CHAPTER 36 - Who the hell is stupid?

9.4K 1.7K 221
                                    

Unicode

စုန့်ရီဦးနှောက်ထဲကသွေးတွေကပွက်ပွက်ဆူလာပီး လုံးဝအိပ်ယာကနိုးသွားတယ်။ သူ့မျက်နှာကပူလောင်နေပီး သူ့လည်ပင်းကိုဖက်ထားတဲ့ ကုရှင်ချွမ်းရဲ့လက်မောင်းတွေကို သူ့ရဲ့တုန်ယင်နေတဲ့လက်တွေနဲ့ပုတ်လိုက်တယ်။ ကုရှင်ချွမ်းကနိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ သူညည်းညူတဲ့အသံကနှာသံပါနေတယ် "ငါမင်းကိုလွှတ်မပေးဘူး ငါမင်းကိုဖက်အိပ်ချင်​သေးတယ်"

အခန်းထဲမှာသူ့အသံတစ်ခုထဲတင်ထွက်နေပီး ကျောက်ဟုန်းရန်ရဲ့မျက်နှာကအမူအရာကိုကြည့်ဖို့ စုန့်ရီမှာရှက်ရွံ့လွန်းနေတယ်။ ကျောက်ဟုန်းရန်ကခနလောက်တွေဝေသွားပီး မျက်နှာမည်းမည်းနဲ့ပဲလှည့်ထွက်သွားတယ်။

"လွှတ်ပေးစမ်း" စုန့်ရီကကုရှသ်ချွမ်းရဲ့လက်ကို ဒေါသကြီးစွာ အလောကြီးစွာမဲ့အားအပြည့်နဲ့လှုပ်ရမ်းလိုက်တယ်။ သူအားလုံးကိုဖြေပျောက်​ပစ်​ဖို့ မြစ်ဝါမြစ်ထဲကိုသွားခုန်ချရတော့မလား။

ကုရှင်ချွမ်းကမျက်လုံးကိုတစ်ဝက်ဖွင့်ကြည့်လိုက်တဲ့အခါမှာ အကျယ်ကြီးပွင့်နေတဲ့တံခါးကိုတွေ့လိုက်တယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူချက်ချင်းနားလည်သွားတယ်။ သူကလက်မောင်းကိုပြန်ရုတ်လိုက်ပီး မျက်လုံးတွေကိုပွတ်လိုက်တယ် "မင်းဒီမှာပဲနေ အန်တီ့ကိုငါသွားရှင်းပြလိုက်မယ်"

စုန့်ရီအိပ်ယာထဲကနေမြန်မြန်ဆင်းလိုက်တယ်။ သူကရှုပ်ပွနေတဲ့အဝတ်အစားတွေကိုသပ်ရပ်အောင်ပြင်လိုက်ပီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ ​တည်ငြိမ်အောင်ကြိုးစားလိုက်တယ် "ငါ့ဘာငါပဲသွားလိုက်မယ် ငါတို့နှစ်ယာက်ကြားမှာဘာမှမဖြစ်ခဲ့ဘူး အဲ့တော့သူမကိုရှင်းရှင်းလင်းလင်းပြောပြနိုင်တယ်"

ကုရှင်ချွမ်းကထထိုင်လိုက်ပီး နှာခေါင်းရိုးကိုလက်နဲ့ဖျစ်လိုက်တယ်။ သူ့မျက်လုံးတွေလဲတဖြည်းဖြည်းရှင်းလင်းလာတယ် "အန်တီကငါ့တို့ကိုယုံတာကအရေးကြီးလို့လား?"

စုန့်ရီအခုအခြေအနေနဲ့ပတ်သက်ပီး ဘာမှမသိတော့ဘူး။ ဒီအခြေအနေကိုတွေ့သွားတဲ့ ဘယ်သူမဆို ကိစ္စတစ်ခုခုရှိခဲ့တယ်လို့တွေးကြမှာပဲ။ ကုရှင်ချွမ်းကသူတို့အိမ်ကိုဒီအချိန်ကြီးလာလည်တာကြီးကိုပဲစဥ်းစားကြည့်အုံး။ နည်းနည်းလောက်တွေးကြည့်တာနဲ့ ကျောက်ဟုန်းရန်ကသူတို့ကြားက​ဆက်ဆံရေးကိုဘာ်လိုထင်သွားလဲဆိုတာသိနိုင်တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now