Chapter : 26

23.1K 3.1K 412
                                    

Unicode

သူ့ကို ဖမ်းစားလိုက်သော ပုံရိပ်လေးတစ်ခု

___________________________

"ကျွန်ုပ်တို့ နန်းတွင်းအထူးစုံစမ်းရေးအဖွဲ့အနေနဲ့ အမှုကိစ္စတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြခွင့်မရှိပါဘူး။ ဒါကြောင့် မိဖုရားစန္ဒာ အမှုရဲ့အသေးစိတ်အချက်အလက်ကို မပြောပြပေးနိုင်တာတော့ ခွင့်လွှတ်ပါ အရှင့်သား။ ဒါပေမဲ့ နန်းတွင်းမှာ နှစ် ၅၀အတွင်းဖြစ်တဲ့အမှုတွေကို စာရင်းပြုစုထားတဲ့ စာအုပ်တော့ရှိပါတယ်။ အဲ့ဒီ့စာအုပ်က စာကြည့်ဆောင်မှာရှိပါတယ်။ စာအုပ်ကနေ မိဖုရားစန္ဒာအမှုအကြောင်း ထိုက်သင့်သလောက်တော့သိရှိရမှာပါ"

အရုဏသည် နန်းတွင်းစုံစမ်းစစ်ဆေးရေးမှူးပြောလိုက်သော စကားများကို နားထဲပြန်လည်ကြားယောင်ရင်း စာအုပ်စင်ပေါ်မှ အနက်ရောင်သားရေပြားဖြင့်အဖုံးချုပ်ထားသည့် စာအုပ်ထူထူကိုဆွဲထုတ်လိုက်သည်။ စာအုပ်ကို ဆွဲထုတ်လိုက်သဖြင့် လွတ်သွားသောအပေါက်နေရာတွင် မြင်ကွင်းတစ်ခုက လှစ်ခနဲပေါ်လာ​၏။

ယုဂန်နိုင်....
ယုဂန်နိုင်သည် များသောအားဖြင့် ဆံပင်ကိုတစ်ဝက်စည်း၊ သို့မဟုတ် ဖားလျားချထားလေ့ရှိရာ ဒီနေ့တွင်မူ ထူးထူးခြားခြား ဆံနွယ်များကိုထုံးဖွဲ့ထား​၏။ သေသေသပ်သပ် ထုံးဖွဲ့ထားခြင်း မဟုတ်သောကြောင့် ဖြောင့်စင်းပါးလျားသည့် ဆံနွယ်ပျော့များသည် သူ​၏နုထွေးသောမျက်နှာထက်သို့ ကပိုကရို အိကျဆင်းနေသည်။ သူသည် ကော့ညွတ်ရှည်လျားသောမျက်တောင်များကို အသာ,စင်းပြီး ကြည်မြသောမျက်နှာထားဖြင့် စာအုပ်ကိုစိတ်ဝင်တစားဖတ်နေ​​၏။

သူထိုင်နေသော စားပွဲခုံမှာပြတင်းပေါက်​၏ဘေးတွင်မို့
ပြတင်းပေါက်မှ ကျူးကျော်စီးကျလာသော အဝါသန်းသည့်နေရောင်ခြည်နွေးနွေးသည် ယုဂန်ပေါ်သို့ တစ်စွန်းတစ်စ ဖြာကျနေသည်။ နေမင်း​၏ရောင်ခြည်အောက်တွင် သူ​၏ နက်မှောင်သောဆံပင်မှာ ပို၍လင်းလက်နေသယောင်။ ဖြူဥသော အသားအရေမှာ ပို၍ကြည်လင်တောက်ပနေသလိုရှိပြီး လှုပ်ရှားမှုတိုင်းဟာ ပိုမိုအသေးစိတ်ဆန်ကာ နှေးကွေးနေသယောင်။

The Everlasting One  ( volume 1 )Where stories live. Discover now