အပိုင်း ၁

2.4K 240 45
                                    


#Unicode

အနက်ရောင် Hyundai ကားပေါ်မှဆင်းလာသည့် DL Group ၏ အငယ်ဆုံး သား Hight School Student ဂျွန်ဂျောင်ကု

နက်ပြောင်နေသည့် ဖိနပ်က ထိုသူမည်မျှ အဆင့်အတန်းရှိမှန်းသိသာစေသည်
နား‌တစ်ဖက်၌ ဝတ်ထားသည့် နားကပ် ကလည်း ထိုသူအား ကြည့်ကောင်းအောင် အစွမ်းကုန်ကူ‌နေသေးသည်
ကားပေါ်မှ ဆင်း၍ လွယ်အိတ်အား ဘေးတစ်ဖက်ဖြင့် လွယ်ကာ Driver အား တစ်ခုခုမှာကြားနေဟန်ထိုသူက ကျောင်းသူ များအတွက် အလွန်ပင် ညို့အားပြင်းသည်

ကျောင်းစည်းကမ်းကိုသွေဖယ်၍ ထားသော ဆံပင်ရှည်ရှည်များ လက်၌ထင်းနေသည့် တက်တူးများကထိုကျောင်းသားအား ကျောင်းထုတ်နိုင်ရန် အကြောင်းပြချက်ကလုံလောက်သည်

သို့သော်လည်း အာဏာကြီးသည့် DL လုပ်ငန်းစု၏ သားဟူသော ဂုဏ်ပုဒ်ကြောင့်ပင် မည်သူမှ ထိမရဲကြ....

ထို့နည်းတူပင် သူ၏ အပေါင်းအဖော်များကလည်း ဒိတ်ဒိတ်ကျဲ မိသားစုများမှ ခပ်ဆိုးဆိုး ကောင်လေးများသာ....

အပြုံးအရယ်မရှိ အခန်းထဲသို့ ဝင်လိုက်တော့
သူငယ်ချင်းဖြစ်သူ အန်ဝူး က ဘယ်လိုလဲ ဟူသော သဘောဖြင့် မျက်ခုံးပင့်ပြသည်

လွယ်အိတ်အား ခုံပေါ်သို့ချပီး

" ထုံးစံအတိုင်းပါဘဲ တစ်ပတ်လောက် ကဒ်အပိတ်ခံလိုက်ရတယ်"

" ဟား မင်းတော့ ခံလိုက်ရပြန်ပီ မင်ဂရူ က အပွားဘဲခံလိုက်ရတာတဲ့ "

ဘန်ဘန်းက လှောင်သလိုပြောလာသည်

အကြောင်းကား သူတို့ Squard နှင့် Cyber ကျောင်းမှ သူတို့ကဲ့သို့ ခပ်ဆိုးဆိုး Squard တို့ ရန်ပွဲဖြစ်ရာမှ မိဘများထံ တိုင်စာရောက်လာသည်ကြောင့်ပင်

" ဒီတစ်ပတ်တော့ ငါ့စရိတ်တွေကို မင်းတို့အကုန်ကျခံရမယ် ဘယ်လိုလဲ "

" Oh!! ပြောစရာလိုသေးလို့လား "

အလိုက်သိပြန်သည့် သူငယ်ချင်းများကြောင့်ပင် ဂျောင်ကုပြုံးလိုက်မိသည်

ထိုသို့ပင် သူတို့ Squard သည် အကြောက်အလန့်မရှိ ရန်ပွဲတိုင်း သူတို့နှင့်မလွတ် တစ်နည်း သူတို့ကစသည့်ရန်ပွဲချည်းများသာ

Two Jeon ✅ KOOKV (Rest)Where stories live. Discover now