Chapter-15

2.6K 521 12
                                    

[Unicode]ဘန်း!

လိုက်ကာစကို အားဖြင့်ပိတ်လိုက်ပြီးနောက်တွင် လက်မောင်းက စားပွဲအစွန်းနှင့်တိုက်မိပြီး ရှည်လျားသောသွေးစွန်းကြောင်းတစ်ခုက ချွန်ထက်သော သစ်သားပေါ်တွင် ပေါ်လာ၏။

နှလုံးသည်းပွတ်အခြေမှ ပေါ်ထွက်လာသော အလွန်ပြင်းထန်သောတုန်လှုပ်မှုနှင့် တစ်စတစ်စမြင့်တက်လာသော အကြောက်တရားက သူ၏အာရုံကြောများကို ထုံထိုင်းစေပြီး နာကျင်မှုကို လုံးဝမခံစားလိုက်ရရုံသာ။

ခေါင်းတစ်ခုလုံးတွင် ပြတင်းပေါက်အပြင်ဘက်ရှိ မြင်လိုက်ရသော အမျိုးသားဖြင့်သာပြည့်နေ၏။လမ်းမီးရောင်အောက်တွင် အမျိုးသား၏မျက်နှာအသွင်အပြင်က ရှင်းရှင်းလင်းလင်း တောက်ပနေသည်။ငယ်ရွယ်၊ချောမောပြီး အချိုးအစားကျသောမျက်နှာရှိသော်လည်း ထင်ရှားသောမျက်ခုံး၊မျက်လုံးများကြောင့် ခက်ထန်ပုံပေါ်၏။လက်ဝဲဘက်ရှိ နားပေါ်မှ သင်္ကေတသဖွယ် နားကပ်  … အမှတ်မှားဖွယ်မရှိ ထိုလူမှာ မိုလျှိုကွေ့အား မြင်မြင်ချင်းချစ်ကျွမ်းဝင်၍ သူမသည်သာ သူ့ဘဝဟု အခိုင်အမာဆိုခဲ့သူ ချင်ချန်းရီ!!!
T/N : တစ်နည်းအားဖြင့် ဇာတ်လိုက်အမျိုးသား။

မိုတိ၏ခြေ၊လက်များသည် အေးစက်နေသော်လည်း သတိလက်လွတ်မဖြစ်သွားပေ။ကိုယ့်ကိုကိုယ်ပြန်တည်ဆောက်ရန် အချိန်တစ်ခုယူလိုက်ပြီးနောက် အသက်ပြင်းပြင်းရှုလိုက်၏။

နေရပ်လိပ်စာအား သိသွားကြပြီဖြစ်သော်လည်း ယခုချက်ချင်းတစ်ခုခုဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်။သို့သော်လည်း ချင်ချန်းရီ၏ ယနေ့ ဤနေရာကိုရောက်လာရသည့်အကြောင်းရင်းသည် သူဖြစ်ကြောင်း ပြောနိုင်၏။

တကယ်တမ်းတွင် ချင်ချန်းရီသည် မြို့တော်၏ အထက်တန်းအကျဆုံးနေရာတွင် နေရသည်ကိုသာ နှစ်သက်၏။'နိမ့်ကျသော'ပတ်ဝန်းကျင်မှ အဆင့်အတန်းနိမ့်သည့်သူများနှင့် ဆက်ဆံရသည်ကို မုန်းတီး၏။သူ၏မျက်လုံးထဲတွင် ဆင်းရဲပြီး ညစ်ပတ်စုတ်ချာလှသော ရပ်ကွက်ဖြစ်သည့်
ဤသို့သော ဆင်ခြေဖုံးရပ်ကွက်ဆီသို့ အကြောင်းအရင်းမရှိဘဲ ဘယ်သောအခါမှ ခြေချမည်မဟုတ်။ 

အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]Where stories live. Discover now