Chapter-6

3.5K 736 31
                                    

[Unicode]မိုတိသည် ကျယ်ပြန့်ပြီးသန်မာသောလက်မောင်းထဲတွင် ပွေ့ဖက်ခံထားရကြောင်းခံစားရ၏။သူနှင့်ကပ်နေသောရင်ဘတ်ဆီမှအပူငွေ့ထုတ်လွှတ်နေသည်။ဤမရင်းနှီးသောထူးဆန်းသည့်ခံစားချက်သည် သူ့အားရုန်းထွက်လိုစိတ်ဖြစ်စေ၏။

သို့သော် သူ၏အစီအစဥ်အားတွေးတောမိလိုက်ပြီး သူသည်းခံရန်လိုအပ်၏။

ကျောင်းအုပ်ဟွမ်းနှင့်စည်ကမ်းထိမ်းသိမ်းရေးဆရာသည် ဆေးရုံသွားသည့်လမ်းတလျှောက်လိုက်ပါလာ၏။မိုတိအား မျိုးစုံအောင်စစ်ဆေးပြီး ညာဘက်ခြေထောက်အဆစ်လွဲ၍ များစွာသောဒဏ်ရာများနှင့်ဆရာဝန်ညွှန်ကြားမှုခံယူသင့်သော မပြင်းထန်သည့်ခေါင်းထိခိုက်မှုဟူသည့် ရလဒ်ထွက်လာသည်ကိုမြင်ပြီးသည့်နောက်တွင် စိတ်သက်သာသွား၏။ 

ကံကောင်းစွာဖြင့် ထပ်တိုးရောဂါသစ်များမရှိပေ။

ကျောင်အုပ်ဟွမ်းသည် ကျောင်းကရရှိတော့မည့်ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုအား ပျောက်ကွယ်မသွားစေလိုသောကြောင့် ဤပြဿနာအား ဖြစ်နိုင်သမျှဖြေရှင်းလို၏။ယခုအသွင်အပြင်မှာ လှပသောမူလကယောကျ်ားလေးရုပ်ရည်နှင့် တစ်ခြားစီဖြစ်နေသည့်ဆေးရုံကုတင်ပေါ်တွင်လှဲနေသောမိုတိအားကြည့်၏။
“ကျောင်းသားလေး ဒီအကြိမ်ရန်ဖြစ်ကြတာကတအားဆိုးရွားတယ်။ဆရာတို့အခြေအနေကိုသိဖို့လိုတယ်။မင်းတို့ဘာလို့ရန်ဖြစ်ကြတာလဲ?” 

၎င်းကတစ်ဖက်သတ်အနိုင်ကျင့်မှုဟုမယုံပါခေျ။အချင်းပွားမှုတစ်ခုဖြစ်ရန်လူနှစ်ယောက်လိုအပ်၏။ဤကောာင်လေးသည် မိုမိသားစု၏သခင်ငယ်လေးဖြစ်ကြောင်းမှတ်မိ၏။သူ့အကြောင်းကောလဟာလများသည်မကောင်းမွန်ပေ။သူ၏ပင်ကိုယ်စရိုက်နှင့်ပက်သက်၍ တစ်ခုခုမှားနေလိမ့်မည်။ဤကိစ္စကိုအမြစ်ထိတူးဆွရန်စီစဥ်လိုက်လျှင် ဒါရိုက်တာမုနှင့်ပြန်လည်ပြေလည်၍သဘောထားတစ်ခုပြုလုပ်နိုင်လိမ့်မည်။ထို့အပြင် နှစ်ဖက်လုံးမှားယွင်းလျှင် ကျောင်းအကြမ်းဖက်မှုမဆိုင်နိုင်ဘဲ ရိုးရှင်းသောအချင်းပွားမှုသာဖြစ်၏။

ပိုပြောရလျှင် သူတို့၏နိုင်ငံတကာရှားကျကျောင်း၏အခြေအနေသည် အမြဲတစေကောင်းမွန်၍ ဤမတိုင်မီကတခြားသောကျောင်းအကြမ်းဖက်မှုမရှိခဲ့ဖူးပေ။ထို့ကြောင့် ဤမိုတိသည်အမှန်တကယ်ဆိုးရွားသောကိစ္စကိုလုပ်ခဲ့ခြင်းဖြစ်မည် မဟုတ်လျှင် အဘယ့်ကြောင့်သူသည်သာအနိုင်ကျင့်ခံရပြီး တခြားမည်သူမှအနိုင်ကျင့်မခံရသနည်း။

အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]Where stories live. Discover now