CHAPTER 38 - You look a lot like when I was young

9.9K 1.6K 95
                                    

Unicode

တအားတရားကျစရာကောင်းတာပဲ။ စုန့်ရီရယ်လဲရီချင်ဒေါသလဲထွက်ဖြစ်နေရတယ် "မင်းကငါ့ကိုအရက်ဆိုင်ကလူလို့ဆက်ဆံနေတာပဲ!"

သူအဲ့တိုင်းသာပြောနေပေမဲ့ ကုရှင်ချွမ်းကိုလျစ်လျူရှုဖို့ဆိုတာတကယ်မဖြစ်နိုင်ဘူး။ စုန့်ရီမီးဖိုခန်းထဲဝင်လိုက်ပီး ရေနွေးအိုးတစ်လုံးတည်ကာ နွားနို့ကိုပူပူလေးဖြစ်အောင်လုပ်ပေးလိုက်ပီး ကုရှင်ချွမ်းကိုကမ်းပေးလိုက်တယ်။

ကုရှင်ချွမ်းကပြန်ပီးစကားမလှန်နိုင်တော့ဘဲ မျက်လုံးတွေမှိန်းထားရတယ် "ငါ့ကိုတိုက်ပေးပါအုံး"

စုန့်ရီကသူအရမ်းမူးနေတာကိုတွေ့တာမို့ စားပွဲအောက်ထပ်ကပိုက်လေးထုတ်လိုက်ကာ နွားနို့ခွက်လေးထဲထည့်လိုက်ပီး သူ့ကိုပေးလိုက်တယ်။

ကုရှင်ချွမ်းကဒီအခွင့်အရေးကိုအရယူကား သူ့တစ်ကိုယ်လုံးကိုစုန့်ရီဆီပစ်မှီချလိုက်တယ်။ သူကနွားနို့တစ်ငုံစုပ်သောက်လိုက်ကာ  ပြောလာတယ် "မင်းနို့ကအရသာရှိတယ်"

"သွားစမ်းပါ" စုန့်ရီကသူ့ခေါင်းကိုတွန်းထုတ်လိုက်တယ်။ သူကမတ်တပ်ရပ်လိုက်ပီးဒေါသတကြီးပြောလိုက်တယ် "ထပီးရေသွားချိုး တစ်ကိုယ်လုံးအရက်နံ့တွေချည်းပဲ"

စုန့်ရီအိမ်က bathtub ​ကအတော်လေးကြီးမားတယ်။ အိမ်ကိုပြန်ပြင်ဆင်တုန်းက သူက omega လေးတစ်ယောက်ကိုသူနဲ့ကလူဖို့အိမ်ကိုခေါ်ခဲ့ရင်လို့စဥ်းစားမိပီး အနက်ရောင်စကျင်ကျောက်နဲ့ bathtub အကြီးကြီးတစ်ခုလုပ်ခဲ့တာ။ ဒီbathtub ရဲ့အသွင်အပြင်ကအတော်လေးကြည့်ကောင်းတယ်။

နှစ်ယောက်သားကခနလောက်စကားပြောတာကြာသွားတာမို့ရေကနည်းနည်းအေးခါနီးဖြစ်နေပီဖြစ်တယ်။ စုန့်ရီကဂရုတစိုက်နဲ့ရေရဲ့အပူချိန်ကိုမြှင့်လိုက်တယ်။ တော်ကြာ ကုရှင်ချွမ်းအအေးမိသွားပီး သူ့ဆီမှာလာကပ်နေအုံးမယ်။

သူက bathrobe ပဲဝတ်ဆင်ထားတုန်းဖြစ်ပီး ရေငွေ့လေးတွေကသူ့အရေပြားမှာ နွေးထွေးစိုစွတ်တဲ့အငွေ့အသက်လေးတွေလိုဖြစ်သွားတယ်။ အရမ်းချောမွေ့ပီး လုံးဝအရသာရှိတဲ့ပုံလေးပေါက်နေပီး လူတွေကိုမထိန်းနိုင်ဘဲတစ်ကိုက်လောက်ဖြစ်ဖြစ်ကိုက်​ချင်လာစေတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now