CHAPTER 31 - Like it?

9.7K 1.7K 247
                                    

Unicode

ကုရှင်ချွမ်းကသူ့ကို အကြိမ်ရေတော်တော်များများဖုန်းခေါ်ခဲ့ပေမဲ့လဲ စုန့်ရီတစ်ခုမှပြန်​မဖြေဘဲ သူအလုပ်ရှုပ်နေတယ်ဆိုပီး စာတစ်စောင်ပဲပြန်ပို့လိုက်တယ်။

ကုရှင်ချွမ်းဘာတွေဖြစ်နေလဲဆိုတာ သူမသိသလို ဂရုလဲမစိုက်ချင်ဘူး။ သူ့မှာသူ့ကိစ္စတွေကိုတောင် သေချာနားမလည်နိုင်သေးဘူး။ ကုရှင်ချွမ်းပါ ပါဝင်ပတ်သတ်လာမှာမျိုးမလိုချင်ဘူး။

စုန့်ရီအိမ်ပြန်ရောက်တဲ့အခါမှာ ရေချိုးပီးတော့ ဗီရိုရဲ့အတွင်းပိုင်းဆုံးက photo album ကိုဆွဲထုတ်လိုက်ပီး အိပ်ယာပေါ်မှာဖြန့်လိုက်တယ်။ သူအဲ့ဒီထဲက ဓာတ်ပုံ​တစ်ခုကိုဂရုတစိုက်ဆွဲထုတ်လိုက်တယ်။

ဒီဓာတ်ပုံကအထက်တန်းပထမနှစ် နွေရာသီအပျော်ခရီးထွက်တုန်းကရိုက်ထားတာဖြစ်တယ်။ နွေဦးရာသီမှာ ဆယ်ကျော်သက်လေးတွေကပြုံးရွှင်နေကြပီး စုန့်ရီတစ်ယောက်ပဲမျက်မှောင်ကြီးကြုံ့ပီး မြက်ခင်းပြင်ပေါ်မှာထိုင်နေတယ်။ ရှန်းလီကသူ့ဘေးမှာထိုင်နေပီးဓာတ်ပုံရိုက်တဲ့အချိန်မှာ အနောက်ကနေသိုင်းပီး စုန့်ရီလက်လေးကိုဖွဖွလေးဖျစ်ပေးထားတယ်။

ဒါကသူနဲ့ရှန်းလီပဲသိတဲ့လျှို့ဝှက်ချက်တစ်ခု။

အဲ့ဒီအချိန်တုန်းကသူ့အဖေကအပြင်းအထန်နေမကောင်းဖြစ်နေတယ်။ မိသားစုကိစ္စတွေကလဲ ရှုပ်ထွေးနေတယ်။ ဆေးကုသစရိတ်ကလဲ ပိုက်ဆံတွေအများကြီးလိုအပ်တယ်။ အဲ့ဒီပိုက်ဆံကစုန့်ရီအသက်အရွယ်နဲ့ရှာနိုင်တာထက်ကိုပိုတယ်။ ကျောက်ဟုန်းရန်က ကုသမှုကိုလက်လျှော့လိုက်ပီး ကလေးတွေနဲ့မုဆိုးမဖြစ်သွားမဲ့သူ့မအတွက် ငွေချန်ထားဖို့သူမအမျိုးတွေနဲ့ဆွေးနွေးခဲ့တယ်။ ဒါကသူ့တို့အဖေကိုသတ်လိုက်တဲ့အတိုင်းဖြစ်နေတာမို့ စုန့်ရီကသဘောမတူညီခဲ့ဘူး။ ​ကျောင်ဟုန်းရန်ကသူ့ကိုပထမဆုံးအကြိမ်အနေနဲ့ရိုက်နှက်ခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ရှန်းလီကကူညီပေးခဲ့ပီး ဆေးစရိတ်ယွမ်ငါးသောင်းကို ရက်ရက်ရောရောပေးခဲ့တယ်။ ဒါကစုန့်မိသားစုရဲ့အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now