Chapter : 73

26.8K 2.1K 266
                                    

Warning- Sexual Content Alert!
(အသေးစိတ်ဖော်ကြူးတဲ့ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုပုံရိပ်တွေကို မနှစ်သက်ရင် ကျော်ဖတ်နိုင်ပါတယ်)

Unicode

မိုးသည်းထန်သောည

____________________________

တိုင်းရေးပြည်ရေး ဟုခေါင်းစဉ်တပ်၍ အိမ်ထဲသို့ပြန်ဆွဲသွင်းခဲ့ရသောမောင့်ကို မည်သည့်နေရာအား ခေါ်ဆောင်သွားရမည်ဆိုတာ ယုဂန်ခေါင်းစားရသည်။ ထို့ကြောင့် အတွေးထဲအရင်ပေါ်လာသည့် စာဖတ်ခန်းဆီ ဦးတည်သွားသောအခါ မောင်က အနောက်ကနေတိတ်တိတ်ကလေးလိုက်ပါလာသည်။

စာဖတ်ခန်းထဲရောက်သည်အထိ သူတို့နှစ်ဦးဟာ ကြောင်အ,နေကြပြီး တိုင်းရေးပြည်ရေးလည်း မပြောဖြစ်သလို ဘာအကြောင်းအရာမှကိုလည်း မဆွေးနွေးဖြစ်ကြပေ။ သို့ရာတွင် ယုဂန်သည် စာဖတ်ခန်းအတွင်းရှိ နှင်းဆီပန်းအိုးကိုမြင်သောအခါ တစ်စုံတစ်ရာပြောပြရန်သတိရလာသည်။

"စုန်းမဂန္ဓမာ သေဆုံးသွားလို့လားမသိဘူး...ဝေါဂမှာ ပန်းထွက်နှုန်းကပြန်တက်လာပြီး အရင်ကလို အမွှေးနံ့သာဆီနဲ့ ပန်းဆီထုတ်လုပ်မှုပြန်မြင့်လာတယ်...ဝေါဂရဲ့ပန်းဆီတွေကလေ အရမ်းမွှေးပြီးကောင်းတယ်...ကျွန်တော် ဝေါဂမြို့ကထွက်တဲ့ နှင်းဆီပန်းအဆီ ဝယ်ထားသေးတယ်...အဲ့တာနဲ့ရေချိုးရင် လုံးဝကိုမွှေးကြိုင်နေရော"

အရုဏသည် ယုဂန်​၏စကားများကို အာရုံရှိဟန်မပေါ်။ သူက နံရံတွင် ချိတ်ဆွဲသည့်သစ်သားပြားပေါ်၌ ကပ်ထားသောစာရွက်များကို စိတ်ဝင်တစားစိုက်ကြည့်နေသည်။

"ဒါကဘာလဲ..."

စာရွက်များထဲမှ စက်ပစ္စည်းဟုထင်ရသောအရာ​၏ပုံကြမ်းကို လက်ညှိုးထောက်ပြလျက် အရုဏမေးသည်။ ယုဂန်သည် အရုဏအနားသို့ တိုးကပ်လာပြီးလျှင် အားတက်သရောပြန်ဖြေသည်။

" လျှပ်စစ်မလိုတဲ့ ရေစုပ်စက်ပုံစံအကြမ်းလေ...ဒီဘက်ပုံက ရေပိုက်ခေါင်း..."

ယုဂန်က ရေပိုက်ခေါင်း​၏ အတွင်းဘက်တပ်ဆင်ပုံကအစ
အသေးစိတ်ရေးဆွဲထားသော ပုံကြမ်းစာရွက်ကို လက်ညှိုးထောက်ပြသည်။

The Everlasting One  ( volume 1 )Where stories live. Discover now