Chapter 1

21.6K 973 45
                                    

[Unicode]ဆူညံသံများနှင့်အော်ငိုသံများ ကယာင်ကတမ်းအော်ဟစ်သံများနှင့်ဟိန်းဟောက်သံများ။  စားပွဲနှင့်ကုလားထိုင်များကြုမ်းကြုတ်စွာတိုက်မိသည့်စိတ်ပျက်ဖွယ်အသံ။ကြမ်းပြင်မှတရွတ်တိုက်ဆွဲသွားသော ကုလားထိုင်ခြေထောက်တစ်ဖက်၏ကျွီခနဲစူးစူးဝါးဝါးအသံတစ်ခု။အသံအားလုံးမှာ နှာခေါင်းနှင့်မျက်လုံးများမှ သွေးများပြင်းပြင်းထန်ထန်ထွက်လာသည့်အချိန်နှင့် တစ်ချိန်တည်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုတိကွယ်လွယ်ခဲ့ချေပြီ။

သို့သော် သူသေဆုံးသည်ပြီးသည့်နောက်တွင် အသိစိတ်ဆုံးရှုံးရမည့်အစား သူသည်သူ၏ခန္ဓာကိုယ်...မဟုတ်သေး သူ၏အလောင်းမှထွက်ခွာနေကြောင်းတွေ့ရှိလိုက်၏ ပြီးလျှင် မြို့တော်ရှိဒုတိယစိတ်ကျန်းမာရေးဆေးရုံ၏ အခန်းထဲတွင်မျောလွင့်နေ၏။

မိုတိသည် သူသေဆုံးသွားသည့်အချက်ကိုလက်ခံရန် ဆယ်စက္ကန့်ယူလိုက်ရပြီး သရဲတစ်ကောင်ဖြစ်လာ၏။မြေပြင်ပေါ်မှသွေးနှင့်ရောထွေးနေသော
အလောင်း၊နားထင်မှအစွန်းအထင်းများ၊အမည်းရောင်နှင့် အနီရောင်စွန်းထင်းနေသောသူ၏ဆေးရုံဝတ်စုံနှင့်ပုံပျက်နေသောအရုပ်ဆိုးသည့်ခြေချင်းဝတ်များအားအေးစက်စွာကြည့်လိုက်၏။

သူ၏သေဆုံးမှုကရက်စက်ကြမ်းတမ်းသည်ဟုထင်သော်လည်း ဤသည်ကဘာအရေးနည်း။သူ၏တစ်ဘဝလုံးကြမ်းတမ်းခက်ထန်ခဲ့သည်ပဲ။

မသွားသေးခင် ဆရာဝန်နှင့်သူနာပြုအားလုံး မည်သည့်နေရာတွင်ရှိနေမှန်းသူမသိခဲ့ပေ။ဟောခန်းထဲတွင် စိတ်ပိုင်းဆိုင်ရာနာမကျန်းသူများသာအော်ဟစ်သောင်းကျန်း၍ကျန်ခဲ့၏။အရှေ့နှင့်အနောက်တံခါးများကို သော့ခတ်ပြီးသားဖြစ်ကာ သွေးများဖုံးလွှမ်းနေသော လူနာအများအပြားလဲကျသွားပြီး ခန္ဓာကိုယ်အရေအတွက်ကဆက်လက်တိုးပွားလာ၏။ 

ဤအချိန်တွင် ဆူပူအုံကြွမှုအားဖြတ်၍ စိတ်ကူးယန်ဆန်သောကျယ်လောင်သည့်သီချင်းသံပေါက်ကွဲထွက်လာ၏။မိုတိ၏မျက်လုံးများကလှမ်းကြည့်လိုက်ပြီး လူနာများထဲမှတစ်ယောက်ကရီမုတ်အားနင်းထားပြီး ဟောခန်းထဲမှတီဗီရုပ်မြင်သံကြားမျက်နှာပြင်သည် ဟွားရှဖျော်ဖြေရေးလိုင်းအားထုတ်လွှင့်နေ၏။

အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]Where stories live. Discover now