CHAPTER 34 - Don't follow me

9.2K 1.7K 158
                                    

Unicode

"မင်းကငါ့နောက်လိုက်ပီး ဘာလုပ်မလို့လဲ?" စုန့်ရီကသူ့ရဲ့ကုတ်အင်္ကျီကိုဝတ်ပီး ကြယ်သီးတစ်လုံးချင်းစီတပ်ကာ မေးလိုက်တယ်။

ကုရှင်ချွမ်းကသူ့ကိုမေးငေါ့ပြတယ် "ဘာမှလုပ်စရာမရှိပါဘူး မင်းနဲ့ဈေးဝယ်ထွက်ချင်လို့"

စုန့်ရီသူ့ကိုတစ်ချက်ကြည့်လိုက်ပီး စိတ်ထဲမှာကျိန်ဆဲလိုက်တယ်။ သူရဲ့နားကအခုထိပူနေတုန်းပဲ။ ဒါ​တောင်သူကလိုက်လာအုံးမယ်တဲ့။ ကုရှင်ချွမ်းကအနှောင့်အယှက်ပေးတဲ့နေရာမှာ အရမ်းတော်တာပဲ။

သူကကားသော့ကိုယူလိုက်ပီး အပြင်ကိုထွက်လိုက်တယ်။ သူအိမ်ပေါက်ဝကိုလျှောက်သွားတဲ့အချိန် သူ့ရဲ့ရဲနေတဲ့နှုတ်ခမ်းတွေကို မှန်ထဲမှာတွေ့လိုက်တယ်။ သူကုရှင်ချွမ်းနဲ့နမ်းနေတာ တစ်ခါနှစ်ခါမကတော့ဘူးဆိုတာကိုသူနားလည်လိုက်တယ်။ အခုတော့ သူကဒါနဲ့ကျင့်သားရနေပီး သူ့ပါးစပ်သူသုတ်ဖို့ကိုတောင် မတွေးမိတော့ဘူး။

စုန့်ရီစိတ်ထဲမှာ ဝမ်းနည်းစွာသက်ပြင်းချလိုက်တယ်။ ဒီသောက်ကိစ္စကဘာကြီးလဲ။ ကုရှင်ချွမ်းကဘာလိူ့သူ့ကိုအမှီပြုနေတာလဲ။ ယုန်တွေကသူတို့တွင်းနားကမြက်တွေကိုမစားကြဘူးလေ။ သူအတန်းဖော်ဟောင်းနဲ့အများကြီးစတင်ပြီးသွားခဲ့ပြီလား။

ကုရှင်ချွမ်းကဘယ်လိုလုပ်ရင်သူ့ကိုလွှတ်ပေးမှာလဲ?

အပြင်ဘက်မှာမိုးကပိုပီးသည်းကြီးမည်းကြီးရွာနေပီး မိုးကြိုးလျှစ်စီးတွေပါတလက်လက်ဖြစ်နေတယ်။ လမ်းပေါ်မှာလမ်းသွားလမ်းလာအနည်းငယ်သာရှိပီး လေထုကစိုထိုင်းမှုအပြည့်ဖြစ်နေတယ်။

ကားကို ကားအာမခံကုမ္ပဏီရဲ့ကားပါကင်မှာ ထိုးထားလိုက်တယ်။ စုန့်ရီထီးဖွင့်လိုက်ပီး ကားထဲကထွက်လိုက်တယ်။ ကုရှင်ချွမ်းလဲကားထဲကထွက်ချင်ပေမဲ့ စုန့်ရီကတံခါးကိုအမြန်ပိတ်လိုက်ပီး မျက်မှောင်ကြုတ်ကာပြောလိုက်တယ် "ဆယ်မိနစ်လောက်စောင့်နေပေး ငါအထဲဝင်လက်မှတ်ထိုးပီးသွားရင် ပြန်လာခဲ့မယ်"

ကုရှင်ချွမ်းကသူ့ကိုတစ်ချက်ကြည့်ပီး ဖုန်းကိုထုတ်ကာ အချိန်မှတ်ထားလိုက်တယ် "ဆယ်မိနစ်နော် ဆယ်မိနစ်ကျော်ရင် အထဲကိုငါဝင်လာပီး မင်းကိုလာရှာမှာ"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now