[Unicode]လိုင်တယ်စစ်သည် မုထျန်းဟန်၏ တုန့်ပြန်ချက်က "မရဘူး" ဖြစ်နေလိမ့်မည့်ဟုထင်မထားပေ။
မုထျန်းဟန်က ငြင်းလိုက်တယ်?!
ဒုက္ခရောက်နေတဲ့ကလေးကိုကူညီဖို့ဆိုတာကိုထားလိုက်ဦး သူက မုထျန်းဟန်ရဲ့ ကျေးဇူးရှင်လေ။ဘယ်လိုဖြစ်ဖြစ် မငြင်းသင့်ဘူး။
ပြီးတော့ ကလေးက ချစ်စရာလေး။အိမ်မှာ မျက်လုံးအစာကျွေးဖို့ချိုချဉ်လေးလိုဖြစ်နေမှာ။
လိုင်တယ်စစ်သည် မုထျန်း၏ငြင်ဆန်မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်၏။
"ဘာလို့မရတာလဲ? သူ့ကိုအပြင်မှာ အငှားနေခိုင်းလိုက်လို့ ရှာတွေ့ပြီးအရိုက်ခံရရင်ဘယ်လိုလုပ်မလဲ?! အသက်ကယ်ထားတဲ့အကြွေးကို ရေပန်းနဲ့ပြန်ဆပ်သင့်တယ်။ဒီဆိုရိုးက.... ငါသုံးတာမှန်လား?"
T/N: ရေစက်တစ်စက်လောက်ကျေးဇူးကြွေးတင်ရင်တောင် ရေပန်းတစ်ခုလိုပြန်ဆပ်ရမယ်ဆိုတဲ့ဆိုရိုးပါ။မည်သူကမှ လိုင်တယ်စစ်၏ ဆိုရိုးအသုံးအနှုံးကို ဂရုမစိုက်သည်မှာ ဆိုးလွန်းလှ၏။
မိုတိသည်အောက်နှုတ်ခမ်းတွန့်လိုက်၏။မိုတိသည်လည်း သဘောတူမှာမဟုတ်သော်လည်း မုထျန်းဟန်က ငြင်းလိမ့်မည်ဟုထင်မထားပေ။
မုထျန်းဟန်အားအထင်သေးခဲ့မိပုံပေါ်သည်။သို့မဟုတ် သူ့အား အမှန်တကယ်နားမလည်ခဲ့ပုံပင်။
မုထျန်းဟန်အတွက်မူ ထိုသို့သောအသေးအမွှားကိစ္စလေးက ဘာမှမဟုတ်သေးသော်လည်း ကူညီထားတာရှိသေးသည်။ထို့ပြင် ဤ'ခင်တွယ်မှု'လေးဖြင့် မုထျန်းဟန်အား အနာဂတ်အတွက် 'ခိုလှုံရာ'အဖြစ်ယူဆရန်မဖြစ်နိုင်သေးပေ။
ကိုယ်ပိုင်အရည်အချင်းကို တိုးတက်အောင်လုပ်ပြီး အဆက်အသွယ်မိတ်ဆွေအသိုင်းအဝိုင်းကို တိုးချဲ့ရမည့်အပြင် သူနှင့် မုထျန်းဟန်ကြား 'ခင်တွယ်မှု'အမှတ်ကို ပိုမိုခိုင်မာလာစေရန်လည်းလိုအပ်သေးသည်။
အဲ့လိုဆိုတော့ ဘာလုပ်သင့်လဲ? မနေ့ကချရေးထားတဲ့အစီအစဉ်ကိုတကယ်သုံးရတော့မှာလား?
မုထျန်းဟန်သည် သူ၏ခိုင်မာသောငြင်းဆိုချက်က လိုင်တယ်စစ်နှင့်မိုတိအား အတွေးချော်သွားစေကြောင်း မသိပေ။
YOU ARE READING
အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]
RomanceAuthor-Yin Er饮尔 Associated Names 豪门宠文炮灰重生后 126 Chapters+ 3 extras I don't own this story. All credits to owner.