Chapter-13

3K 609 29
                                    

[Unicode]လတ်တလောတွင် မိုတိသည် မကျေမနပ်ဖြစ်နေ၏။

ကျောင်းဂိတ်ဝတွင် အချိန်ပြည့်စောင့်နေသော မိုဝုဟန်းနှင့် အိမ်ပြန်လာရန် နားအပူကပ်နေသော မိုလျှိုကွေ့အပြင် တလောက မတော်တဆတွေ့ခဲ့သော  အလယ်တန်းကျောင်းသား ကုရန်ကျူကရှိသေးသည်။ဆောက်တည်ရာမရသည်အထိ ဒေါသူပုန်ထပြီး ဘေးဘက်ဂိတ်ဝများ၊ကျောင်းဝင်‌ပေါက်နှင့် ကျောင်းလမ်းကြားများတွင် တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသော ဟန်ပန်ဖြင့် ဝပ်၍ မိုတိအားစောင့်‌နေ၏။

အမှန်တကယ်စိတ်မရှည်ဖြစ်လာသည်အထိ မိုတိတစ်ယောက်ဆက်လက်ပုန်းအောင်းနေရလိမ့်မည်။

သို့သော် ခြုံငုံ၍ပြောရမည်ဆိုလျှင် ထိုသုံးယောက်ကြားတွင် ကုရန်ကျူသည် မုန်းတီးစက်ဆုပ်စရာမကောင်းဆုံးသူပင်။အဘာ်ကြောင့်ဆိုသော် အရင်ဘဝတွင် မိုလျှိုကွေ့နှင့် ချင်ချန်းရီတို့ ပေါင်းစည်းပြီးသည့်နောက် ဤကောင်စုတ်လေးက နိုင်ငံခြားသို့ထွက်သွားခဲ့၏။ထို့ကြောင့် မိုတိအား စိတ္တဇ‌ဆေးရုံတွင် အပိတ်ခံရ‌စေသည့် ‘အဆင်းအကျပ်နှိမ်နှင်းရေး’ တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။

သို့သော် ဤသည်က ကုရန်ကျူအား သည်းခံလိမ့်မည်ဟုမဆိုလိုပေ။တကယ်တမ်းတွင် နိုင်ငံခြားမထွက်ခင်က မိုတိ၏စီးပွား‌ရေးအဆက်အသွယ်အမြောက်အများအား စိတ်လိုက်မာန်ပါဖျက်ဆီးကာ ဒုက္ခပေးခဲ့သေးသည်။ကုရန်ကျူအား အလွန်အကျွံ မမုန်းတီးသော်လည်း ထင်မြင်ချက်ကောင်းတော့ လုံးဝမရှိ။ 

စာအုပ်ထဲမှမှတ်မိသလောက်ဆိုရလျှင် ကုရန်ကျူသည် ဇာတ်သိမ်းမလှခဲ့ပေ။ဤတတိယအမျိုးသားဇာတ်လိုက်သည် အပိုင်းပိုတွင် အသတ်ခံခဲ့ရ၏။မိုလျှိုကွေ့အား အစဉ်ချစ်ခင်၍ တစ်သက်တာစောင့်ရှောက်ရန် ဆုံးဖြတ်ထားသည့် တခြားအမျိုးသားဇာတ်လိုက်များနှင့်မတူသောကြောင့် စာဖတ်သူများက သူ့အပေါ်မကျေမနပ်ဖြစ်သွားခြင်းကြောင့် ဖြစ်ပုံပေါ်သည်။ပြီးလျှင် မတော်တဆမှုတစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့သည်ဟု ရေးထား၏။ 

ထိုအပိုင်းအကြောင်းစဉ်းစားမိလိုက်သည့်အခါ မိုတိသည် ရွဲ့တဲ့တဲ့သာခံစားရ၏။မိုတိကဲ့သို့ ‘ရက်စက်သည့်ဗီလိန်’ပုံစံမျိုးရှိသူများ သေလမ်းသို့ရောက်ရုံသာမက လုံလုံလောက်လောက်မပေးဆပ်ခဲ့သော အနှီထောက်ပံ့သူများလည်း ဇာတ်သိမ်းကောင်းကောင်းနှင့် မထိုက်တန်ပုံပေါ်၏။ 

အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]Where stories live. Discover now