန်းလီရဲ့မျက်နှာကအရုပ်စိုးနေပီး ဒါဇင်နဲ့ချီတဲ့မျက်လုံးတွေ ကအပ်တွေနဲ့ထိုးသလိုမျိုး သူ့ကိုဝိုင်းကြည့်လာကြတယ်။ သူငယ်ငယ်လေးကတည်းက လူတစ်ယောက်ဆီမှာ ဒီလိုမျိုးမရှုံးနိမ့်ခဲ့ဖူးဘူး။ ဒီကိစ္စသာပျံ့နှံ့သွားရင် Imperial Capital ကချမ်းသာတဲ့ဒုတိယမျိုးဆက်တွေနဲ့ ဝင်ရောဖို့မျက်နှာရှိတော့မှာမဟုတ်ဘူး။

စုန့်ရီမျက်မှောင်ကြုံ့လိုက်ပီး အကူအညီမဲ့သလိုခံစားလိုက်ရတယ်။ သူတို့နှစ်ယောက်လုံးကစိတ်လိုက်မာန်ပါလုပ်တတ်ကြတယ်။ နှစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းခဲ့တာမို့ သူတို့ရဲ့စိတ်နေသဘောထားကိုသူသိတယ်။

ရှန်းလီရဲ့စိတ်နေစိတ်ထားကအဆိုးကြီးမဟုတ်ပေမဲ့ သူကမျက်နှာ​သာပေးခံရတာကိုသဘောကျတယ်။ သူ့ကိုအလေးပေးနေသရွေ့ သူကသိမ်မွေ့တဲ့ကြောင်လေးလိုပဲ။ သူ့ကိုမျက်နှာသာမပေးရင်တော့ သူကကျားပေါက်တစ်ကောင်ပဲ။ ကုရှင်ချွမ်းကကျ သူတစ်ပါးကိုမျက်နှာသာမပေးတဲ့နေရာမှာအတော်ဆုံးပဲ။ ခေါင်းမာပီး ဘာကိုမှအလေးမထားဘူး။ လူမှုပတ်ဝန်းကျင်မှာထားရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေဆိုတာသူနဲ့သက်ဆိုင်မှုမရှိဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now