အပိုင်း ၂

1.3K 225 48
                                    

#Unicode

ဝန်ကြီးချုပ် အိမ်သို့ တောင်းပန်ရန် တစ်မိသားစုလုံး ထွက်လာခဲ့သည်
လာသည့် လမ်းတစ်လျှောက်လုံးလည်း Appa. က စကားအား ကောင်းကောင်းမွန်မွန်ပြောရန် ၊ အတွန့်မတက်ဘဲ ပြောသမျှနာခံရန် စသည် စသည်များကို တစ်လမ်းလုံး နားအပူခံပြီးမှ ထိုအိမ်သို့ရောက်လာခဲ့သည်

ခြံဝင်းသို့မဝင်ခင်ပင် အစောင့်ပေါင်းမြောက်မြားစွာက စစ်ဆေးကြသည်

Appa က မလာခင် ဖုန်းကြိုဆက်ထား၍ထင်သည် အိမ်ထဲသို့ဝင်ခွင့်ပေးလိုက်သည်

အိမ်ထဲသို့ဝင်တော့ ဆိုဖာပေါ်တွင် ထိုင်ကာစာဖတ်နေသည့် ဝန်ကြီးချုပ် ကင်မ်မင်‌ဂျွန်း

Appa က ဝန်ကြီးချုပ်အားမြင်သည်နှင့်အလျင်အမြန် ခေါင်းငုံ့ကာ အရိုအသေပေးသည်

Omma နှင့် Jeongguk hyung ကလည်း အရိုအသေပေးကြသည်

မပေးတာကသူ

Jungkook လုပ်ရပ်ကြောင့် အဖေဖြစ်သူက အနောက်သို့လှည့်ကာ " ဘာလုပ်နေတာလဲ"ဟူသည့်ပုံဖြင့် အရိုအသေပေးခိုင်းနေသည်.....

Jungkook လည်း ဝတ်ကျေတမ်းကျေဖြင့် အရိုအသေပေးလိုက်သည်

ထိုအပြုအမူကိုကြည့်ကာ ဝန်ကြီးချုပ်ကင်မ်မင်ဂျွန်း တစ်ယောက် စကားစတော့သည်

"သားလေးကအဆိုးလေးဘဲ "

ဝန်ကြီးချုပ်ကထိုသို့ပြောတော့ Mr.Jeon ခမျာ ပြာယာခတ်ကာ တောင်းပန်ရသည်

" ‌ကျွန်တော့်သားကို ကောင်းကောင်းမထိန်းသိမ်းခဲ့လို့နောင်တရမိပါတယ် နေ့လည်က ကိစ္စရော ၊ အခုကိစ္စရောအတွက် တောင်းပန်ပါတယ် ဝန်ကြီးချုပ် "

ခေါင်းငုံ့ကာတောင်းပန်တော့ ဝန်ကြီး ချုပ်ကပြုံးသည်

" ထိုင်ကြပါအုံး ..."

Jeon မိသားစုတို့ အားလုံးထိုင်ပီးမှ ကင်မ်မင်ဂျွန်းကစကားစလာသည်

" သားနှစ်ယောက်က အမွှာတွေလာ တစ်ထပ်တည်းဆင်နေကြတယ်"

"နှစ်နှစ်ကွာပါတယ် ဒါက သားကြီး Jeon JeongGuk ပါ ဒါကတော့ သားငယ် Jungkook ပါ နေ့လည်က jungkook အမှားအတွက် မျက်နှာတောင်မပြဝံ့ပါဘူး တကယ်ကိုအားနာမိပါတယ် တောင်းလည်းတောင်းပန်ပါတယ်ရှင်"

Two Jeon ✅ KOOKV (Rest)Where stories live. Discover now