CHAPTER 39 - Baby, I'm a rascal

10.9K 1.6K 167
                                    

Unicode

စတုတ္ထသခင်ကြီးကအဲ့လိုပြောတာကိုကြားတော့ သက်လတ်ပိုင်းအရွယ်လူကြီးကရယ်ပီးပြောလိုက်တယ် "စစ်ရဲယ်ကအဲ့တိုင်းတော့ပြောလို့မရပါဘူး သခင်လေးနှစ်ယောက်ကငယ်သေးလို့ကာ နောက်ပိုင်းကျသူတို့ကကြီးပွားအောင်မြင်လာမှာပါ"

"မင်းကအဲ့ဒီငနာကောင်လေးတွေဘက်ကဘဲ" သူကအဲ့တိုင်းပြောနေပေမဲ့လဲ သူ့အပြုံးတွေကတော့လျော့မသွားဘူး။ သဘာဝကျကျပဲသူကသူ့မြေးတွေချီးကျူးခံရတော့ပျော်နေမှာပေါ့။

စုန့်ရီလဲလိုက်ပြုံးလိုက်တယ်။ စတုတ္ထသခင်ကြီးရှန်းက ပျော်တတ်တဲ့စိတ်ထားမျိုးရှိပီး ထင်ထားတာထက်ပိုပီးပေါင်းသင်းရလွယ်တယ်လို့တွေးမိတယ်။

ရှန်းစစ်ရဲယ်ကမေးငေါ့ပြတော့ သက်လတ်​ပိုင်းလူကြီးကနားလည်စွာနဲ့ စားပွဲကို​သုတ်လိုက်ပီး စုန့်ရီကိုလက်ဖက်ရည်ခွက်လေးရိုရိုသေးသေးကမ်းပေးလာတယ် "သောက်ကြည့်ကြည့်ဒါကဖရဲသီးအစိတ်လေးတွေနဲ့လုပ်ထားတာ ဒီနှစ်အတွက်လက်ဖက်ရည်ပွဲအသစ်ပဲ"

စုန့်ရီကဒီထဲမှာဘာတွေပါဝင်လဲဆိုတာမသိပေမဲ့ တစ်ငုံသောက်လိုက်ကြည့်လိုက်တော့ ပါးစပ်ထဲမှာမွှေးပျံ့သွားတယ် "လက်ဖက်ရည်အတွက်ကျေးဇူးပါ စစ်ရဲယ်"

ရှန်းစစ်ရဲယ်ကစားပွဲပေါ်ကိုလက်ညှိုးထိုးပြတယ် "အခုခေတ်လူငယ်လေးတွေများအရမ်းစိတ်မြန်လက်မြန်ရှိကြတာပဲ လက်ဖက်ရည်ဆိုတာ ဖြည်းဖြည်းလေးအရသာခံပီးသောက်ရတာ မင်းကမြန်မြန်ကြီးသောက်လိုက်တော့ လက်ဖက်ရည်ရဲ့အနံ့အရသာကိုဘယ်လိုသိတော့မလဲ"

စုန့်ရီကအမြဲတမ်းအရေးတကြီးနဲ့အလုက်လုပ်နေရတာဆိုတော့ လက်ဖက်ရည်သောက်ဖို့အချိန်မရှိခဲ့ဘူး။ သူကလက်ဖက်ရည်ပွဲအခမ်းအနားတွေအကြောင်းအများကြီးမသိဘူး။ ဒါပေမဲ့သူကဘယ်အချိန်မှာဘာကိုပြောရမလဲ​ဆိုတာကောင်းကောင်းသိတယ် "ကျွန်တော်တော့စစ်ရဲယ်ရဲ့ရယ်စရာဖြစ်တော့မယ် နောက်တစ်ခါလက်ဖက်ရည်အခမ်းအနားကျရင်ကျွန်တော်စစ်ရဲယ်အတွက်လက်ဖက်ရည်ငှဲ့ပေးပါ့မယ် အားလုံးကိုတော့စစ်ရဲယ်ဆီကအကြံဉာဏ်ယူမှဖြစ်မယ်ထင်တယ်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now