CHAPTER 32 - He knows it all!

9.8K 1.7K 174
                                    

Unicode

စုန့်ရီရဲ့အသက်ရှူနှုန်းတွေက ရုတ်ချည်းဆိုသလိုမတည်မငြိမ်ဖြစ်လာရတယ်။

မီးရောင်မှုန်မှုန်ဝါးဝါးတွေသာရှိတဲ့ဒီလိုလှပတဲ့ပတ်ဝန်းကျင်မှာ ကုရှင်ချွမ်းကစိတ်အာရုံကြွတက်စေသော အပြုအမူတွေလုပ်နေတယ်။ နောက်တစ်က္ကန့်အတွင်းမှာပဲ တစ်ခုခုကထိန်းချုပ်မှုအောက်ကလွတ်ထွက်တော့မဲ့အတိုင်း လေထုကပရိယာယ်များလွန်းလှတယ်။

သူလက်ကိုအကြမ်းပတမ်း ပြန်ဆွဲလိုက်တယ်။ သူ့လက်ကောက်ဝတ်ကသွေးတွေကပူလောင်လာသမျိုးပဲ တစ်ချက်ချင်းစီ 'ဒုတ်'ခနဲ 'ဒုတ်' ခနဲပြင်းပြင်းထန်ထန်ခုန်နေတယ်။ စုန့်ရီစားပွဲပေါ်က တစ်ရှူးအနည်းငယ်ကိုဆွဲယူလိုက်ပီး လက်ကောက်ဝတ်ကိုသုတ်ကာ ဂရုမထားသလိုဟန်ဆောင်ပီးပြောလိုက်တယ် "ငါရဲ့မွေးနေ့ကိုကျင်းပပေးလို့ကျေးဇူးတင်ပါတယ် ငါတကယ်အရမ်းပျော်တယ်"

ဒီစကားကအမှန်အတိုင်းပြောနေတာဖြစ်တယ်။ စုန့်ရီရဲ့မွေးနေ့ကိုဒီလိုမျိုးစိတ်လှုပ်ရှားဖို့ကောင်းအောင်တစ်စုံတစ်ယောက်က ကျင်းပပေးတယ်ဆိုတာပထမဆုံးအကြိမ်ဖြစ်တယ်။ စုန့်ရီစိတ်ထဲမှာလှုပ်လှုပ်ရှားရှားဖြစ်သွားပေမဲ့ တစ်ချိန်တည်းမှာလဲ မသက်မသာခံစားရတယ်။

သူတို့နှ်ယောက်ရဲ့ဆက်ဆံရေးကအကောင်းကြီးမဟုတ်ဘူး။ သူတို့နှစ်ဦးကြားမှာ ကံကြမ္မာကြောက့်ဖြစ်ခဲ့ရတဲ့ဆက်ဆံမှုနှစ်ခုပဲရှိတယ်။ ပထမတစ်ကြိမ်ကဆို သူကမှတ်တောင်မှတ်မိတာမဟုတ်ဘူး ကို့ရို့ကားယားနဲ့အိပ်ပျော်နေတာ။

ပီးတော့ကြားထဲမှာလဲ ရှန်းလီခံနေသေးတယ်။ ရှုပ်နေတာပဲ။ ဒါကဒွိဟဖြစ်သင့်တဲ့အရာတော့မစုတ်ဘူး။

ကုရှင်ချွမ်းကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး သူ့ရဲ့ဘေးတိုက်မျက်နှာကိုနည်းနည်းပါးပါးဆန့်ကျင်ချင်တဲ့အကြည့်နဲ့ကြည့်နေတယ် "မင်းငါ့ကိုကျေးဇူးတင်နေတာကိုလိုချင်တာမဟုတ်ဘူး မင်းငါ့ကိုအခုချက်ချင်းလာနမ်းမှာကိုလိုချင်တာ"

သူမမြင်ရနိုင်တဲ့အကွယ်မှာ စုန့်ရီက​သူ့ရဲ့လက်ကောက်ဝတ်ကသွေးခုန်နှုန်းကိုညင်ညင်သာသာလေးထိတွေ့နေပီး သူ့ရဲ့နှလုံးသားကလဲတည်ငြိမ်သွားတယ်။ သူ့နှုတ်ခမ်းတွေကကွေးသွားပီး ​ဟာသလုပ်လိုက်တယ် "မင်းကဖားလား တပွမ်ပွမ်နဲ့ ငါ့ကိုနမ်းပဲနမ်းခိုင်းနေတယ်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now