အပိုင်း ၃

1.2K 223 88
                                    

မနက်စောစောစီးစီး ကျောင်းထဲဝင်လိုက်သည်နှင့် ကြားရသည်က Jeon Jungkook က ကင်မ်ထယ်ယောင်းအား ထိုးလိုက်သည့်သတင်း

စိုးရိမ်စိတ်တို့က ထိန်းမရ ကင်မ်ထယ်ယောင်းရှိရာ ဂျူနီယာအတန်းသို့ အမြန်ပြေးလာခဲ့သည်

အတန်းထဲသို့အမောသကော ဝင်လာသည့်သူ့အား ကျောင်သူကျောင်းသားများကကြည့်ကာ ထပ်ပြီး တစ်ခုခုဖြစ်တော့မည်ကိုသိလိုက်ရသည်

အခန်းသို့စစဝင်ချင်း မြင်လိုက်ရသည်က နှုတ်ခမ်းပေါ်တွင် ပလာစတာအား ကပ်ထားပြီး ငြိမ်းငြိမ်းချမ်းချမ်းစာရေးနေသည့် သူ့‌ေမာင်လေးငယ်

ထယ်ယောင်းဆီသို့အမြန်ပြေးသွားကာ ပါးနှစ်အား ကိုင်ပြီး မော့စေလိုက်သည်

ဂန်းဟယ်ယွန်းတစ်ယောက် ထယ်ယောင်းမျက်နှာအားကြည့်ကာ မျက်နှာက ပြိုတော့မည့်မိုးလိုပင်

မော့ကြည့်လာသည့်ပုံက မအူမလည်လေး
ဒီကောင်လေးကိုရိုက်ပစ်လိုက်ချင်သည် ဘာတွေဘယ်လိုဖြစ်လို့ Jeon Jungkook နဲ့သွားညှိရတာပါလိမ့်

" ထယ်ယောင်းအာ .... ဘယ်လိုဖြစ်ရတာလဲ "

" .အစ်မ ဟယ်ယွန်း..... နေကောင်းသွားပီလား"

ထယ်ယောင်းမေးသည့်မေးခွန်းခွန်းကိုမဖြေအားသေး သူ့ရင်ထဲ ဝမ်းနည်းစိတ်တွေချည်းသာ

" အစ်မမရှိတုန်း ဂျွန်ဂျောင်ဂုဆီက အနိုင်ကျင့်ခံလာရတယ်ပေါ့ ဟုတ်လား ဒေါ်လေးကလည်း ဘာမှမပြောဘူး ကျောင်းရောက်မှသိရတာ ဘယ်လောက်တောင်စိတ်ပူသွားလဲသိ လား "

ဂန်းဟယ်ယွန်း

ဝန်ကြီးချုပ်ကင်မင်ဂျွန်း ၏ အနီးကပ်လူယုံတော် ဂန်းဆယ်ဟူ ၏သမီး ဖြစ်သည်
အဖေဖြစ်သူက ဝန်ကြီးချုပ်အပေါ် သစ္စာရှိသလောက် သမီးဖြစ်သူကလည်း ဝန်ကြီးချုပ်သားအပေါ် မောင်အရင်းသဖွယ် တုံနေအောင်ကိုချစ်သည် ။လုံးဝအထိခိုက်မခံ ကျောင်းနေအရွယ်ကစပြီး ယခုအထိ ထယ်ယောင်းအပေါ် ထိခိုက်ဒဏ်ရာမရှိ စောင့်ရှောက်ခဲ့သူပင် ။ မိန်းကလေးဖြစ်သော်ငြား တစ်ခါ့တစ်ခါမျှ နူးညံ့ခြင်းမရှိ ထယ်ယောင်းအားပြသနာလာရှာသူများကို ရိုက်လွတ်ခဲ့သည်ချည်းသာ........

Two Jeon ✅ KOOKV (Rest)Where stories live. Discover now