အပိုင်း ၄

1.2K 195 47
                                    

#Unicode

ထိုနေ့က အဖြစ်အပျက်ပီးနောက် ထယ်ယောင်းနှင့် Jungkook တို့ မျက်နှာချင်းမဆိုင်မိသည်မာ တစ်လလောက်ပင်ရှိတော့မည်

ကျောင်းအတွင်း၌လည်းတစ်ယောက်နှင့်တစ်ယောက်မတွေ့ကြ တွေ့လျှင်လည်း ထယ်ယောင်းဘက်ကသာ မသိချင်ယောင်ဆောင်၍ကျော်သွားမြဲ
ထိုပုံစံအား Jungkook သဘောမကျသည်မာအမှန်ပင်

ကျောင်းပိတ်ရက် အိမ်မာ နားနေကာ ဂိမ်းဆော့‌ေနသည့် Jungkook

အိမ်ရှေ့ ဘက်မှ ကားစက်ရပ်သံကိုကြားတော့ ဖုန်းအား ချကာ အိမ်တံခါးဝဆီသို့ ပြေးသွားလိုက်သည်
အဖေဖြစ်သူနှင့် အစ်ကိုဖြစ်သူပြန်လာသည်ကြောင့် သူ့အမေကလည်း ထွက်ကြိုသည်

Mr.Jeon တစ်ယောက် အိမ်သို့ရောက်ရောက်ချင်း ကားပေါ်မှ ဆင်းလာသည်
လက်ထဲ၌လည်း ဖိတ်စာတစ်ခု

"ငယ်ရေ ဒီနေ့ည ဝန်ကြီးချုပ်ရဲ့မွေးနေ့ပွဲရှိလို့ ကိုယ်တို့သွားရမယ် အဆင်သင့်ပြင်ထားလိုက်"

"ဟုတ်ကဲ့အစ်ကို"

အမျိုးသားဖြစ်သူ ၏အိတ်ကိုသယ်ပေးကာ အမျိုးသားစကားကိုလည်းတ‌‌ေသွမတိမ်း လိုက်နာသည့် Mrs.Jeon

သေချာပါသည် သူတို့နှစ်ယောက်သည် အလွန်လိုက်ဖက်သော အိမ်ထောင်ဦးစီးနှင့်အိမ်ရှင်မကောင်းပင်ဖြစ်သည်

အထဲဝင်သွားသည့် အဖေနှင့်အမေအား တံခါးကိုမှီ၍ လက်ပိုက်ကြည့်နေသည့် Jungkook ......... ထို့နောက် မျက်စိရှေ့ရောက်လာသော အစ်ကို က အိတ်အား ထိုးပေးလာသည်

သူလည်း သယ်ပေးလိုက်ကာ အစ်ကို့ပုခုံးအားဖက်လိုက်သည်

"ငယ်တဲ့ ㅋㅋㅋㅋ "

အရှေ့၌ ထွက်သွားသော အဖေတို့နှစ်ယောက်အားကြည့်ကာပြောလာသည့် ညီဖြစ်သူ ကြောင့် JeongGuk ပြုံးမိသွားသည် ။ထို့နောက် ကျောအား တစ်ချက်ရိုက်ပေးလိုက်မှ‌ေပြာင်စပ်စပ်မျက်နှာက ငြိမ်သွားသည်

Jungkook တစ်ယောက် မွေးနေ့ပွဲသို့သွားချင်သည်ကြောင့် ဧည့်ခန်းထဲတွင်ထိုင်ကာ တီဗီကြည့်ချင်ယောင်ဆောင်နေသည်
သေချာသည်က ကင်မ်ထယ်ယောင်းအားတွေ့ချင်၍ဖြစ်သည်

Two Jeon ✅ KOOKV (Rest)Where stories live. Discover now