Chapter : 65

22.5K 2.4K 389
                                    

Unicode

သရုပ်ဆောင်ခြင်းလား? အစစ်အမှန်လား?

____________________________

ရေညှိပင်များကြောင့် စိမ်းလဲ့နေသည့် ကန်ရေပြင်သည် လေပြည်အေးကြောင့် လှိုင်းငယ်များကွပ်မြူးလျက်။

မဏိစက္ကသည် ရေကန်စပ်နားတွင်ထိုင်နေ၍ ရေကန်​၏အဝေးတစ်နေရာသို့ အတွေးမဲ့စွာ၊ တိတ်ဆိတ်ငြိမ်သက်စွာ၊ ထိုင်းထိုင်းမှိုင်းမှိုင်းငေးကြည့်နေသည်။

ထိုရေကန်​၏ဘေးမှ ကြက်သွေးရောင်ဝတ်ဆင်ထားသည့်သူတစ်ဦး ဖြတ်လျှောက်သွားသည်။

ရေကန်​၏ဝန်းကျင်ကို ငေးကြည့်နေသော မဏိ​၏အထီးကျန်ဆန်လှသည့်မြင်ကွင်းအား အနှီကြက်သွေးရောင်ဝတ်လူ သတိထားမိသွားသည်။

မဏိကိုမြင်သော် ကြက်သွေးရောင်ဝတ်လူ​၏ အလျားရှည်၍သွယ်သော ဗာဒံစေ့သဏ္ဌာန်မျက်ဝန်းတို့ မီးပွားစများနှယ် လက်ခနဲဖြစ်သွား​၏။ တစ်ဆက်တည်းမှာပင် ဆူးကြိုးများရစ်ပတ်ထားသော စူးနင့်နာကျင်မှုများ စိုက်ဝင်နေသည့် မျက်ဝန်းအသွင်ပြောင်းလဲသွားသည်။

အာနီ မျက်ဝန်းတို့ကို ပိတ်ဆို့ချလိုက်သည်။ မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ချိန်တွင် သူ​​၏အမူအရာသည် နူးညံ့သော၊ ဖြူစင်သောကြာပန်းလေးတစ်ပွင့်နှယ် အလုံးစုံပြောင်းလဲသွားလေသည်။

သူသည် မဏိဆီသို့ သိမ်မွေ့သောခြေလှမ်းများနှင့် လျှောက်လှမ်းသွား​၏။

"အစ်ကို"

ကြည်လင်သောခေါ်သံကြောင့် မဏိ​၏ကျောရိုး ဖြောင့်မတ်သွားသည်။ သူ ချက်ချင်းလှည့်ကြည့်​၏။

"ဒေါဏ..."

"အစ်ကို ဒီမှာဘာလုပ်နေတာလဲ"

ဒေါဏက မဏိ​၏ဘေးနားတွင် ထိုင်ချလိုက်သည်။

" ဘာရယ်မဟုတ်ပါဘူး...ထိုင်ရင်း ဟိုတွေးဒီတွေးပေါ့"

ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ အလှအပခြယ်မှုန်းထားသည့်ဒေါဏကို မဏိအတန်ကြာငေးစိုက်ကြည့်သည်။ ဒေါဏသည် မဏိ​၏အကြည့်ထဲ၌ အမြဲလိုလိုပါဝင်တတ်သော ချစ်ရိပ်အစတို့ကို လိုက်လံရှာဖွေကြည့်သည်။

The Everlasting One  ( volume 1 )Where stories live. Discover now