CHAPTER 33 - Animal world

9.5K 1.7K 145
                                    

Unicode

စုန့်ရီမနက်စော​စောမှာနိုးလာခဲ့တယ်။ ​ပြတင်းပေါက်အပြင်မှာ ကောင်းကင်ကမှိုင်းညှို့နေပီး မိုးရွာနေတယ်။ အိမ်တံခါးကလူခေါ်ခေါင်းလောင်းက 'ding dong' 'ding dong' မြည်နေတာမို့ သူအိပ်ယာထဲကနေထလိုက်ပီး cat's- eye ကနေကြည့်လိုက်တော့ ပစ္စည်းပို့ပေးသူတစ်ဦးက ပုံးလေးကိုင်ပီးရပ်နေတယ်။

စုန့်ရီကအခန်းထဲကိုပုံးအားယူခဲ့လိုက်ပီး အံဆွဲထဲကကတ်ကြေးကိုထုတ်လိုက်ကာ ပုံးလေးကိုဖွင့်လိုက်တယ်။

ပုံထဲမှာတော့လဝိုင်နီတစ်ပုလင်းကလဲလျောင်းနေပီး အောက်မှာကတင့်တယ်တဲ့အဖြူရောင်ကတ္တီပါသားလေးခင်းထားတယ်။ ပုလင်းပေါ်မှာတော့ အင်္ဂလိပ်စာလုံးတွေကိုကွေ့ဝိုက်ပီးရေးထားတဲ့ brand တစ်ခုရဲ့နာမည်ပါရှိတယ်။ အဲ့ဒီ brand ကိုစုန့်ရီအရင်တုန်းကသောက်ရတာသဘောကျခဲ့တယ်။ အောက်မှာတော့ လက်နဲ့ရေးထားတဲ့စာတိုလေးတစ်ခု ဖိကပ်ထားတယ်။

[Happy Birthday - Mr. Zhou]

စုန့်ရီကရေးထားတဲ့စာလုံးတွေက်ုခနလောက်စိုက်ကြည့်နေပီး သူ့ရဲ့နဂိုကအိပ်ချင်ချင်ဖြစ်နေတဲ့မျက်လုံးတွေကလဲရှင်းလင်းသွားတယ်။ သူကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး အတိတ်ကိုပြန်တမ်းတတာမျိုးမရှိဘဲ စာရွက်အပိုင်းလေးကို​ဖြဲပစ်လိုက်ပီး အမှိုက်ပုံးထဲကိုပစ်ထည့်လိုက်တယ်။

ဝိုင်နီပုလင်းကိုတော့ စုန့်ရီဧည့်ခန်းထဲကဂိုင်ပုလင်းတွေတင်တဲ့စင်ပေါ်မှာထားလိုက်တယ်။ ဝိုင်ပုလင်းလေးကတော့ ဘာမှသိနားလည်ခြင်းမရှိတာမို့ ဒီဝိုင်လေးကိုတော့လွှင့်ပစ်ဖို့မလိုအပ်ပါဘူး။

စုန့်ရီရဲ့အခြေအနေကဘာမှသက်ရောက်မှုမရှိတာမို့ သူလုပ်စရာရှိတာတွေပဲလုပ်နေလိုက်တယ်။

နေ့လည်ခင်း သူစာကြည့်ခန်းထဲက message chair မှာထိုင်ရင်းဇာတ်ကြားကြည့်နေတုန်း ဖုန်းကရုတ်တရပ်ထမြည်လာတယ်။

ခေါ်ဆိုသူကတော့ 'The Era of Passionate Love' ရိုက်တုန်းက ဒါရိုက်တာရန်ဖြစ်တယ်။

စုန့်ရီဖုန်းကိုင်လိုက်တဲ့အချိန်မှာ တစ်ဖက်ကနေ ဒါရိုက်တာရန်ရဲ့ရယ်သံကြီးထွက်လာတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now